Main menu

Background

အရန်ပဲတန်ချိန်ငါးသိန်းအား ယခုဘဏ္ဍာနှစ်ကုန်အတွင်း အိန္ဒိယအစိုးရက အပြီးဖြန့်ဖြူးရောင်းချမည်

Fri, 12/01/2017 - 13:50 -- journal_editor

အရန် သိုလှောင်ထားသည့် ပဲတန်ချိန် ၁၈ သိန်းအား ဖြန့်ဖြူးရောင်း ချရေးအတွက်   အိန္ဒိယဝန်ကြီးချုပ်ဦး ဆောင်သည့် စီးပွားရေးရာကက်ဘိ နက်ကော်မတီ  (CCEA) သည်  ပြီးခဲ့ သည့်ရက်သတ္တပတ်က ဆွေးနွေးမှု များ ပြုလုပ်ခဲ့ရာ ပဲနီကလေး(lentils)တန်ချိန် ငါးသိန်းခန့်အား ၂၀၁၈ ခုနှစ်၊ မတ်လ၌ အပြီးထုတ်ရောင်းရန် ဗဟိုအစိုးရအနေ ဖြင့် လျာထားသည်ဟု စားနပ်ရိက္ခာ ဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦး က နိုဝင်ဘာလ ၁၃ ရက်က  ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
        အဆိုပါဆွေးနွေးပွဲတွင် နေ့လယ် စာအစီအစဉ် (Midday Meal) ကဲ့သို့ သော ဗဟိုအစိုးရက ဖော်ဆောင်နေသည့် အစီအစဉ်များနှင့် ပြည်နယ်အစိုး ရများနှင့်နိုင်ငံပိုင်အဖွဲ့အစည်းများက ဖော်ဆောင်နေသည့်   အစီအစဉ် များအတွက် အရန်သိုလှောင်ထားသည့် ပဲတချို့တစ်ဝက်အား ဖြန့်ဖြူးပေးရန် CCEA က အတည်ပြုခဲ့ကြောင်း၊ ယင်း အတည်ပြုချက်ကြောင့်  ယခုဘဏ္ဍာနှစ် ကုန်တွင် ၎င်းတို့  သိုလှောင်ထားသည့် အရန်ပဲတန်ချိန် ၃ ဒသမ ၅ သိန်းမှ ငါးသိန်းထိ အနည်းဆုံးကုန်သွားမည်ဖြစ် ကြောင်း၊ ထို့ပြင်အရန်ပဲများမှ အချို့အား သက်သာဆိုင်များမှတစ်ဆင့် ဖြန့် ဖြူးရောင်းချရန် ပြည်နယ်အစိုးရ အချို့ ထံထောက်ပံ့ကြေး နှုန်းထားများဖြင့် ပေးပို့ထားပြီးလည်း   ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ပဲလို အပ်မှုအခြေအနေများအား  ပေးပို့ရန် ကိုလည်း တောင်းခံထားကြောင်း၊ နိုင်ငံ အတွင်းဖော်ဆောင်နေသည့် Midday Meal scheme တစ်ခုတည်းကပင် နှစ် စဉ်  ပဲတန်ချိန် ငါး သိန်းခန့်လိုအပ်မည် ဖြစ်ကာ Aganwadis အစီအစဉ်အတွက်လည်း ပဲတန်ချိန် သုံးသိန်းခန့်နှစ်စဉ် လိုအပ်မည်ဟုခန့်မှန်းကြောင်း၊ သို့ဖြစ်၍ လာမည့်ဘဏ္ဍာနှစ်တွင် အဆိုပါ အစီအစဉ်နှစ်ခုအတွက် အရန်ပဲများမှ တန်ချိန်ရှစ်သိန်း ခန့်ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ရာ လက်ရှိဖြစ်ပေါ်နေသည့် ဗဟိုအစိုးရ၏ ဝန်ထုပ်ဝန်ပိုးကိုလျော့နည်း သက်သာစေမည်ဟု ပြောကြားထား ကြောင်း သိရှိရပါသည်။ လယ်သမားများအနေဖြင့်  ၎င်းတို့၏  ထွက်ကုန်များအတွက်  ဈေး ကောင်းရရှိစေရန်နှင့်  ပြည်တွင်းဈေး နှုန်းများမြင့်တက်လာချိန်တွင် ဈေးနှုန်း ထိန်းညှိပေးနိုင်ရေးအတွက်  အရန်ကုန်စည်များအား  အသုံးပြုနိုင်ရန် ရည်ရွယ်ချက်တို့ဖြင့်  အရန်ပဲများထားရှိရန် ပြီးခဲ့သည့်နှစ်တွင်  အစိုးရကဆုံးဖြ တ်ခဲ့ကာ အဆိုပါအရန်ပဲတန်ချိန်သိန်း၂၀ ခန့်အား ပြည်တွင်းမှဝယ်ယူခြင်း၊ ပြည်ပ မှတင်သွင်းခြင်းတို့ဖြင့် ဖြည့်တင်းထားခဲ့ကြောင်း သိရှိရပါသည်။ 

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့