Main menu

Background

သီးနှံများအတွက် သင့်တင့်သည့်ဈေးနှုန်းများရရှိရန်နှင့် စိုက်ပျိုးရေးချေးငွေများအား သက်သာခွင့်ပေးရန် ဒေလီမြို့၌ တောင်သူလယ်သမားများက ဆန္ဒပြတောင်းဆို

Wed, 12/06/2017 - 14:05 -- journal_editor

      အိန္ဒိယနိုင်ငံတစ်ဝန်းမှ ထောင်ပေါင်းများစွာသော လယ်သမားများသည် စိုက်ပျိုးသီးနှံများအတွက် သင့်တင့်သည့်ဈေးနှုန်းရရှိရေးနှင့် ၎င်းတို့ရယူထားသည့် စိုက်ပျိုးရေး ချေးငွေများ သက်သာခွင့်ပေးရေးအတွက် မြို့တော်ေ ဒလီ၌ နိုဝင်ဘာလ ၂၀ ရက်တွင် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရှိရ ပါသည်။ ပြည်နယ်ပေါင်း ၂၅ ပြည်နယ်မှ အဖွဲ့ဝင်များစုစည်းထား သည့် တောင်သူလယ်သမားကိုယ်စားလှယ် အဖွဲ့သည် ကျေး လက်ဒေသတွင် ရင်ဆိုင်နေရ သည့် ဆင်းရဲဒုက္ခများကို အဆုံးသတ်ပေးရန် ဝန်ကြီးချုပ်နရိန္ဒရာမိုဒီထံ မေတ္တာရပ်ခံတောင်းဆိုခဲ့ကြောင်း၊ ထို့ပြင်တောင်သူလယ်သမားသမဂ္ဂပေါင်း ၁၈၄ ခု ကိုပေါင်းစည်းထားသည့် All India Kisan Sangharsh Coordination Committee (AIKSCC) ကလည်း နိုင်ငံ အတွင်းရှိ တောင်သူလယ်သမားများ၏   လိုလားချက်များ အနက် အနည်းဆုံးနှစ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ဥပဒေ များအား စဉ်းစားထုတ်ပြန်ပေးစေလိုသည်ဟု  ဝန်ကြီးချုပ်မိုဒီ ထံ အိတ်ဖွင့်စာတစ် စောင်ပေးပို့၍ တောင်းဆိုခဲ့ကြောင်း သိရှိ ရပါသည်။
        တောင်သူလယ်သမားများအနေ ဖြင့် ၎င်းတို့၏စိုက်ပျိုး ရေးထွက်ကုန်များအတွက် သင့်တင့်ကောင်းမွန်သော ဈေးနှုန်းများရရှိခံစားနိုင်ရေးအတွက် အစိုးရက ဥပဒေအရတရား ဝင်ထုတ်ပြန်ပေးစေလိုကြောင်း၊ ထိုသို့ဈေး ကောင်းများရရှိနိုင်ရန်အတွက် အစိုးရအနေဖြင့်  ပိုမိုမြင့်မားသည့်ဈေးနှုန်းများ ဖြင့် ပမာဏများများဝယ်ယူခြင်း၊ သင့်တင့်သည့်ကုန်သွယ်ရေး မူဝါဒများချမှတ်ခြင်း၊  သတ်မှတ်သည့်အနိမ့်ဆုံး အထောက် အကူပြုဈေးနှုန်း (MSP) များအောက်လျှော့၍ ဝယ်ယူသည့် ကုန်သည်များအား အရေးယူခြင်းတို့ဖြင့် ဆောင်ရွက်စေလို ကြောင်း အဆိုပါအိတ်ဖွင့်ပေးစာတွင် ဖော်ပြပါရှိကြောင်း သိရှိ ရပါသည်။ အိန္ဒိယနိုင်ငံ၌ ၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ်များ၌ နှစ်နှစ် ဆက် တိုက် မိုးခေါင်ခဲ့သည့်အတွက် လယ်သမားများ၏ ဝင်ငွေ အပေါ် ထိခိုက်မှုများရှိခဲ့ပြီး အကြွေးဝန်ပိခဲ့သည့်အခြေအနေ များကို ရင်ဆိုင်ခဲ့ရကြောင်း၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် မုတ်သုံရာသီ ပုံမှန်ဖြစ်လာသည့်အတွက် သီးနှံ များအထွက် ကောင်းခဲ့သော်လည်းစိုက်ပျိုးရေးထွက်ကုန်သီးနှံဈေးနှုန်းများ မှာ နှစ်နှစ်ဆက်တိုက်နိမ့်ကျနေခြင်းကြောင့် မြို့တော်ဒေလီ၌ တောင်သူလယ်သမား များ ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့