Main menu

Background

ဝါဖျက်ပိုးများ ကျရောက်ခဲ့သည့်အတွက် အိန္ဒိယနိုင်ငံ၏ဝါတင်ပို့မှု ကျဆင်းနိုင်ဖွယ်ရ

Tue, 12/12/2017 - 12:04 -- journal_editor

       အိန္ဒိယနိုင်ငံရှိ ဝါစိုက်ခင်းများတွင် ဝါဖျက်ပိုးများကျ ရောက်ခဲ့သည့်အတွက် ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ဝါဂွမ်း တင်ပို့မှုမှာ ယခင်ခန့်မှန်းထားသည့် ပမာဏအောက်ငါးပုံ တစ်ပုံခန့် လျော့နည်းဖွယ်ရှိသည်ဟု တာဝန်ရှိသူ များက နိုဝင် ဘာလ ၂၃ ရက်တွင် ပြောကြားလိုက်ကြောင်း သိရှိရပါသည်။ကမ္ဘာ့ဝါဂွမ်းအများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်သည့်  အိန္ဒိယနိုင်ငံ၏  ဝါတင်ပို့နိုင်မှုကျဆင်းပါက ပါကစ္စတန်၊  တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ အပါ အဝင်အာရှဝယ်လက် များသို့  အမေရိကန်၊  ဘရာဇီးနှင့်  သြစတြေးလျ နိုင်ငံတို့မှ ဝါဂွမ်းတင်ပို့မှု မြင့်တက်လာနိုင်ကြောင်း၊ ယခုနှစ်တွင် အိန္ဒိယ၏ ဝါဂွမ်းတင်ပို့မှုပမာဏမှာ ၁၅၀ ကီလိုဂရမ်ရှိ ဝါဂွမ်းဘေ ထုပ်ပေါင်း ခြောက်သန်း ဝန်းကျင်ခန့်ရှိမည်ဟု   ခန့်မှန်း ကြောင်း၊  အစောပိုင်းကမူ ဝါဂွမ်းဘေထုပ်ပေါင်း ၇ ဒသမ ၅ သန်းခန့် တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်ဟု ဝါဂွမ်းထိပ် တန်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက  ပြောကြားထားကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံ၌ ဝါစိုက်ဧကမှာ ယခုနှစ်တွင် ၁၉ ရာခိုင် နှုန်းခန့်မြင့်တက်ခဲ့သည့်အတွက် ၂၀၁၇-၁၈ သီးနှံရာသီတွင် ဝါဂွမ်းဘေထုပ်ပေါင်း သန်း ၄၀ ခန့်ထုတ်လုပ်နိုင်မည်ဟု ခန့် မှန်းထားကြောင်း၊သို့ရာတွင် ယခုအခါ ဝါဖျက်ပိုးများ ကျ ရောက်ခဲ့သည့်အတွက်  နိုင်ငံ၏ ဝါပို့ကုန်ပမာဏသာမက ဝါထုတ်လုပ်မှု ခန့်မှန်းပမာဏကိုလည်း လျှော့ချခဲ့ပြီး ဘေထုပ် ပေါင်း ၃၇ ဒသမ ၅ သန်းသာ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်း ထားကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့