Main menu

Background

တရုတ်နိုင်ငံ၏စီးပွားရေး မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးရေးကဏ္ဍနှင့် လုပ်ငန်းငယ်များအား အခွန်နှုန်းလျှော့ချသွားမည်

Tue, 12/12/2017 - 12:11 -- journal_editor

         တရုတ်နိုင်ငံ၏ စီးပွားရေး မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးရေးကဏ္ဍနှင့် စီးပွားရေးလုပ်ငန်းငယ်များ စရိတ်သက်သာစေရန် ရည်ရွယ်လျက် အခွန်နှုန်းများ လျှော့ချခြင်းဖြင့် မက်လုံးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ လစဉ်ရောင်းအား ယွမ်နှစ်သောင်းနှင့် သုံး သောင်းကြားသာရှိသော  အသေးစားလုပ်ငန်းများ အား လာမည့်နှစ် နှစ်စမှ ၂၀၂၀ ထိ ထပ်တိုးတန်ဖိုး ခွန် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။
၎င်းင်းအပြင် ဘဏ္ဍာရေး အဖွဲ့အစည်းများမှ ငွေချေးယူသော လုပ်ငန်းများအနေဖြင့် တံဆိပ် ခေါင်းခွန်ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုမည် ဖြစ်သည်။ ၎င်းအပြင် အသေးစား စီးပွားရေးလုပ်ငန်းများနှင့်  တောင်သူအိမ်ထောင် စုများအား ငွေချေးငှားသော ဘဏ္ဍာရေးအဖွဲ့အစည်းများကို အတိုးရရှိငွေအပေါ်တွင် အခွန်ကောက်ခံခြင်းအား ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် နှစ်ကုန်အထိ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
      တရုတ်ဘဏ်လုပ်ငန်း ကြီးကြပ်ရေးကော် မရှင်၏ အချက်အလက်များအရ ဇွန်လကုန်တွင် စိုက်ပျိုးရေးကဏ္ဍသို့ထုတ်ချေးခဲ့သော ချေးငွေ ပေါင်းယွမ် ထရီလီယံ ၃၀ သို့ရောက်ရှိခဲ့ပြီး ယမန် နှစ်ထက် ၉ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အသေးစားလုပ်ငန်းများသို့ ချေးငွေမှာ ယွမ် ၂၈ ဒသမ ၆ ထရီလီယံရှိခဲ့ပြီး  ၁၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အစိုးရ၏ အသေးစားစီးပွားရေး လုပ်ငန်း များနှင့် စိုက်ပျိုးရေးကဏ္ဍအား စရိတ်လျှော့ချနိုင် ရေးအတွက် အခွန်နှုန်းလျှော့ချသည့် မူဝါဒများ ချ မှတ်ရခြင်းမှာ တိုင်းပြည်၏ အမှန်စီးပွားရေးပိုမို ဖွံ့ဖြိုးတိုးတက်စေရန် ငွေရေးကြေးရေး  အရင်း အနှီးများ စွမ်းဆောင်ရည်ပြည့်ဝစွာ ချေးငှား ထောက်ပံ့နိုင်ရေး ရည်မှန်းချက်အား အထောက် အကူပြု ထင်ဟပ်စေမည်ဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီးကလည်း ခေတ်သစ် စတိုင်ဖြင့် လက်ရှိအခွန်စနစ်အား ပြုပြင်ပြောင်းလဲရန် လမ်းပြမြေပုံဖော်ပြသည့် ဆောင်းပါးအား ရေးသားခဲ့သည်။ပြုပြင်ပြောင်းလဲရေးတွင် အိမ်ခြံမြေခွန် ပါဝင်ပြီး အဆိုပါအခွန်မှာ စီးပွားဖြစ်အဆောက်အအုံ၊ စက်မှုဆိုင်ရာ အဆောက်အအုံနှင့် ပုဂ္ဂလိက လူနေအိမ်ရာ၏  အခြေပစ္စည်းတန်ဖိုးပေါ်တွင် မူတည်ကောက်ခံသွားမည်ဖြစ်ကြောင်း  သိရှိရပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ ဟောင်ကောင်မြို့