Main menu

Background

စားသောက်ကုန်ပို့ကုန်ဆိုင်ရာ ကန့်သတ်ချက်များသတ်မှတ်ခြင်းအား WTO သို့ ကြိုတင်ကြေညာရန် တိုက်တွန်းကြောင်းအဆိုကို အိန္ဒိယကန့်ကွက်

Tue, 12/19/2017 - 15:27 -- journal_editor

         WTO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စားသောက်ကုန်ပစ္စည်းများ တင်ပို့မှုအပေါ် သတ်မှတ်ပြဋ္ဌာန်းမည့် မည်သည့်ကန့်သတ်ချက်မျိုးကိုမဆို WTO သို့  ကြိုတင်အသိပေးအကြောင်းကြားရန် လိုအပ် ကြောင်း အဆိုကိုစင်ကာပူ က တင်သွင်းခဲ့မှုအပေါ် အိန္ဒိယက ကန့်ကွက်လိုက်ပြီး ထိုသို့ကြိုတင်အသိပေးခြင်းသည် လက်တွေ့ကျခြင်း မရှိဘဲ ယတိပြတ်ဆောင်ရွက်ရသည့် ပို့ကုန်ကန့်သတ်ချက် ပြဋ္ဌာန်းခြင်းကို လျော့ရဲစေနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ အိန္ဒိယသည် ပြည်တွင်းဈေးကွက်၌ ကုန်စည်ပြတ်လပ်သည့်အခါများတွင် ဈေးနှုန်းထိန်းညှိရန်အတွက် စားသောက်ကုန်ပစ္စည်းတင်ပို့မှုများကို တစ်ခါတစ်ရံ တားမြစ်ကန့်သတ်လေ့ရှိရာ စင်ကာပူမှ ယခုတင်ပြသည့် အဆိုပြုချက်မှာ ယခုဒီဇင်ဘာလ ၁၀ ရက်မှ ၁၃ ရက် တွင် ဗျူနိုအေရီစ်မြို့၌ ကျင်းပမည့်အရေးပါသည့် WTO ဝန်ကြီးအဆင့် အစည်းအဝေးမတိုင်မီ အချိန်ကပ်၍ တင်ပြလာခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ကုန်စည်များ ပြတ်လပ် ချိန် သို့မဟုတ် ဘေးကျပ်နံကျပ်ဖြစ်ချိန် တစ်ခါတရံတွင်သာထိုကဲ့သို့သော ကန့်သတ်ချက်များကို ရည်ရွယ်ချက်ရှိရှိနှင့် သတ်မှတ်ရခြင်းဖြစ်ရာ ကြိုတင်အသိပေးကြေညာချက်ကြောင့် မူလရည်ရွယ်ချက်ကို  မှေးမှိန်လျော့ပါးစေနိုင် သည့် အတွက် အိန္ဒိယအနေဖြင့် မည်သည့်ပို့ကုန် ကန့်သတ်ချက်ကိုမျှ ကြို တင်အသိပေးကြေညာခြင်းမပြုနိုင်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။ဂျပန်နှင့်အစ္စရေးတို့ကလည်း WTO အဖွဲ့ဝင်နိုင်ငံများ အနေ ဖြင့် ပို့ကုန်ကန့် သတ်ချက်များအား ရက် ၃၀ ကြိုတင်ကြေညာရန်နှင့် ယင်းသို့ သတ်မှတ်ရခြင်းအပေါ် အကျိုးအကြောင်းများဖော်ပြပေးရန် လိုလားကြောင်း၊ အိန္ဒိယသည် ပြီးခဲ့သည့်ကာလများတွင် ပို့ကုန် လျှော့ချရန်နှင့် ပြည်တွင်း၌ ကုန်စည် ရရှိနိုင်မှု တိုးတက်များပြားလာ စေရန်အတွက် အများအားဖြင့် ကြက်သွန်၊ ဂျုံ၊ ဆန်၊ အာလူးနှင့် စားသုံးဆီတို့ကဲ့သို့   မရှိမဖြစ်ကုန်စည်များအပေါ် အနိမ့်ဆုံးပို့ကုန် ဈေးနှုန်း (Minimum Export Price) သတ်မှတ်ခဲ့ကြောင်း၊ ယင်း သို့ ကန့်သတ်ခြင်းသည် WTO ၏ လက်ရှိစံနှုန်းများအရ စားသောက်ကုန် အသားတင် တင်ပို့သည့် နိုင်ငံတစ်နိုင်ငံအဖြစ် အတည်ပြုရန် မရှိ မဖြစ်ရှိရမည့် လိုအပ်ချက်များနှင့် ပြောင်းပြန်ဖြစ်နေသကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံ အနေဖြင့် စားသောက်ကုန်အသားတင် တင်သွင်း  သည့် နိုင်ငံတစ်နိုင်ငံအဖြစ် မှန်ကန်ကြောင်း  အချက်အလက်များ ထောက်ပံ့ရန် လိုအပ်ချက်ကိုလည်း ဆန့်ကျင်နေသည်ဟု ထောက်ပြ ပြောဆိုထားကြောင်း သိရှိရပါသည်။
       အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပို့ကုန်ကန့်သတ်ချက်များ အပါအဝင် ပမာဏကန့်သတ်ချက်အတိုင်းအတာများ အသုံးပြုခြင်းအပေါ် WTO ကတားမြစ်ထားသော်လည်း အလွန့်အလွန် အကန့်အသတ်ရှိနေသည့် အခြေအနေမျိုး၌ ထုတ်ပြန်အသုံးပြုနိုင်ကြောင်း၊ သို့ရာတွင် ယင်းသို့သော ကန့်သတ်ချက်များမှာ မရှိမဖြစ်ကုန်စည်များအတွက် နှင့် ယာယီကာလအတွက်သာ သတ်မှတ်ထုတ်ပြန်နိုင်ကြောင်း သိရှိရပါသည်။ ယခုအဆိုပြုချက်သည် အဖွဲ့ဝင်နိုင်ငံ များ၏  ပြည်တွင်းထုတ် စားသောက်ကုန် ကုန်စည်များအပေါ် ပြောင်းလဲပြင်လွယ်ရှိမှုနှင့် ထိန်းချုပ်မှုတို့ကို ကန့်သတ်ရန် ကြိုးစားသည့် စင်ကာပူ၏ဒုတိယ မြောက် အဆိုပြုလွှာဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်ကလည်း ပွင့်လင်း မြင် သာမှု တိုးတက်စေရေးအမည်ဖြင့် စားသောက်ကုန်များ တင်ပို့မှုအပေါ် ကန့်သတ်ချက်များအား တားမြစ်ကြောင်း စာတမ်းတစ်စောင်ကို အဆိုပြုခဲ့ကြောင်း၊ စင်ကာပူသည် အခြားနိုင်ငံများ ကိုယ်စား အိန္ဒိယကို ပစ်မှတ်ထားနေပြီး လက်ရှိတွင် ပို့ကုန်ခွန်များ၊ ကန့်သတ် ချက်များအပေါ် မည်သို့မျှသတ်မှတ်ထားခြင်း မရှိသည့်အတွက် စည်းကမ်းအချို့ဖြင့် အိန္ဒိယနိုင်ငံအား စည်းနှောင်ရန် ကြိုးစားနေ ခြင်းဖြစ်သည်ဟု ဂျဝါဟလာနေရူးတက္ကသိုလ်မှ  စီးပွားရေး ပညာ လေ့လာရေးနှင့် စီမံကိန်းစင်တာ၏ ပါမောက္ခဖြစ်သူ Biswajit Dhar က သုံးသပ်ပြောကြားခဲ့သည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့