Main menu

Background

ဗီယက်နမ်နိုင်ငံ၏ အီးကောမတ်စ်ကဏ္ဍကို ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားလာ

Tue, 12/19/2017 - 15:32 -- journal_editor

      ဗီယက်နမ်နိုင်ငံ၏ အီးကောမတ်စ်ကဏ္ဍသည် ဈေးကွက်အရွယ်အစား သေးငယ်သော်လည်း ကမ္ဘာ့တစ်ဝန်း အီးကောမတ်စ်ကဏ္ဍဖွံ့ဖြိုးမှုအရှိဆုံး နိုင်ငံများစာရင်းတွင် ပါဝင်လျက်ရှိကြောင်း ကမ္ဘာ့နိုင်ငံအသီးသီး၏ အီးကော မတ်စ်လုပ်ငန်းများ အကြောင်းကို လေ့လာထားသည့် Kantar Worldpanel အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ The Future of E-commerce in FMCG (fast moving consumer goods) အစီရင်ခံစာကို ကမ္ဘာ့တိုက်ကြီး သုံးတိုက်ရှိ အဓိကနိုင်ငံများ၌ရှိ သော အီးကောမတ်စ်လုပ်ငန်းစုစုပေါင်း ၅၀၀၀၀၀ ကျော်၏ဝယ်ယူရောင်းချမှုအခြေအနေများကို လေ့လာခဲ့ခြင်းဖြစ်သည်။ ဝယ်ယူရောင်းချမှု တန်ဖိုး ကြီးမားသည့်အီးကောမတ်စ်လုပ်ငန်း ခြောက် ခုသည် တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံကဲ့သို့ စီးပွားရေး အင်အားကြီးနိုင်ငံများတွင်ရှိကြပြီး အောင်မြင်မှုများရရှိနေသည့်အခြားသော အီးကောမတ်စ်များသည် တောင်ကိုရီးယားနိုင်ငံ၊ ဗြိတိန်နှင့် ဂျပန်နိုင်ငံတို့တွင် တည်ရှိကြပါ သည်။ အွန်လိုင်း ရောင်းဝယ်ရေးလုပ်ငန်းသည် ဈေးကွက်သစ်များစွာတွင် တိုးတက်လာမည့်အခြေအနေ ကောင်းများရှိပြီး ထိုင်းနိုင်ငံ၏အွန်လိုင်းဈေးကွက် သည် ၁၀၄ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံ၏အွန်လိုင်း ဈေးကွက်သည် ၈၈ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံ၏ အွန်လိုင်းဈေးကွက်သည် ၆၉ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ပါသည်။ သို့သော်အဆိုပါ နိုင်ငံများ၏ အီးကောမတ်စ်ဈေးကွက်သည် အခြေ တည်စအဆင့်၌သာရှိသေးကြောင်း သိရှိရပါသည်။
      ဗီယက်နမ်နိုင်ငံရှိ လက်လီအရောင်းလုပ်ငန်းရှင်များ၏ အမြောက်အများရင်းနှီးမြှုပ်နှံလာခြင်းနှင့်အတူ အင်တာနက်နှင့် မိုဘိုင်းဖုန်းအသုံးပြုမှုတိုးတက်လာခြင်းတို့ကြောင့် ဗီယက်နမ်နိုင်ငံ၏ အီးကောမတ်စ်ကဏ္ဍသည် တိုးတ က်မှုရရှိလာခြင်း ဖြစ်ပါသည်။ ဟိုချီမင်းမြို့၊ ဟနွိုင်းမြို့၊ ဒါနန်းမြို့နှင့် ချန်သိုမြို့စသည့်အဓိကမြို့ကြီး လေးမြို့ရှိ အီးကော မတ်စ်ဈေးကွက်များသည် အဓိကဖွံ့ဖြိုး တိုးတက်လာ၍ဗီယက်နမ်နိုင်ငံ၏ အီးကောမတ်စ်ဈေးကွက်သည် သုည ဒသမ ၅ရာခိုင်နှုန်း  တိုးတက်လာ ပြီး၂၀၁၆ခုနှစ်တွင် အဆိုပါမြို့လေးမြို့၌ အွန်လိုင်း မှဈေးဝယ်သူပမာဏသည် ၅ ဒသမ ၄ ရာခိုင်နှုန်းမှ ၈ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း တွေ့ရှိရပါသည်။ ဗီယက်နမ်နိုင်ငံ ၏ အီးကောမတ်စ်ဈေးကွက်တန်ဖိုးသည် အခြားနိုင်ငံများ၏ဈေး ကွက်များနှင့်နှိုင်းယှဉ်ပါက သေးငယ်သော်လည်း ၆၉ ရာခိုင်နှုန်းအထိ တိုးတက်မှုရရှိခဲ့ပါသည်။ ထို့ကြောင့် အီးကောမတ်စ်ဈေးကွက် အလျင်အမြန်ဖွံ့ဖြိုး တိုးတက် လာသည့်နိုင်ငံများတွင် ဗီယက်နမ်နိုင်ငံလည်း ပါဝင်လာပါသည်။အလားအလာကောင်းများ ရှိသည့်ဗီယက်နမ်နိုင်ငံ၏ အီးကောမတ်စ် ဈေးကွက်သို့ ဝင်ရောက်ရင်းနှီး မြှုပ် နှံရန် အချိန်ကောင်းဖြစ်ပါသည်။ ဗီယက်နမ် နိုင်ငံ၏ အီးေ ကာမတ်စ်လုပ်ငန်းများ ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စားသုံးသူများ၏ ယုံကြည်မှုနှင့် မြင့်မားသည့်သယ်ယူပို့ဆောင်ရေးစရိတ်များ လျှော့ချပေးခြင်းကို အလေးထား ဆောင်ရွက်ရန် လိုအပ်ပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့