Main menu

Background

ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် ရခိုင်ပြည်နယ်အရေးကိစ္စတို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးကိုထိခိုက်စေနိုင်သည်ဟု အိုင်အမ်အက်ဖ်ကဝေဖန်

Wed, 12/27/2017 - 13:25 -- journal_editor

            မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ကုန်ဈေးနှုန်းကြီး မြင့်ခြင်းနှင့်ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးကိစ္စများသည် နိုင်ငံ၏စီးပွားရေး ကို ထိခိုက်ကျဆင်းစေမည့်အချက်များဖြစ်ကြောင်း၊ ထို့ကြောင့်ယခု အချိန်သည် နိုင်ငံအတွက် ဒုတိယအကြိမ် မြောက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ရန် အချိန်အခါကောင်း ဖြစ်ပါကြောင်း ဝေဖန်သုံးသပ်ခဲ့ခြင်းအား နေးရှင်း သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။ ထို့ြ ပင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထပ်မံဆွဲဆောင်နိုင်မည့် ကဏ္ဍအလိုက်ဖြေ လျော့ပေးမှုများကို နောက်ထပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ထိုသို့ ဖြေလျော့ပေးရာတွင် ကန့်သတ်မှုများ စွာရှိနေသည့် အာမ ခံလုပ်ငန်း၊ လေကြောင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ အခြေခံအဆောက်အဦကဏ္ဍနှင့် သယံဇာတစီမံခန့်ခွဲမှုတို့ပါဝင်ပြီး ဘဏ်လုပ်ငန်းတွင် အတိုးနှုန်းကို တဖြည်းဖြည်းလျှော့ချပေးခဲ့ကြောင်း၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း ဖြေလျော့ ပေးခဲ့ကြောင်း အဆိုပါသတင်းသုံးသပ် ချက်တွင် ဖော်ပြထားသည်။
         မြန်မာနိုင်ငံအစိုးရအနေဖြင့် ဒုတိယအကြိမ်  ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခွင့်ရရှိခြင်းသည် နိုင်ငံအတွက် လိုအပ်သည့် ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုကို ထိရောက်မှုရှိစေမည့် ပြုပြင်ပြောင်းလဲခြင်းဖြစ်ပြီး ယင်း ပြောင်း လဲခြင်းမှ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုကိုလည်း တွန်းအားပေးနိုင်မည့်အခြေအနေတစ်ရပ်သို့ ရောက်ရှိလာနိုင်ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံ အစိုးရအနေဖြင့် အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်း ဆောင်ရွက်မှု  (Public Private Partnership - PPP) များကို ဆောင်ရွက်လျက်ရှိရာ အခြေခံအဆောက်အဦကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ နောက်ထပ်စီးဝင်လာစေရန် တိုက်တွန်းဆောင်ရွက်သင့်သည်ဟုဆိုသည်။ အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာခြင်းနှင့် ပိုမို၍ မဟာဗျူဟာကျသော ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်နိုင်မည်ဆိုပါက အနာဂတ်ကာလတွင် စီးပွားရေးတိုးတက်မှုရရှိမည်ဖြစ်သည်ဟုဆိုသည်။ နိုင်ငံတော်အနေဖြင့် စီမံ ကိန်း လုပ်ငန်းများအောင်မြင်စေရန်အတွက် ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသည်  အရေးကြီးသည့် ကဏ္ဍတစ်ရပ်တွင် ပါဝင်နေသကဲ့သို့ ကဏ္ဍအလိုက် စီမံကိန်းများ၊ ကာလ လတ်ဖွံ့ဖြိုးမှုမဟာဗျူဟာများ၊  ခိုင်မာ သောဘဏ္ဍာရေးမူဝါဒများ ချမှတ်ဆောင်ရွက်ရေးကို အလေးထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ  ထိခိုက်နစ်နာနိုင်မည့်  အခြေအနေများကိုအလေးထားလျက် နိုင်ငံတော်ဘတ်ဂျက်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံပိုင်ဘဏ်များကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းရမည့်အပြင် လျှပ်စစ်ဓာတ်အား ဆုံးရှုံးမှုကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးနေသည့် အခြေအနေကို ပြုပြင်ပြောင်းလဲ ရမည်ြ ဖစ်ကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်နှင့်  ဝင်ငွေခွန်နှုန်းထားများသည် အလွန်နိမ့်ကျနေသည့်အတွက် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကိုလည်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အခွန်အကောက်ဥပဒေများကို ခေ တ်မီအောင်ဆောင်ရွက်ရာတွင် IMF အနေဖြင့်  လိုအပ်သောပံ့ပိုး ကူညီမှုများကို ပေးမည်ဖြစ်ကြောင်း အဆိုပါဆောင်းပါးတွင် ဖော်ပြထားသည်။
        မြန်မာနိုင်ငံတွင် မက်ခရိုစီးပွား ရေးမညီမျှမှုများ ပြန်လည်တည်ငြိမ်သဖြင့် တိုင်းပြည် စီးပွားရေးသည် ပြန်လည်ဦးမော့လာကြောင်း၊ တိုင်းပြည် စီးပွားရေးသည် ယခုနှစ်တွင် ၆ဒသမ ၇ ရာခိုင်နှုန်းတိုးတက်လျက်ရှိပြီး လာမ ည့် နှစ်တွင် ၇ ရာခိုင်နှုန်းအထိ တိုးတက်မှု လာနိုင်ကြောင်း၊ နိုင်ငံ၏စီးပွားရေး သည် ၂၀၁၇ ပထမနှစ်ဝက်တွင် ကောင်းမွန်ခဲ့ပြီး ဒုတိယနှစ်ဝက်တွင်ပိုမို ကောင်းမွန်မည်ဟု ခန့်မှန်းထား ကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စိုက် ပျိုးရေးကဏ္ဍတွင် ထွက်ကုန်ကျ ဆင်းခြင်းနှင့် ပို့ကုန်ကျဆင်းခြင်းအပြင် ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးစီမံကိန်း အချို့ကိုရပ်ဆိုင်းလိုက်၍ နိုင်ငံ၏စီးပွား ရေးသည် မျှော်မှန်းထားသည်ထက် နိမ့်ကျ၍ ၅ ဒသမ ၉ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ကြောင်း၊ ပြည်ပပို့ကုန်ကဏ္ဍနှင့်စိုက်ပျိုးရေးကဏ္ဍများတွင် ပြန်လည် ကောင်းမွန်မည့်အလားအလာကောင်းများသည် နှစ်လတ်ကာလ မြန်မာနိုင်ငံ ၏စီးပွားရေးတိုးတက်မှုကို အထောက် အကူပြုမည်ဖြစ်ပါကြောင်း၊   အစိုးရ၏အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဘတ်ဂျက်အသုံး စရိတ်တိုးမြှင့်ခြင်းတို့သည် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အလွန်အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအစိုးရ အနေဖြင့် ယမန်နှစ်က နိုင်ငံတ ည်ငြိမ်ရေးကို  အလေးထားဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် တိုင်းပြည်စီးပွားရေးတိုးတက်မှုကို အလေးထားဆောင်ရွက်သင့်ကြောင်း အိုင်အမ်အက်ဖ်၏သုံးသပ်ချက်များကို နေးရှင်းသတင်းစာတွင် ဖော်ပြထားသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့