Main menu

Background

ဟောင်ကောင်မြို့တွင် Business of IP Asia Forum ကျင်းပ

Wed, 12/27/2017 - 13:33 -- journal_editor

      ဟောင်ကောင်မြို့၊  Hong Kong Convention and Exhibition Center  ၌ Business of IP Asia Forum ကို ဒီဇင်ဘာ ၇ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်ကို ကမ္ဘာတစ်ဝန်းမှ  အသိဉာဏ်ပစ္စည်းဆိုင်ရာ ကျွမ်း ကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းခေါင်းဆောင်များအနေဖြင့် IP ကမ္ဘာ၏ နောက်ဆုံးတိုးတက်ဖြစ်ထွန်းမှု  အခြေအနေများအား ဆွေးနွေးရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အခွင့်အလမ်းများအား ရှာဖွေနိုင် ရန်ရည်ရွယ်၍ကျင်းပခြင်းဖြစ်သည်။ အဆိုပါဖိုရမ်၏ ဆောင်ပုဒ်မှာ IP and Innovation - Propelling Change, Growth and Connectivity  ဖြစ်သည်။ ယင်းဖိုရမ်ကိုဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ၊ Hong Kong Design Center နှင့် ဟောင်ကောင်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကောင်စီတို့က ကြီးမှူး၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
          အဆိုပါဖိုရမ်တွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ် မစ္စချယ်ရီလင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟောင်ကောင်ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးကောင်စီမှ အမှုဆောင်ဒါရိုက်တာ မစ္စမာဂရက်ဖောင် နှင့် ဟောင်ကောင် Design Center ဥက္ကဋ္ဌ ပရော်ဖက်ဆာအဲရစ်ဆီယင်တို့လည်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် နိုင်ငံတကာမှ ထင်ရှားကျော်ကြားသည့် ဆွေးနွေးသူပေါင်း ၈၀ ကျော်တက်ရော က်ဆွေးနွေး ခဲ့ပြီး IP အထူးပြုပညာရှင်များ၊ နည်းပညာကုမ္ပဏီများ၊ အစိုးရ၏ IP ရုံးများမှ  အဆင့်မြင့်အရာရှိများ၊ ကမ္ဘာ့ အသိဉာဏ်ပစ္စည်းဆိုင်ရာ အဖွဲ့အစည်းများ၊ ကမ္ဘာ့အသိÓဏ်ပစ္စည်းဆိုင်ရာ အာဆီယံအလုပ်အမှုဆောင် အဖွဲ့တို့  တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဟောင်ကောင်မြို့