Main menu

Background

WTO ဝန်ကြီးအဆင့်အစည်းအဝေးငယ်တစ်ခုကို လာမည့်နှစ် ဖေဖော်ဝါရီလတွင် အိန္ဒိယက လက်ခံကျင်းပမည်

Tue, 01/02/2018 - 14:21 -- journal_editor

      (၁၁) ကြိမ်မြောက် WTO ဝန်ကြီးအဆင့် အစည်းအဝေးကို ဗျူနိုအေရီးစ်မြို့၌ မကြာသေးမီက ကျင်းပပြီးစီးခဲ့ပြီဖြစ်ရာ စားနပ်ရိက္ခာဖူလုံရေးနှင့် အခြားသောကိစ္စရပ်များဆိုင်ရာ အထောက်အပံ့များ စုစည်းနိုင်ရန်အတွက် လာမည့်နှစ် ဖေဖော် ဝါရီလတွငWTO အဖွဲ့ဝင်နိုင်ငံပေါင်း ၃၀ မှ ၄၀ ထိ ပါဝင်တက်ရောက်မည့် ဝန်ကြီးအဆင့် အစည်းအဝေးငယ်တစ်ခုကို အိန္ဒိယနိုင်ငံက လက်ခံကျင်းပရန်စီစဉ်နေကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးSuresh Prabhu  က ပြောကြားခဲ့သည်။ သို့သော် ယင်းအစည်းအဝေးနှင့်စပ်လျဉ်း၍ အစီအစဉ်အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
WTO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူ ချောမွေ့စေရေး တွန်းအားပေးဆောင်ရွက်ရေး၊ e-commerce  အတွက် စည်းမျဉ်းများပြင်ဆင်ရေးဆွဲရေး၊ ကျားမတန်းတူရှိမှု အခြေအနေများ မြှင့်တင်ရေးနှင့် ရေလုပ်ငန်းတွင် ထောက်ပံ့ ကြေးများလျှော့ချရေးတို့ကို အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည်များအားပြင်ဆင်ရန် ဖွံ့ဖြိုးပြီးနိုင်ငံများက အုပ်စုဖွဲ့ နေခိုက် အဆိုပါအစည်းအဝေးကို အိန္ဒိယအနေဖြင့် အဆိုပြုကျင်းပခြင်းဖြစ်နိုင်ကြောင်း သိရှိရပါသည်။
Suresh Prabhu  က အိန္ဒိယနှင့် အီးယူအကြားFTA နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးများနှင့် ဆွေးနွေးလျက်ရှိကြောင်း ပြောကြားခဲ့ပြီး၊ အီးယူဈေးကွက်သည် အိန္ဒိယ အထည်အလိပ်ကဏ္ဍအတွက် ကြီးမားသည့်ဈေးကွက်ဖြစ်ကြောင်း၊ အိန္ဒိယအနေ ဖြင့် အသစ်လက်မှတ်ရေးထိုးမည့်FTA တိုင်းအတွက် စံလုပ်ထုံးလုပ်နည်းတစ်ရပ် ထားရှိနိုင်ရေး ရေးဆွဲနေကြောင်း၊ အီးယူ နှင့်သာမက ကနေဒါ၊ သြစတြေးလျနိုင်ငံတို့နှငFTA စာချုပ်များချုပ်ဆိုနိုင်ရေးအတွက်လည်း ဆွေးနွေးနေကြောင်း ၎င်းင်းက ပြောကြားခဲ့ပါသည်။        
                            
   ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ နယူးဒေလီမြို့