
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ် အားလိုအပ်ချက်သည် မြင့်တက်လျက်ရှိပြီးလျှပ်စစ်ဓာတ်အားဖွံ့ဖြိုးရေး ၅နှစ် စီမံကိန်းကိုလည်းချမှတ်၍ ဆောင်ရွက်လျက်ရှိသည်။ မဟာဓာတ်အားလိုင်းမရ ရှိသည့်ကျေးလက်ဒေသများ တွင် လျှပ်စစ်မီးအတွက်ဆိုလာနှင့် လေစွမ်းအင်များ ကို အသုံးပြုမည်ဖြစ်ပြီး မဟာဓာတ် အားလိုင်းနှင့် မချိတ်ဆက်ဘဲ သီးခြား အကောင်အထည်ဖော်မည့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများ အတွက် ၂၀၁၆-၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၀ ဘီလီယံကို သုံးစွဲမည်ဖြစ်သည်။ အဆိုပါလျှပ်စစ် စီမံကိန်းများတွင် ကျေးရွာပေါင်း ၈၄၀၀ သည် ဆိုလာလျှပ်စစ်စီမံကိန်း များနှင့် မဟာဓာတ်အားလိုင်းနှင့် ၁၆ ကီလိုမီတာသာ ကွာဝေးသည့်ေ ကျးရွာ ၃၅၀ သည် အသေးစားမဟာဓာတ်အား လိုင်းစီမံကိန်းများတွင် ပါဝင်မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားရရှိရေးရည်မှန်းချက်၂၀၃၀ ကို ပြည့်မီသည် အထိ ဆက်လက်အကောင်အထည်ေ ဖာ် ဆောင် ရွက် သွားမည်ဖြစ်ကြောင်း နေးရှင်းသတင်း စာတွင် ရေးသားဖော်ပြထားသည်။ကမ္ဘာ့ဘဏ်၏ အချက်အလက် များအရ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် လျှပ်စစ်မီးမရရှိ သေးကြောင်း၊ ယင်းပြဿနာကိုဖြေ ရှင်းရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် အစိုးရ နှင့်အနီးကပ် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ အကြီးစားမဟာဓာတ် အားလိုင်းစီမံကိန်းများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဆောင် ရွက်၍ အသေးစား မဟာဓာတ်အားလိုင်းစီမံ ကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား စီမံကိန်းများအတွက် ရန်ပုံငွေ အမေ ရိကန်ေ ဒါ်လာ သန်း ၄၀၀ကို ကမ္ဘာ့ ဘဏ်ကပံ့ပိုးပေးမည်ဖြစ်ရာအမေရိကန် ဒေါ်လာသန်း ၃၁၀ ကို အကြီးစားမဟာ ဓာတ်အားလိုင်းစီမံကိန်းအတွက် သုံး စွဲ၍ ကျန်ငွေ အမေရိကန်ဒေါ်လာ သန်း ၉၀ ကို ကျေးလက်ေ ဒသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ အသေးစားမဟာ ဓာတ်အားလိုင်းစီမံကိန်းအတွက် သုံးစွဲ မည်ဖြစ်ကြောင်း၊ နောက်ထပ်လိုအပ် သော ငွေကြေးရန်ပုံငွေနှင့် နည်းပညာ ဆိုင်ရာ အထောက်အပံ့များကို အခြား သော ဖွံ့ဖြိုးမှု မိတ်ဖက် များဖြ စ်သော အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျာမန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ များမှ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့
