Main menu

Background

စံချိန်စံညွှန်းတင်းကျပ်သော်လည်း ပေါက်ဈေးမြင့်သည့် အီးယူဈေးကွက်

Tue, 01/16/2018 - 14:06 -- journal_editor

     စားသုံးသူဦးရေ သန်း ၅၀၀ ခန့်ရှိ ဥရောပဈေးကွက်သို့ ကုန်စည်တင်ပို့လျှင် ဈေးကွက်၊ ကုန်စည်အရည်အသွေး နှင့် စံချိန်စံညွှန်းဆိုင်ရာ  လိုအပ်ချက်များ မြင့်မားသော် လည်း အခြားဒေသဆိုင်ရာ ဈေးကွက်များနှင့်နှိုင်း ယှဉ် ပါက မြင့်မား သောဈေးကွက်ပေါက်ဈေး ရရှိသောကြောင့်  ကမ္ဘာတစ်ဝန်းမှ ကုန်စည်  ထုတ်လုပ်တင်သွင်းသူများသည် အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ဂျပန် စသည့်ဈေးကွက်များနည်းတူ  အီးယူဈေးကွက် သို့ ယှဉ်ပြိုင် တင်ပို့လျက်ရှိကြောင်း၊ အာဆီယံ နိုင်ငံများအနက် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အခြေခံ  စားသောက်ကုန်စည်နှင့် လူသုံးကုန်စည်များသည် အီးယူ ဈေးကွက်အတွင်း ထိုးဖောက်တင်ပို့ လျက်ရှိကြောင်း သိရှိရ သည်။
အီးယူဈေးကွက်သို့ တင်သွင်းမည့် ကုန်စည်များအတွက် လိုအပ်သည့် အရည်အသွေး၊ သွင်းကုန်ဆိုင်ရာ ဥပဒေလုပ်ထုံး လုပ်နည်းများ၊  အကောက်ခွန်ကိစ္စရပ်များ၊ အခွန်နှုန်းထားများ၊ နည်းပညာနှင့် အခြားလိုအပ်ချက်များကို ကုန်စည်အမျိုး အမည်/အုပ်စုအလိုက်  ကုန်စည်စည်းဝါးညီစနစ် ၂၀၁၇(HS Code) အပေါ်အခြေခံကာ သတ်မှတ်ထားကြောင်း လေ့ လာတွေ့ရှိရသည်။ထိုစံနှုန်းသတ်မှတ်ချက်များသည် အဖွဲ့ဝင်နိုင်ငံများ အကြား တစ်သမတ် တည်း တူညီကာ သွင်းကုန်လုပ်ငန်း လျှောက်ထားမှု၊ အီးယူအကောက်ခွန်  အဖွဲ့အစည်း အသိ အမှတ်ပြု ကုန်တင်ပို့သူမှတ်ပုံတင်မှု၊ အကောက်ခွန် စာရွက် စာတမ်းများ ဆောင်ရွက်မှု၊ ဆိပ်ကမ်းလုပ်ငန်းများ ဆောင်  ရွက်မှု အပါ အဝင်ဈေးကွက်၊ ထုတ်ကုန်နှင့် ဝယ်သူဆိုင်ရာ သတင်းအချက်အလက်များကို အွန်လိုင်းစနစ်ဖြင့် ၂၄ နာရီ အချိန်ပြည့်  ရယူဆောင်ရွက်နိုင်ကြောင်း လေ့လာသိရှိရပါ သည်။                     
  Source--ဘရပ်ဆဲလ်မြို့၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသံရုံး၊  လင်းမျိုးသာ(DOT)