Main menu

Background

ဆောင်းရာသီပဲစိုက်ဧကများပြားလာ၍ ပဲထုတ်လုပ်မှုပမာဏကောင်းမွန်ရန် အိန္ဒိယမျှော်မှန်း

Tue, 01/16/2018 - 14:09 -- journal_editor

     အိန္ဒိယနိုင်ငံတွင်   ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက  ယခုနှစ်တွင် ပဲစိုက်ဧက  မြင့်တက်လာတာကြောင့် ၂၀၁၇-၁၈ သီးနှံရာသီတွင်  ပဲထုတ်လုပ် မှုပမာဏ  ကောင်းမွန်မည်ဟု မျှော်မှန်း ကြောင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် တွင် အိန္ဒိယနိုင်ငံ၏  ထုတ်ပြန်ချက်များ အရ  သိရသည်။ဆောင်းရာသီ ပဲစိုက်ဧကအနေ ဖြင့် ယခင်နှစ်က ဟက်တာ ဧက ၁၃၈ ဒသမ ၃၄ သိန်းသာရှိရာမှ ယခုနှစ်တွင် ၁၅၀ ဒသမ ၆၃ သိန်းအထိ  ကိုးရာ ခိုင် နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း သိရှိရ သည်။အိန္ဒိယနိုင်ငံ၏  ဂျုံအဓိကစိုက် ပျိုးသည့် ပြည်နယ်များဖြစ်သော ဥတ္တရာ ပရာဒေ့ရှ်နှင့် မဒ္ဒရာပရာဒေ့ရှ် ပြည်နယ် များတွင်  မုတ်သုံမိုးနည်းခဲ့သည့်အတွက် စိုက်ပျိုးမြေအချို့တွင် ဂျုံအစား ပဲ များ ကို ပြောင်းလဲစိုက်ပျိုးခဲ့သည်။၂၀၁၇-၁၈ သီးနှံ ရာသီအတွက်  သတ်မှတ်ပေး သည့်MSP ဈေးနှုန်းတိုးမြှင့်မှု  အနေ အထားအရ တောင်သူများသည် သီးနှံ စိုက်ပျိုးမှုပုံစံများကို ပြောင်းလဲလာ ကြသည်ဟု  တာဝန် ရှိ သူ တစ်ဦးက ပြော ကြားထားပါသည်။၂၀၁၇ ခုနှစ် အောက်တိုဘာလ တွင် အိန္ဒိယအစိုးရသည် ဆောင်းသီးနှံ ခြောက်မျိုးအပေါ်  MSP  ဈေးနှုန်းများ တိုးမြှင့်ပေးခဲ့ရာ ဂျုံအတွက် ၆  ဒသမ ၈ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီး  ပဲမျိုးစုံ အတွက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး            
မြန်မာသံရုံး၊ နယူဒေလီမြို့