Main menu

Background

H-1Bဗီဇာအားဖျက်သိမ်းမည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မူဝါဒသစ်အစီအစဉ်သည် အိန္ဒိယအတွက် ကောင်းကျိုးဖြစ်စေနိုင်ဟုဆို

Tue, 01/23/2018 - 10:52 -- journal_editor

      အမေရိကန်၌  အမြဲနေထိုင်ခွင့်   (Green Card) ရရှိရန်စောင့်ဆိုင်းနေသော H-1B ဗီဇာကိုင် ဆောင်သူများအား   သက်တမ်းတိုးခွင့်မပြုသည့် မူဝါဒတစ်ရပ်အား ဒေါ်နယ်ထရမ့်အစိုးရက အဆိုပြု ထားရာ ၎င်းင်းမူဝါဒအား စတင်အကောင်အထည် ဖော်မည်ဆိုပါက    အိန္ဒိယကျွမ်းကျင်လုပ်သား ငါးသိန်းကျော်မှာ  အမိနိုင်ငံသို့ပြန်လာရမည်ဖြစ် ကြောင်း၊ အိန္ဒိယအနေဖြင့်  အလုပ်အကိုင်ဆိုင်ရာ ဘေးကျပ်နံကျပ်ဖြစ်သည့်အနေအထားကို ကျော် လွန်ဖြတ်သ န်းနိုင်ခဲ့ပြီးဖြစ်ရာ   ယင်းအစီအစဉ် ကြောင့် အဆိုပါကျွမ်းကျင်ပညာရှင်များကိုသာမက ၎င်းင်းတို့၏မိသားစုများကိုပါ  ထိခိုက်မှုရှိလိမ့် မည်မဟုတ်ဟု   တုံ့ပြန်ပြောကြားထားကြောင်း သိရှိရပါသည်။
       ၎င်းအစီအစဉ်သည်  တစ်ဦးတစ်ယောက် ချင်းစီအတွက် ကြီးမားသည့် ဆုံးရှုံးမှုများရှိလိမ့်မည် ဖြစ်သော်လည်း နိုင်ငံအတွက်ကြီးမားသည့်အကျိုး အမြတ်ရရှိနိုင်မည်ဖြစ်ကြောင်း၊ အိန္ဒိယရှိမြို့ကြီး အားလုံး၌ ခေတ်သစ် ကုမ္ပဏီ များ၊ လုပ်ငန်းများမှာစွန့်ဦးတီထွင်လုပ်ငန်းငယ်များအဖြစ်   အရှိန်စတင် ကောင်းမွန်မည့်အချိန်ဖြစ်ပြီး စီးပွားရေးလုပ်ကိုင်မှု ပိုမိုလွယ်ကူစေရန် အစိုးရကလည်း စိတ်အားထက် သန်နေသည့်အချိန်ဖြစ်ရာ  ယခုကဲ့သို့ များပြားလှ သည့် အိန္ဒိယနည်းပညာကျွမ်းကျင်လုပ်သားများ နေရပ်သို့ပြန်လာမည့်အနေအထားသည် အိန္ဒိယ စီးပွားရေးကို  ကြီးမားသည့်အင်အားရရှိလာနိုင် မည်ဟု သုံးသပ်ဖော်ပြထားပါသည်။ထို့ပြင် ယင်းလုပ်သား အများစု မှာ  အိန္ဒိယ အဆင့်မြင့်ကျောင်းများမှ  အောင်မြင်ထားသည့် အတော်ဆုံး      အိန္ဒိယနိုင်ငံသားများဖြစ်ကြောင်း၊Microsoft  နှင့်  Google ကို  လက်ရှိဦးဆောင်နေ သူများမှာလည်း   အိန္ဒိယနိုင်ငံသားများဖြစ်ရာ ၎င်းတို့သည် အမေရိကန်၌အောင်မြင်မှုမှတ်တိုင် များကို စိုက်ထူထားဆဲဖြစ်ကြောင်း၊ အဆိုပါအနေ အထားကို အိန္ဒိယနိုင်ငံသားများကလည်း ဝမ်းသာ ဂုဏ်ယူဖြစ်နေသည်ဟု  ဖော်ပြထားကြောင်း သိရှိ ရပါသည်။
   အမေရိကန်၌ဒေါ်လာတစ်ဘီလီယံအထက် ရင်းနှီးမြှုပ်နှံထားသည့်  Startups လုပ်ငန်းငယ် ပေါင်း ၈၇ ခုမှာ အိန္ဒိယလုပ်ငန်းရှင်များမှ တည် ထောင်ထားသည့်လုပ်ငန်းများဖြစ်ရာ    ပြည်ပမှ လာရောက် အခြေချနေထိုင်ကြ သည့် နိုင်ငံပေါင်း ၄၄နိုင်ငံအနက်လုပ်ငန်းငယ်တည်ထောင်မှုပမာဏ မှာ အိန္ဒိယက  အများဆုံးဖြစ်ပြီး အမေရိကန်ရှိStartups လုပ်ငန်းအားလုံး၏  ၂၆ရာခိုင်နှုန်းမှာ အိန္ဒိယနိုင်ငံသားများက   တည်ထောင်ထားခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။
    သို့ဖြစ်၍ အိန္ဒိယအနေဖြင့်   ယင်းသို့နည်း ပညာအထူးကျွမ်းကျင်သည့် လုပ်သားများအနက် အနည်းငယ်ပြန်ရလျှင်ပင် နိုင်ငံ၏စီးပွားရေးကဏ္ဍ ၌ သွေးသစ်လောင်းသည့်သဖွယ်    အားအင်ပိုမို တောင့်တင်းလာ မည်ဖြစ်ေ ကြာင်း၊ သို့ဖြစ်၍ အမိ မြေသို့ပြန်လာမည့်   အိန္ဒိယပညာရှင်များအား ကြိုဆို ကြောင်း  Mahindra Group  ၏ဥက္ကဋ္ဌဖြစ်သူ Anand Mahindra  က  ပြောကြားခဲ့ပြီး  ထရမ့်၏ဆုံးဖြတ်ချက်ကြောင့်  အိန္ဒိယနိုင်ငံအနေဖြင့်ဆုံးရှုံး ထားသည့် ပညာရှင်များကိုပြန်လည်ရရှိလာနိုင်ပြီးBrain Drain  ၏ဆန့်ကျင်ဘက်Brain Gain  အနေ အထားသို့ရောက်ရှိလာနိုင်သည်ဟု   တုံ့ပြန်ပြော ကြားထားကြောင်း သိရှိရပါသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူဒေလီမြို့