Main menu

Background

နှစ်စဉ်ဘဏ္ဍာငွေရသုံးစာရင်း၌ ခရီးသွားလုပ်ငန်းမြှင့်တင်ရန် အတွက် အိန္ဒိယစီစဉ်

Tue, 01/23/2018 - 11:07 -- journal_editor

      နိုင်ငံစီးပွားရေးတိုးတက်မှုကို   အားပေးမြှင့်တင် ရန်နှင့် အလုပ်အကိုင်များပိုမိုဖန်တီးပေးရန်   မျှော်လင့် ချက်ဖြင့်  အိန္ဒိယအစိုးရသည်လာမည့်လ ပြည်ထောင်စု ဘဏ္ဍာငွေရသုံးစာရင်း၌ အိန္ဒိယသည်ခရီးသွားလာခြင်း နှင့် ခရီးသွားလုပ်ငန်းများအပေါ်   အခွန်နှုန်းထားများ လျှော့ချကောက်ခံရန်စီစဉ်နေပြီး   ဆွဲဆောင်မှုများ၊ သက်သာခွင့်များ   ပိုမိုခွင့်ပြုပေးရန်စီစဉ်နေကြောင်း၊ အိန္ဒိယနိုင်ငံ၌ခရီးသွားလုပ်ငန်းကဏ္ဍသည် အမေရိ ကန်ဒေါ်လာ ၂၁၀ ဘီလီယံခန့်ထိ ပါဝင်နေကြောင်း သိရ ပါသည်။ ယင်းအစီအစဉ်များကြောင့် ကမ္ဘာပေါ်တွင် လူဦး ရေ ဒုတိယအများဆုံးနိုင်ငံဖြစ်သည့်   အိန္ဒိယနိုင်ငံ၏
ပြည်တွင်းခရီးသွားလုပ်ငန်းများမှာ    ပိုမိုပွင့်လင်းအား ကောင်းလာစေနိုင်ကြောင်း၊ လက်ရှိတွင်  အိန္ဒိယနိုင်ငံ သည်ငွေကြေးဖောင်းပွမှုနှုန်းနိမ့်ကျနေပြီး   ဝင်ငွေမြင့် တက်လျက်ရှိခြင်းကြောင့် သန်း ၂၅၀ ဝန်းကျင်ခန့်ရှိသည့် အိန္ဒိယပြည်သူလူ လတ်တန်းစားများ၏နေထိုင်မှုပုံစံများ နှင့် စားသုံးမှုပုံစံများမှာပြောင်းလဲနေကြောင်း၊  ပြီးခဲ့ သည့်နှစ်အချက်အလက်များအရ လေကြောင်းဖြင့် ခရီး သွားလာမှုမှာလည်း အဆမတန်မြင့်တက်လာနေကြောင်း သိရပါသည်။
အိန္ဒိယခရီးသွားလုပ်ငန်းမှ  ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ  ၂၀၁၇ခုနှစ်   စက်တင်ဘာလကုန် ခြောက်လပတ်တွင် အိန္ဒိယနိုင်ငံ၏ခရီးသွားကဏ္ဍမှာ ၁၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ် အလားတူကာလတွင် ရှစ်ရာခိုင်နှုန်းသာတိုးတက်မှုရှိခဲ့ ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍသည် အိန္ဒိယပြည်သူ ပေါင်းသန်း ၄၀ ခန့်အား အလုပ်အကိုင်ဖန်တီးပေးနေပြီး လာမည့် ၁၀ စုနှစ် တစ်ခုအတွင်း အဆိုပါကဏ္ဍမှအလုပ် အကိုင်ပေါင်း ၁၀ သန်းခန့်တိုးတက် ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထား ကြောင်း သိရှိရပါသည်။
 ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့