Main menu

Background

အီးယူဈေးကွက်သို့ ကုန်ပစ္စည်းတင်သွင်းခြင်းနှင့် အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာ လိုအပ်ချက်များအီးယူဈေးကွက်သို့ ကုန်ပစ္စည်းတင်သွင်းခြင်းနှင့် အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာ လိုအပ်ချက်များ

Thu, 01/25/2018 - 11:48 -- journal_editor

    အီးယူဈေးကွက်သည် ဥရောပသမဂ္ဂအဖွဲ့ ဝင်နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်သည့် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော အကြီးဆုံးဘုံဈေးကွက်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေးကိစ္စရပ်များအပြင် ဘဏ္ဍာရေး ကဏ္ဍများတွင်ဘုံစံနှုန်း/စနစ်များ ချမှတ်ကျင့်သုံးလျက်ရှိပါသည်။ ကုန်သွယ်ရေးကဏ္ဍတွင် ဥရောပ ဘုံဈေးကွက်နှင့် အခြားဒေသ/ နိုင်ငံများ အပြန် အလှန်ကုန်စည် တင်ပို့/တင်သွင်းရာ၌ လိုက်နာ ရမည့် ပို့ကုန်/ သွင်းကုန်ဆိုင်ရာဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့် လိုအပ်ချက် များကို တစ်ပြေးညီ ဖြစ်ရန် ဆောင်ရွက်နေပြီး  အခွန်ကောက်ခံသည့် နှုန်းထားတွင်သာ နိုင်ငံအလိုက်အနည်းငယ် ကွာ ခြားလျက်ရှိကြောင်း တွေ့ရသည်။
အီးယူဈေးကွက်သို့တင်သွင်းမည့် ကုန်စည် အားလုံးအတွက် မရှိမဖြစ် လိုအပ်သည့် အထွေထွေ လိုအပ်ချက်များမှာ အီးယူဈေးကွက်အခြေအနေ ကို နားလည်ရန် အခြေခံလိုအပ်ချက်များ၊ အပင် နှင့် ပိုးမွှားဆိုင်ရာ လိုအပ် ချက် များ၊ ပတ်ဝန်းကျင် ဆိုင်ရာလိုအပ်ချက်များ၊ နည်းပညာဆိုင်ရာလိုအပ် ချက်များ၊ ဈေးကွက်စံချိန်စံညွှန်းများ၊ သွင်းကုန် ကန့်သတ်ချက်များ၊ ဈေးကွက်ဆိုင်ရာ အခြား သိမှတ်ဖွယ်ရာများတို့ ပါဝင်ပြီး အီးယူဈေးကွက် အခြေအနေ ကို နားလည်ရန် အခြေခံလိုအပ်ချက် များတွင် ကုန်စည်ခွဲခြားသတ်မှတ်မှုစနစ်များ၊ သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အကောက် ခွန်ရှင်းလင်းရေးဆိုင်ရာ စာရွက်စာတမ်းများ၊ အီးယူ အကောက်ခွန်သမဂ္ဂ၊ ထပ်တိုးတန်ဖိုး ခွန်နှင့် ကုန်စည်ခွန်များ စသည်တို့ပါဝင်သည်။
  အကောက်ခွန်ရှင်းလင်းမှု လုပ်ဆောင်ရန် အတွက်မူ တင်ပို့၊ တင်သွင်းသူများ၏ အမည်နှင့် လိပ်စာ( Name  and   Address)၊ ထုတ်ပေးသည့်ရက်၊Invoice  နံပါတ်၊ ကုန်စည်များ၏ အမျိုးအမည်၊ အရည်အသွေးစသည့်ဖော်ပြ ချက်များ၊ အရည် အသွေးစံနှုန်းအတိုင်းအတာယူနစ်များ၊ ကုန်စည် အရေအတွက်၊ ကုန်ပစ္စည်းတစ်ခုချင်းစီ၏ သတ် မှတ်ထားသောတန်ဖိုး၊ ကုန်ပစ္စည်းအမယ်အားလုံး ၏တန်ဖိုး၊Invoice အားလုံး၏တန်ဖိုးနှင့် ပေးချေ ရမည့်ေ ငွကြေး၊ ပေးချေနိုင်သောငွေကြေးသည် အီးယူသို့ လွတ်လပ်စွာ လဲလှယ်နိုင်သော ငွေကြေး သို့မဟုတ် အီးယူနိုင်ငံများကို တင်သွင်းရာတွင် အခြားတရားဝင်တင်ဒါရရှိထားသော ငွေကြေး တစ်ခုကို ဆိုလိုပါသည်။ ငွေပေးချေမှု (နည်းလမ်း နှင့် ပေးချေရမည့် ရက်၊ လျှော့ဈေးစသည်ဖြင့်)၊ သင့်လျော်သော Incoterm  အရကုန်ချမည့်စနစ်၊သယ်ယူပို့ဆောင်မှုနည်းလမ်းများ စသည်တို့ လိုအပ် ကြောင်း သိရှိရပါသည်။

ဘရပ်ဆဲလ်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သံရုံး၊  
လင်းမျိုးသာ(DOT)