Main menu

Background

အမေရိကန်နိုင်ငံ၏ စွမ်းအင်ကဏ္ဍ၌ရင်းနှီးမြှုပ်နှံရန် ထိုင်းစွမ်းအင်ကုမ္ပဏီအချို့ စိတ်အားထက်သန်လျက်ရှိ

Thu, 01/25/2018 - 11:49 -- journal_editor

အမေရိကန်နိုင်ငံသည်Marcellusဒေသနှင့် Utica  ဒေသများတွင် ရင်းနှီး မြှုပ်နှံမှုမြှင့်တင်၍ ရေနံထုတ်လုပ်မှုကို တိုးမြှင့်မည့်အစီအစဉ်များကို ကြေညာ ခဲ့ပြီးနောက်တွင် ထိုင်းနိုင်ငံရှိ စွမ်းအင် ကုမ္ပဏီများဖြစ်ကြသောBanpu Plc နှင့် PTTEP  (PTT  Exploration   and Production Plc)တို့သည် အမေရိကန် နိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ရန် စိတ်အားထက်သန်လျက်ရှိကြသည်။အမေရိကန်နိုင်ငံသည် တိုင်းပြည် စီးပွားရေးကို စေ့ဆော်ရန်နှင့် အလုပ် အကိုင်များကို ဖန်တီးပေးရန်အတွက် ပြည်တွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များမှ ရေနံထုတ်လုပ်မှုကို တိုးမြှင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။ထိုင်းနိုင်ငံတွင်အကြီးဆုံး  ကျောက် မီးသွေးရှာဖွေရေးနှင့် ကျောက်မီးသွေး တင်ပို့သည့် ြညေစက ကုမ္ပဏီသည် ၂၀၂၀ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ သဘာ၀ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်း ငါးခု အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ (ဘတ် ၁၆ ဒသမ ၁ ဘီလီယံ) ကိုရင်းနှီးမြှုပ်နှံ ရန်   လျာထားကြောင်း၊Banpu  ကုမ္ပဏီသည် ၎င်း၏စွမ်းအင် လုပ်ငန်းကို၂၀၁၆ ခုနှစ်မှစတင်၍ တိုးချဲ့ ဆောင်ရွက်လျက်ရှိပြီး အမေရိကန်နိုင်ငံ ရှိMarcellus   အရှေ့မြောက်ဒေသတွင် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်း ကို အကျိုး တူ ပူးပေါင်းဆောင်ရွက်ရန် အတွက် အမေရိကန်ဒေါ်လာသန်း ၃၂၀ (ဘတ် ၁၀ ဒသမ ၃ ဘီလီယံ)ကို ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ အကျိုးတူ ပူး ပေါင်းဆောင်ရွက်ရာ၌ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းအထိ ထည့်ဝင်မည်ဖြစ် ရာ သဘာဝဓာတ်ငွေ့လုပ်ငန်းပေါင်း ၁၁၂ ခုမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၀၀ ကို ထုတ်လုပ်မည်ဖြစ် ကြောင်း၊ လုပ်ငန်း၏ အကျယ်အဝန်း သည် စုစုပေါင်းဧက ၃၂၃၅၀ ရှိပြီး အရန် ဓာတ်ငွေ့ပမာဏသည် ကုဗပေ ၄၁၄ ဘီလီယံရှိကြောင်း၊ ထို့နောက် Banpu ကုမ္ပဏီသည်Marcellus   ဒေသ တွင် အဓိကအရေးပါသည့် သဘာ၀ ဓာတ်ငွေ့တူးဖော်သည့် ကုမ္ပဏီတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊Banpu  ကုမ္ပဏီ သည်Chaffee Corners JEA(Chaffee Corners Joint Exploration Agree-ment) နှင့်လည်း အကျိုးတူ သဘာ၀ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းအတွက် အစုရှယ်ယာကို ၂၉ ဒသမ ၄ ရာခိုင်နှုန်း ထည့်ဝင်ခဲ့ပြီး အရန်ဓာတ်ငွေ့ပမာဏ သည် ကုဗပေ ၁၅၆ ဘီလီယံရှိကြောင်း၊Banpu  ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ အရောင်းပမာဏမှာ တစ်ရက်လျှင်BTU (British Termal Units)  ၄၆ သန်း ရှိပြီး ၂၀၂၀ ခုနှစ်တွင် BTU ၇၈ သန်း အထိ မြင့်တက်လာရန် ခန့်မှန်းထား ကြောင်းBanpu ကုမ္ပဏီ၏ ဥက္ကဋ္ဌ Ms. Somruedee Chaimongkol က ပြော ကြားခဲ့ပါသည်။ထိုင်းနိုင်ငံရှိ စွမ်းအင်ကုမ္ပဏီကြီး တစ်ခုဖြစ်သော PTTEP သည် တိုင်း ပြည်အတွင်း၌ လောင်စာဆီဈေးနှုန်း သက်သာစွာ ထောက်ပံ့ေ ပးနိုင် ရန်အတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းကို ပြည်တွင်းနှင့် အာဆီယံ ဒေသ၌သာ အလေးထားနေဆဲဖြစ် သည်။PTTEP သည်လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက ဆောင်ရွက်လာခဲ့သည့် မိုဇမ်ဘစ်၊အယ်လ်ဂျီး ရီးယား၊ သြစ တြေးလျ၊ မြန်မာနိုင်ငံနှင့် ကနေဒါနိုင်ငံ များရှိ  ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းငါးခုကို ပြန်လည်ဆန်းစစ်နေ ကြောင်း၊ ယင်းလုပ်ငန်းအများစုမှာ ရှာ ဖွေရေးအဆင့်၌သာရှိသေးပြီး အနည်းစု သာ နောက်ဆုံး အဆင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဆုံးဖြတ်ချက်ရရှိရေးကို ဆောင် ရွက်နေကြောင်း၊ PTTEP အနေဖြင့် မြောက်အမေရိက ဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များ တွင်   စိတ်ဝင်စားမှု ရှိခဲ့သော်လည်း ကမ္ဘာ့ရေနံဈေးနှုန်း သည် ၂၀၁၃ ခုနှစ်တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၁၀ ရှိရာမှ ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၀ သို့ ကျဆင်းခဲ့၍လုပ်ငန်းစဉ်များ ပျက်ပြား ခဲ့ကြောင်း၊ PTTEP သည် ယခုအချိန် အထိ မြောက်အမေရိကဒေသတွင်  ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်း ပြန်လည်ဆောင်ရွက်မည့် အစီ အစဉ်မရှိသေးကြောင်း၊ PTTEP အနေ ဖြင့် ပြည်တွင်းရှိBangkot နှင့်Erawan  လုပ် ကွက်များ၊ အခြားသော အကျိုးတူ ဆောင်ရွက်ထားသည့် ှ့Shell နှငTotal  လုပ်ကွက်များအတွက် လုပ်ကိုင်ခွင့် လိုင်စင်အသစ်ရရှိရေးတို့ကို အလေး ထား ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် PTTGC (PTT Global Chemical Plc)သည် အမေရိကန်နိုင်ငံရှိMarcellusဒေသနှင့်Utica ဒေသတွင် ကမ္ဘာ့အဆင့်မီ ရေနံဓာတုလုပ်ငန်းအတွက် အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကို ရင်းနှီးမြှုပ်နှံရန် လျာထားကြောင်း၊ အဆို ပါရေနံ ဓာတုစက်ရုံအတွက် လိုအပ် သော အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈ ခုနှစ်၊ ပထမသုံးလပတ်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင် ရာ ဆုံးဖြတ်ချက် ချမှတ်မည်ဖြစ်ကြောင်း PTTEP    ဥက္ကဋ္ဌ    Mr. Phongsthorn   Thavisin  က ပြောကြားခဲ့ပါသည်။

ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့