Main menu

Background

ဟောင်ကောင်အား အခြေခံ စီးပွားရေးအဆောက်အအုံဆိုင်ရာ မတည်ရင်းနှီးငွေစင်တာတစ်ခု ဖြစ်စေရေး ဆောင်ရွက်သွားမည်

Thu, 02/08/2018 - 10:13 -- journal_editor

         တရုတ်ဖွံ့ဖြိုးရေးဘဏ်မှ ဟောင်ကောင်တွင် ရပ်ဝန်းနှင့် လမ်းအစီအစဉ် (Belt& Road Initiative) နှင့် ဆက်စပ်သည့်စီမံကိန်း များတွင် ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင်ဒေါ်လာသန်း  ၃၅၀ တန်ဖိုးဖြင့် ငါးနှစ်သက်တမ်းရှိ Belt& Road bond များ ထုတ်ေ၀ ရောင်းချသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဟောင်ကောင်အတွင်း ဤသို့ ချေးငွေစာချုပ်ရောင်းချသည့် တရုတ်ပြည်မကြီး၏ ပထမဆုံးဘဏ်လည်းဖြစ်ခဲ့ သည်။ ဟောင်ကောင်သည် အခြေခံအဆောက်အဦ စီမံကိန်းများတွင် ရင်းနှီး မြှုပ်နှံသူများ၏  စိတ်ပါဝင်စားမှုကိုရရှိပြီး ရပ်ဝန်းနှင့်လမ်းအစီအစဉ်အောက် တွင် လုပ်ငန်းများ၏ ရန်ပုံငွေမြှင့်တင်လိုမှုဝယ်လိုအားအပေါ် အခွင့်အရေးဆုပ် ကိုင်ရယူလျက်   အရေးပါသည့်  အခြေခံစီးပွားရေး  အဆောက်အဦဆိုင်ရာ မတည်ရင်းနှီးငွေ စင်တာကြီးတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားနေ ကြောင်း ဟောင်ကောင်ငွေကြေးအာဏာပိုင်၏ အဆင်မြင့်အရာရှိက ပြော ကြားခဲ့သည်။
            ဟောင်ကောင်အနေဖြင့် တရုတ်ပြည်မကြီးမှ ကုမ္ပဏီများအတွက် ရန်ပုံ ငွေအရင်းအမြစ် အမျိုးမျိုးအား ကူညီပေးနိုင်သော ပလက်ဖောင်းတစ်ခု ဖြစ် နိုင်ကြောင်း၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအား ၎င်းတို့ စီမံကိန်း များ၏ ရှယ်ယာဝင်အဖြစ် မိတ်ဆက်ပေးခြင်းအားဖြင့် တရုတ်ကုမ္ပဏီများ နိုင်ငံတကာ သို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်လည်း ကူညီဆောင်ရွက်ပေးနိုင်ကြောင်း ပြောကြား ခဲ့သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံခြင်းထက် Belt & Road တစ် လျှောက်ရှိနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံခြင်းမှာ ပိုမိုအကျိုးအမြတ်ရရှိမည်ဖြစ် ကြောင်း၊ ဟောင်ကောင်ငွေကြေး အာဏာပိုင်အနေဖြင့် အခြေခံအဆောက် အဦဆိုင်ရာ မတည်ရင်းနှီးငွေမြှင့်တင်ခြင်း အဆင်ပြေလွယ် ကူစေရေး ရုံးအား လွန်ခဲ့သည့်ဇူလိုင်လတွင် ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်ထိ ငွေရေးကြေးရေးအဖွဲ့ အစည်းများ၊ ဘဏ်များ၊ အာမခံကုမ္ပဏီများနှင့် အသက်မွေးဝမ်းကျောင်းဆိုင် ရာ ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် အဖွဲ့ဝင် ပေါင်း ၈၇ ဦးရှိကြောင်း သိရှိ ရသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟောင်ကောင်မြို့