Main menu

Background

အာရှ၏ စရိတ်အကြီးဆုံးမြို့အဖြစ် ဟောင်ကောင်က ငါးနှစ်ဆက်တိုက် စံချိန်တင်ခဲ့

Thu, 02/08/2018 - 10:17 -- journal_editor

           ဟောင်ကောင်မှာ အဆင့်မြင့်အသက်မွေးဝမ်းကျောင်း ပညာရှင်များအတွက် အိမ်ရာငှားရမ်းမှုစရိတ်တွင် အာရှ၏စရိတ်အကြီးဆုံးမြို့အဖြစ် ငါးနှစ်ဆက်တိုက် စံချိန်တင်ခဲ့ သည်။ အိပ်ခန်း သုံးခန်းပါသော  တိုက်ခန်းအ တွက် လစဉ် ငှားရမ်းခနှုန်းမှာ ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၄၆၁ ရှိပြီး ဒုတိယဈေးအကြီးဆုံးဖြစ်သည့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ထက် ၂၀၀၀ ပိုများခဲ့ကြောင်း သုတေသနစစ်တမ်းတွင် ဖော်ပြ ထားသည်။ အဆိုပါစစ်တမ်း မှာ နိုင်ငံတကာကုမ္ပဏီများမှ အမှုဆောင်ချုပ်များအား ပြည်ပနိုင်ငံများသို့ တာဝန်ထမ်း ဆောင်ရာတွင် ကုမ္ပဏီမှထောက်ပံ့ရမည့် နေထိုင်မှုစရိတ်ကို ဆုံးဖြတ်နိုင်ရန်အတွက် ကောက်ယူခဲ့ခြင်းဖြစ်သည်။ ရှန်ဟိုင်းမှာ အာရှတွင် တတိယမြောက်ဈေး အကြီးဆုံး မြို့ဖြစ်၍ တရုတ်နိုင်ငံတွင်းမြို့များအားလုံးအနက် ဈေးအကြီး ဆုံးမြို့ဖြစ်သည်။ သို့ရာတွင်  ဟောင်ကောင်မြို့အောက် ၅၀ ရာခိုင်နှုန်းဈေး သက်သာခဲ့ပြီး  မနီလာမြို့မှာ ဟောင်ကောင် အောက် ၆၅  ရာခိုင်နှုန်းနှင့် မလေးရှားမှာ ၉၃ ရာခိုင်နှုန်း အသီးသီး စရိတ်သက်သာခဲ့သည်။
          တရုတ်ပြည်မကြီး၏ မြို့တော်အားလုံးအား စစ်တမ်း ကောက်ယူခဲ့ရာ ပျမ်းမျှအားဖြင့် ငှားရမ်းခနှုန်းမှာ မြင့်တက်ခဲ့ပြီး အထူးသဖြင့် ပုလဲမြစ်ဝှမ်းဒေသရှိ ကွမ်ကျိုးနှင့် ရှန်းကျန့် မြို့မှာ ၁၂ ရာခိုင်နှုန်းနှင့် ၁၁ ရာခိုင်နှုန်း အ သီးသီး မြင့်တက်ခဲ့ သည်။ စင်ကာပူအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တားမြစ်မှုများ ပြုလုပ်ခဲ့သဖြင့် ၂၀၁၂ ခုနှစ်မှစ၍ ၁၅ရာခိုင်နှုန်းကျ ဆင်းခဲ့ပြီး၂၀၁၆ ခုနှစ်တွင်  စတုတ္ထမြောက်နေရာ၌ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် အဆင့်ရှ စ်နေရာသို့ ကျဆင်းခဲ့ကြောင်း သိရှိ ရသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဟောင်ကောင်မြို့