Main menu

Background

တရုတ်တွင် လူဦးရေတိုးတက်မှုနှုန်းကျဆင်း

Fri, 02/16/2018 - 11:20 -- journal_editor

      ဗဟိုစာရင်းအင်းဗျူရို၏  ထုတ် ပြန်ချက်အရ တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ်အတွင်း  ကလေးမွေးဖွားမှုဦးရေ ၁၇ ဒသမ ၂၃ သန်းရှိခဲ့ပြီး  မွေးဖွားမှုနှုန်း မှာ ၁ ဒသမ ၂၄ ရာခိုင်နှုန်းသာ   ရှိခဲ့ သည့်အတွက် ဂျပန်နိုင်ငံ (၁ ဒသမ ၄၆ ရာခိုင်နှုန်း) ထက်ပို၍လျော့နည်းခဲ့ ကြောင်းသိရပါသည်။  နှစ်စဉ်လူဦးရေ ၆၃၀၀၀၀ ခန့်   ကျဆင်းနေပြီး တရုတ် အနေဖြင့် လူဦးရေကျဆင်းလာမှုအပေါ် ဖြေရှင်းရန်    လိုအပ်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ကလေးမွေးဖွားနိုင် သည့် အမျိုးသမီးဦးရေမှာ (အသက်၁၅ နှစ်မှ ၄၉ နှစ်အတွင်း) ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ငါးသန်းခန့်      ကျဆင်းနေပြီး အသက် ၂၀ မှ ၂၉ နှစ် အမျိုးသမီးဦးရေ မှာလည်း ၁ ဒသမ ၅ သန်းကျဆင်းနေခြင်း သည် အဓိကအကြောင်းရင်းများ ဖြစ်ကြောင်း ဖော်ပြထားပါသည်။ထို့ပြင် လက်ထပ်ပြီးစုံတွဲများ သည် စီးပွားရေးနှင့်လူမှုရေးဖိအားများ ကြောင့် ကလေးတစ်ဦးသာ မွေးဖွားလို ကြောင်း ဖော်ပြထားပါသည်။ ၂၀၁၆ ခုနှစ် နှစ်ဝက်မှစတင်၍ မိသားစုတွင် ကလေးနှစ်ဦးယူခွင့် ပြုခဲ့သော်လည်း လူမှုရေး အခက်အခဲများဖြစ်သည့် ကလေးပြုစုစောင့်ရှောက်ခြင်း၊ ကျန်းမာ ရေး၊ ပညာရေး စသည့် ကုန်ကျစရိတ် ကြီးမြင့်ခြင်း၊ အလုပ်လုပ်သည့်မိခင်များ အတွက် childcare center များရှားပါးမှု၊ အမျိုးသမီးများ အလုပ်အကိုင်နှင့်ပတ် သက်၍   ဖိအားပေးခံရခြင်း    စသည့် အချက်များကြောင့် မွေးဖွားမှုနှုန်းမြင့် တက်မလာခဲ့ကြောင်း သိရသည်။ထို့ကြောင့် အစိုးရမှ လုံလောက် သည့် အားပေးကူညီမှုများမပြုလုပ်ပါက လာမည့် ဆယ်စုနှစ်များတွင် နှစ်စဉ် လူဦးရေ   သုံးသိန်းမှ   ရှစ်သိန်းကြား ကျဆင်းနေပြီး ယခုလူဦးရေ ၁ ဒသမ ၃၉ ဘီလီယံမှ ၂၀၆၇ ခုနှစ်တွင် လူဦး ရေ   တစ်ဘီလီယံအထိ ရောက်ရှိသွား နိုင်ကြောင်း၊   ထို့ကြောင့် မွေးဖွားနှုန်း ကျဆင်းနေခြင်းသည် အသက်အရွယ် ကြီးလာသူ   လူဦးရေ   တိုးမြင့်နေခြင်း ထက်ပို၍    အလေးထားဆောင်ရွက်ရ မည့် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း သုံး သပ်ထားသည်။

      သန္တာခိုင်၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ ပေကျင်းမြို့