Main menu

Background

လျှပ်စစ်ပစ္စည်းများအပေါ် အိန္ဒိယကသွင်းကုန်ခွန် တိုးမြှင့် ကောက်ခံခြင်းကို အမေရိကန်၊ အီးယူနှင့် ဂျပန်တို့ကန့်ကွက်

Thu, 02/22/2018 - 09:46 -- journal_editor

အိန္ဒိယအစိုးရက မိုဘိုင်းလ်ဖုန်း၊  တီဗီနှင့် ပရိုဂျက်တာ များအပေါ်  သွင်းကုန်ခွန်  တိုးမြှင့်ကောက်ခံခြင်းကို အီးယူ ဂျပန်နှင့် အမေရိကန်တို့က ကန့်ကွက်လိုက်သည်။ သတင်း အချက်အလက်နှင့် နည်းပညာသဘောတူညီချက် Information Technology Agreement (ITA)  ကို လက်မှတ်ရေးထိုး ထားသူများသည် မိုဘိုင်းလ်ဖုန်းများအပါအဝင် အိုင်တီပစ္စည်း အမြောက်အမြားအပေါ် သွင်းကုန်ခွန်စည်းကြပ်နိုင်ခွင့် မရှိ ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။အိန္ဒိယအစိုးရသည် ပြည်တွင်းထုတ်လုပ်မှုကို မြှင့် တင်ရန်အတွက်  မိုဘိုင်းလ်ဖုန်း၊ တယ်လီဗေးရှင်း၊ ဒစ်ဂျစ် တယ်ကင်မရာ၊ မိုက်ခရိုဝေ့ဖ်မီးဖို၊ မီးသီးနှင့်  အခြားလျှပ်စစ် ပစ္စည်းများ၏ သွင်းကုန်ခွန်များကို ပြီးခဲ့သည့် လက  တိုးမြှင့် လိုက်ပြီးITA  ကော်မတီ၌ ရှင်းလင်းမှုပြုလုပ်ရန် အီးယူ၊ ဂျပန် နှင့်အမေရိကန်တို့က အိန္ဒိယအားတိုက်တွန်းထားသည်။အစောပိုင်းတွင်WTO  ၏ITA    နှင့်စပ်လျဉ်းသော ကတိကဝတ်များ လိုက်နာရန် အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံ စလုံးအား နိုင်ငံအတော်များများက ဝေဖန်ပြစ်တင်ပြောဆို ထားပြီး အိန္ဒိယသည် ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ မိုဘိုင်းလ် ဖုန်းများအပေါ် သွင်းကုန်ခွန် စတင်စည်းကြပ်ကောက်ခံခဲ့ကာ ၁၅ ရာခိုင်နှုန်းသို့ ထပ်မံတိုးမြှင့်ကောက်ခံခဲ့ကြောင်း၊ ထိုမျှ သာမက တီဗီနှင့် မီးအိမ်များတင်သွင်းမှုအပေါ် သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ရန်ကိုလည်း မကြာသေးမီက သတ် မှတ်လိုက်ကြောင်း သိရှိရသည်။တရုတ်နိုင်ငံသည် အိန္ဒိယသို့ လျှပ်စစ်ပစ္စည်းအများဆုံး တင်ပို့နေသည့်နိုင်ငံဖြစ်သော်လည်း ယင်းကိစ္စ နှင့် စပ်လျဉ်း၍ အိန္ဒိယအစိုးရ၏ လုပ်ဆောင်ချက်အပေါ် ကန့်ကွက်ထားခြင်း မရှိကြောင်းတွေ့ရသည်။  တရုတ်ကုမ္ပဏီများသည် လျှပ်စစ် ပစ္စည်းများအား အိန္ဒိယနိုင်ငံအတွင်းသို့ အစိတ်အပိုင်းများ အနေဖြင့် တင်သွင်းလာကြပြီး ပြည်တွင်း၌တပ်ဆင်ထုတ် လုပ်ခြင်းကို ပြုလုပ်နေကြသည့်အတွက်  ၎င်းင်းတို့အနေဖြင့် အခွန်ကိုကျော်လွှားနေသည့်  အနေအထားများလည်းရှိသည် ဟု Jawaharlal Nehru University   မှ ပါမောက္ခဖြစ်သူBiswajit Dhar    က ပြောကြားထားကြောင်း သိရှိရသည်။အိန္ဒိယ၏ ရှင်းလင်းချက်အား မကျေနပ်ပါက အဆိုပါ နိုင်ငံများအနေဖြင့်WTOခုံရုံး၌ဖြေရှင်းရန် ကြိုးစားလာနိုင် ဖွယ်ရှိရာ  အိန္ဒိယအနေဖြင့် မည်သို့သော အငြင်းပွားမှုမျိုး အတွက်ကိုမဆို ပြင်ဆင်ထားပြီးဖြစ်သည်ဟုလည်း ထုတ်ပြန် ကြေညာခဲ့သည်။

ယဉ်ယဉ်နွယ်၊စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့