Main menu

Background

တရုတ်အစိုးရမှ ဈေးကွက်ဝင်ရောက်နိုင်မှု ကန့်သတ်ချက်များအား လျှော့ချခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထပ်မံ တိုးမြှင့်သွားမည်

Thu, 02/22/2018 - 10:35 -- journal_editor

  တရုတ်အစိုးရမှ ဈေးကွက်ဝင်ရောက်နိုင်မှု ကန့်သတ်ချက်များအား လျှော့ချခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်အား အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးခြင်းဖြင့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေး  ထပ်မံ တံခါးဖွင့်သွားမည်ဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာနမှ ပြောကြားခဲ့သည်။အဆိုပါပြောင်းလဲမှုမှာ အမေရိ ကန်အစိုးရမှ စီးပွားရေးလုပ်ငန်းများ အပေါ် နှစ်ပေါင်း ၃၀ အတွင်း အနိမ့်ဆုံးအဆင့်ဖြစ်သည့် ၃၅ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့ သိသိသာသာအခွန်နှုန်း လျှော့ချခြင်းအတွက် ဥပဒေ မူကြမ်းအား ဒီဇင်ဘာ ၂ ရက်တွင် အတည်ပြုပြီးနောက်ပိုင်း ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။နိုင်ငံအများစု အထူးသဖြင့်  ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမေရိကန်၏အခွန်နှုန်းလျှော့ချခြင်း မူဝါဒကြောင့် ရင်းနှီးငွေစီးထွက်မှု ဖြစ်ပေါ်နိုင်ပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆွဲဆောင်ခြင်းတွင် အခက်အခဲများရှိနိုင်သည့် အပြင် ဘဏ္ဍာရေးဆိုင်ရာ ရှုပ်ထွေးမှုဖြစ်စေနိုင်သည့်အပေါ်   စိုးရိမ်လျက် ရှိကြကြောင်း ပြောကြားထားသည်။အခွန်လျှော့ချမှုမူဝါဒကြောင့် တရုတ်ကုမ္ပဏီများ၏  ပို့ကုန်တင်ပို့ မှုနှင့် ပြည်ပတွင်ရင်းနှီးမြှုပ်နှံမှုအတွက် အကျိုးအမြတ်ရရှိနိုင်သော်လည်း   တရုတ်နိုင်ငံအတွင်းရှိ အမေရိကန်ကုမ္ပဏီများ ထွက်ခွာသွားနိုင်ကြောင်း ခန့်မှန်းထားသည်။ သို့သော် အကျိုးသက်ရောက်နိုင်မည့် ပမာဏကိုခန့် မှန်း  ရန်ခက်ခဲသည့်အတွက် များစွာစိုးရိမ်စရာမလိုကြောင်း  CITIC ဘဏ်၏ စီးပွားရေးပညာရှင်က သုံးသပ်ပြော ကြားခဲ့သည်။ လက်ရှိတွင် အမေရိကန်အတွင်း ပြည်နယ်ပေါင်း ၄၆ ခုတွင် တရုတ်နိုင်ငံသားများမှ ရင်းနှီးမြှုပ်နှံလျက်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၄၁၀၀၀ ဖန်တီး နိုင်ခဲ့ကြောင်း၊ အမေရိကန် အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူများအား အကဲဖြတ်ခြင်း ဆောင်ရွက်ရာကာလအတွင်း အတားအဆီးများချမှတ်ခြင်း မပြုရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံသားများ၏ စုစုပေါင်း ပြည်ပရင်းနှီးမြှပ်နှံမှုမှာ နှစ်စဉ်၃၃ ဒသမ  ၅ ရာခိုင်နှုန်း ကျဆင်းနေပြီး ၂၀၁၇ ခုနှစ် ပထမ ၁၁ လတွင် အမေ ရိကန်ဒေါ်လာ ၁၀၇ ဒသမ ၅၅ ဘီလီယံသာရှိခဲ့သည်။ တရုတ်နိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီသစ်များအနေဖြင့် ပထမ ၁၁ လတွင် ကုမ္ပဏီပေါင်း ၃၀၈၁၅ ခန့်ထူထောင် ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၂၆ ဒသမ  ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ယွမ် ၈၀၃ ဒသမ ၆၂ ဘီလီယံထိရောက်ရှိပြီး ၂၀၁၆ ခုနှစ်ထက် ၉ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ နိုဝင်ဘာလတစ်လတည်းတွင် ၂၀၁၆ ခုနှစ် ထက် ၉၀ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်၍ ယွမ်၁၂၄ ဒသမ ၉ ဘီလီယံရှိခဲ့ ကြောင်း သိရှိရသည်။     

                ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဟောင်ကောင်မြို့