Main menu

Background

နာရှစ်မြို့မှ စတင်ချီတက်ထွက်ခွာလာခဲ့သော ဆန္ဒပြတောင်သူလယ်သမားအဖွဲ့ကြီး မွမ်ဘိုင်းမြို့ထိ ရောက်ရှိ လာခဲ့

Thu, 03/29/2018 - 11:52 -- journal_editor

       နာရှစ်မြို့မှ ချီတက်ထွက်ခွာလာခဲ့ သည့်  ဆန္ဒပြတောင်သူလယ် သမားထုကြီးသည် ခြောက်ရက်တာအတွင်း ကီလို မီတာပေါင်း ၁၈၀ ကျော်ကို ဖြတ်သန်းခဲ့ ပြီး မတ် ၁၂ ရက်က မွမ်ဘိုင်းမြို့သို့ ရောက်ရှိလာခဲ့သည်။အဆိုပါ ဆန္ဒပြတောင်သူအင်အားသည် လေးသောင်းကျော်ထိ ရှိလာခဲ့ပြီး အိန္ဒိယကွန်မြူနစ်ပါတီနှင့် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ် (CPI (M) - affiliated Akhil Bharatiya Kisan Sabha - ABKS)  တို့၏စုစည်းမှုဖြင့် Nashik၊Thaneနှင့်Palgharတို့မှတောင်သူလယ်သမားအင်အားတစ်သောင်းနှစ်ထောင်ကျော် ဖြင့် ဆန္ဒပြ ချီတက်ပွဲကို စတင်ခဲ့ခြင်းဖြစ်သည်။ချီတက်ဆန္ဒပြသူများက စိုက်ပျိုးရေးချေးငွေများအား အနေ အထားသတ်မှတ်ချက် မရှိဘဲ လျှော်ပေးရေး၊ Forest Rights Actအက် ဥပဒေကို အကောင်အထည်ဖော်ရေး၊စိုက်ပျိုးရေးထွက်ကုန်များ အတွက်ဈေးကောင်းရရှိအောင်ဖော်ဆောင်ပေးရေး၊ ဆွာမိနသန်ကော်မရှင်ပါအကြံပြုချက်များ အားအကောင် အထည်ဖော်ရေးတို့ကို တောင်းဆိုခဲ့ ကြကြောင်း သိရှိရသည်။မွမ်ဘိုင်းမြို့သို့ ရောက်ရှိလာခဲ့ပြီးနောက် ချီတက်ပွဲသို့ ပါဝင်သူ အင်အားမှာ ငါးသောင်းဝန်းကျင်ခန့်အထိ ရှိလာခဲ့သဖြင့် အခြေအနေ အား ထိန်းသိမ်းနိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ် Devendra Fadnavisက တောင်သူလယ်သမားခေါင်းဆောင်များပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့အား မတ် ၁၂ ရက် ညနေပိုင်းတွင်  ဖိတ်ခေါ်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။     ထိုသို့တွေ့ဆုံဆွေးနွေးပြီးနောက်တောင်သူလယ်သမား၏တောင်းဆို ချက်အများစုအားလိုက်လျောရန်ပြည်နယ်အစိုးရကဆုံးဖြတ်ခဲ့ပြီးလိုအပ်သည်များအကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် ဝန်ကြီး ခြောက်ဦးပါဝင်သည့်  ကော်မတီတစ်ရပ်ဖွဲ့စည်းပေးခဲ့ ကြောင်း သတင်း ရရှိသည်။ အဆိုပါ ဆန္ဒပြပွဲအား Congress ၊ MNS ၊ Shiv Sena နှင့် AAP တို့ကဲ့သို့သော နိုင်ငံရေးပါတီများက ထောက်ပံ့မှုများပေး ခဲ့ကြောင်း သိရှိရပါ သည်။ 

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့