Main menu

Background

ဗြိတိန်မှ Belt & Road Initiative တွင် ငွေကြေးနှင့်အတတ်ပညာများ ရင်းနှီးမြှုပ်နှံသွားရန်ရှိ

Thu, 03/29/2018 - 12:01 -- journal_editor

     ဗြိတိန်အနေဖြင့်တရုတ်နိုင်ငံမှအဆိုပြုထားသောနိုင်ငံတကာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကြီးဖြစ်သည့်Belt & Road Initiativeတွင် ငွေကြေးနှင့် အတတ်ပညာများ ရင်နှီးမြှုပ်နှံသွားရန် စီမံဆောင်ရွက်ထားကြောင်း ဗြိတိန်၏ Belt & Road Initiative  ဆိုင်ရာ အကြီးအမှူးများ၏ မြို့တော်ကိုယ်စားလှယ်(City Envoy) Douglas Filint ကပြောကြားခဲ့သည်။Filint မှာ HSBC ဘဏ်တွင်၂၀၁၀ခုနှစ်မှ၂၀၁၇ခုနှစ်အထိဥက္ကဋ္ဌအဖြစ်တာဝန်ထမ်း ဆောင်ခဲ့သူလည်းဖြစ်ပြီး ၎င်းင်းအနေဖြင့် ဗြိတိန်နိုင်ငံ၏ ငွေကြေးဝန်ဆောင်မှုကဏ္ဍကို ကြီးကြပ်ရသော မြို့တော် ဆိုင်ရာဝန်ကြီး(City Minister) John Glen နှင့် Belt & Road စီမံကိန်းအခြေခံအဆောက်အဦဆိုင်ရာ ရန်ပုံငွေ တည်ထောင်သွားရန်ရှိပြီးဈေးကွက်ဆိုင်ရာအတတ်ပညာများအတူတကွအကျိုးခံစားမှုရရှိရန်ရည်ရွယ်၍ငွေတိုက် ဌာန၏ အတတ်ပညာရှင်များဘုတ်အဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးကို မကြာမီကျင်းပသွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။Mr.DouglasFilintအနေဖြင့်Belt&Roadဆိုင်ရာကျွမ်းကျင်ပညာရှင်ဘုတ်အဖွဲ့၏ပထမအကြိမ်အစည်းအဝေးကို မြို့တော်ဆိုင်ရာဝန်ကြီးနှင့် ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဗြိတိန်-တရုတ်နှ စ်နိုင်ငံ၊ ပြည်ပအ ခြေစိုက်ဌာနချုပ် အဖွဲ့အစည်းများနှင့် ဗြိတိန်ရှိ နိုင်ငံတကာ အတတ်ပညာရှင်များ ကိုယ်စားလှယ်များအား ဖိတ် ကြား ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊ ၎င်းင်းဘုတ်အဖွဲ့အနေဖြင့် ဗြိတိန်၊ တရုတ်နှင့် တတိယနိုင်ငံ များရှိ ပြည်သူ့ အဖွဲ့အစည်းများနှင့်ဆက်စပ်လုပ်ငန်းတွင်ပါဝင်သူများအားထောက်ပံ့ပေးမည့်အဖွဲ့တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ဘုတ်အဖွဲ့အနေဖြင့် ရင်းနှီးငွေစီးဆင်းမှုပမာဏပိုမို ကောင်းမွန်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဗြိတိန် ကုမ္ပဏီများမှ တီထွင်ဖန်တီးမှုတန်ဖိုးများအားနားလည်မှုရရှိစေရန်လေ့လာသွားမည်ဖြစ်ကြောင်းနှင့်ဘုတ်အဖွဲ့ကို အခြေခံအဆောက်အဦဆိုင်ရာ ရန်ပုံငွေအိတ်ချိန်းမူဝါဒဌာနအားဖွဲ့၍ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ဘုတ်အဖွဲ့အနေဖြင့် အတတ်ပညာရှင်များ၏ အကြံပြုချက်များအား  အမျိုးသားအကျိုးစီးပွားနှင့် ဦးစားပေးမှု အစီအစဉ် များနှင့်အညီ အကောင်အထည်ဖော်ဆောင် ရွက်သွား မည်ဖြစ်ပြီး Belt & Road စီမံကိန်းတစ်လျှောက် ဗြိတိန်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာဆက်နွယ်မှုများအတွက်ဂိတ်ပေါက်တစ်ခုအဖြစ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊Standard Chartered ? Citigroup နှင့်HSBC ကဲ့သို့ ဘဏ်ကြီးများအနေဖြင့်Belt & Road Initiative တွင်ပါဝင်ခဲ့ကြောင်း မြို့တော်ကိုယ်စားလှယ် Douglas Filint မှ  ပြောကြားခဲ့ပါသည်။                                   

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူးမြန်မာသံရုံး၊ ဟောင်ကောင်မြို့