Main menu

Background

မဟာမဲခေါင်ဒေသခွဲ၏ ထောက်ပံ့ပေးခြင်းလုပ်ငန်းများ တိုးတက်ရေးကို အထောက်အကူပြုမည့် နားလည်မှုစာချွန်လွှာ (MoU)ကို ယခုလကုန်တွင် လက်မှတ်ရေးထိုးမည်

Wed, 04/18/2018 - 11:40 -- journal_editor

         ထိုင်းနိုင်ငံနှင့်  မြန်မာနိုင်ငံတို့သည် မဟာမဲခေါင်ဒေသခွဲ၏  ထောက်ပံ့ပေး ခြင်းလုပ်ငန်းများ (logistics) တိုးတက်ရေးကို အထောက်အကူပြုမည့်   IICBTA (Initial Implementation of a Cross-border Transport Agreement) အတွက် နားလည်မှုစာချွန်လွှာ(MoU)ကို ယခုလကုန်တွင် လက်မှတ်ရေးထိုးရန်ရှိကြောင်း သိရှိရသည်။ အဆိုပါ IICBTAကို လက်မှတ်ရေးထိုးပြီးနောက် လေးလအတွင်းထိုင်းနှင့်မြန်မာတစ်နိုင်ငံစီမှ ကုန်တင်ကား အရေအတွက်အစီး ၁၀၀ သည်  မြန်မာနိုင်ငံရှိ မော်လမြိုင်မြို့နှင့် ထိုင်းနိုင်ငံရှိ မုဒါဟန်မြို့ အထိ အသွားအပြန် ပြေးဆွဲနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့နှစ်နိုင်ငံအကြား MoU ရေးထိုးခြင်းသည် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် မဲေ ခါင်မြစ်ဝှမ်းဒေသရှိ ခြောက်နိုင်ငံက အတည်ပြုထားကြသည့် Cross-border Transport Agreement သဘောတူညီချက်များအရ တစ်စိတ်တစ်ပိုင်းအားဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ သည် မဟာမဲခေါင်ဒေသ၏ Cross-border Transport Agreement ပါ သဘောတူညီချက်များအားလုံးကို အပြည့်အဝလက်မှတ်ရေးထိုးထားခြင်းမရှိသေးသော်လည်း ထိုင်း နှင့် မြန်မာနှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် နယ်စပ်ဖြ တ်ကျော် ကုန်သွယ်ရေး မြင့်တက်လာမှုကို အထောက်အကူဖြစ်စေရန် ထိုင်းနိုင်ငံနှင့် လက်မှတ်ရေးထိုးရ ခြင်းဖြစ်ကြောင်း  မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း ရှင်များအသင်း (Myanmar   International   Freight   Forwarders’ Association) ဥက္ကဋ္ဌ ဦးအောင်ခင်မြင့်က ပြောခဲ့သည်။

         မြန်မာနိုင်ငံ၏ထောက်ပံ့ပေးရေးကဏ္ဍ (logistic sector) ကို အထောက်အကူပြုမည့် ပို့ဆောင်ရေးအခြေခံ အထောက်အပံ့များသာမက လူ့စွမ်းအားအရင်း အမြစ်များပါ လက်ရှိအချိန်တွင် တိုးတက်လာကြောင်း၊ မြန်မာနို င်ငံသည် မဲခေါင် ဒေသတွင်းနိုင်ငံများနှင့် ခိုင်မာသောကုန်ထုတ်လုပ်ငန်း ချိတ်ဆက်မှုဖြစ်လာစေရန် နှင့်နိုင်ငံတကာအဆင့်မီဖြစ်လာသည်အထိမြန်မာနိုင်ငံ၏ပို့ဆောင်ရေးအခြေခံအဆာက်အဦကိုအဆင့်မြှင့်တင်ပေးမည့် လမ်း စီမံကိန်း ၁၆၇ ခုကို အကောင်အထည်ဖော်ရန်ရှိကြောင်း၊ အာရှအဝေးပြေးလမ်းမနှင့် မဟာမဲခေါင် ညဒေသခွဲရှိစီးပွားရေးစြင်္က ံများနှင့်ချိတ်ဆက်နိုင်ရန်မြန်မာနိုင်ငံ၏ လမ်းများစွာကိုအဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ တွင် ကုန်တင်ရပ်နားစခန်းနှင့် နိုင်ငံတကာအဆင့်မီသိုလှောင်ရုံများ အရေးတကြီးလိုအပ်နေပြီး ယင်းစနစ်များကို ပံ့ပိုးပေးမည်ဆိုပါက သယ်ယူစရိတ် ကျဆင်းသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ကုန်တင်ယာဉ်မောင်းများ၏ အရည် အချင်းကိုလည်း မြှင့်တင်ပေးရန် လိုအပ် ကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစန်းမြင့်ဦးက ပြောကြားခဲ့သည်။ ကုန်စည်ပို့ဆောင်ရေးစဉ်ဆက်မပြတ် တိုးတက်မှုရရှိရေးနှင့်ပြည်တွင်းပို့ဆောင်ရေးစနစ် တိုးတက်ကောင်းမွန်ရေးကို အထောက်အကူပြုမည့် Training for Companies on Eco and Definsive Driving သင်တန်းကို အီးယူအထောက် အပံ့ဖြင့် မတ်လ ၁၃ ရက်မှ ၁၆ ရက်အထိ နေပြည်တော်၌ ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းရှိ အသေးစားနှင့်အလတ်စားကုမ္ပဏီ ၁၅၀ မှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့