Main menu

Background

ဆော်ဒီအားကျော်ဖြတ်ကာ အိန္ဒိယသို့ ရေနံတင်ပို့ရောင်းချသည့် ထိပ်ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် အီရတ်ရောက်ရှိ

Wed, 04/18/2018 - 12:03 -- journal_editor

         အီရတ်သည် ဆော်ဒီအာရေဗျ နိုင်ငံကို ကျော်လွန်ကာ အိန္ဒိယသို့    ရေနံ တင်ပို့ရောင်းချသည့် နိုင်ငံများအနက်ထိပ်ဆုံး နေရာ သို့ ရောက်ရှိလာခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်အတွင်း  အိန္ဒိယ နိုင်ငံ ရေနံလိုအပ်ချက်၏ ငါးပုံတစ်ပုံ ကျော်ခန့် အထိ  ထောက်ပံ့ရောင်းချနိုင် ခဲ့ကြောင်း သိရသည်။ ပုံမှန်အားဖြင့်မူဆော်ဒီအာရေဗျသည်အိန္ဒိယသို့ရေနံအများဆုံးတင်ပို့သည့် နိုင်ငံဖြစ် သော်လည်း ယခုအခါ ယင်းအစဉ် အလာကို အီရတ်က ဖျက်ဆီး သိမ်းပိုက်လိုက်ပြီ ဖြစ်သည်ဟု အိန္ဒိယရေနံ ဝန်ကြီး Dharmendra Pradhanက မတ် ၅ ရက်တွင် ပြောကြားလိုက်သည်။

      ၂၀၁၇၂၀၁၈ဘဏ္ဍာနှစ်အတွင်းဆော်ဒီအာရေဗျသည်အိန္ဒိယသို့ရေနံတန်ချိန်စုစုပေါင်း၃၀ဒသမ၉သန်းထောက်ပံ့ရောင်းချနိုင်ခဲ့ပြီး အီရတ်အနေဖြင့် တန်ချိန် ၃၈ ဒသမ ၉ သန်းအထိ ရောင်းချခဲ့ကြောင်း သိရှိ ရပါသည်။ အီရန် အနေဖြင့်မူ  အိန္ဒိယ နိုင်ငံရှိ ဓာတ်ငွေ့လုပ်ကွက် အကောင်အထည်ဖော်ရန် မှာယူထားသည့်ရေနံစိမ်းတင်ပို့မှုနှောင့်နှေးကြန့်ကြာခဲ့ သည့်အတွက် ယင်းတင်သွင်းမှုကို အိန္ဒိယက လျှော့ချလိုက်သော်လည်း တန်ချိန် ၁၈ ဒသမ ၄ သန်းဖြင့် အိန္ဒိယသို့ရေနံ တင်ပို့မှု တတိယ အများဆုံး နိုင်ငံစာရင်းတွင် ဆက်လက်ရှိနေမည် ဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံသည်  တန်ချိန် ၁၅ ဒသမ ၅ သန်းဖြင့် စတုတ္ထအများ ဆုံး၊ နိုင်ဂျီးရီးယားသည် တန်ချိန် ၁၄ ဒသမ ၉ သန်းဖြင့် ပÍ္စမနေရာတွင် ရပ်တည်နေကြောင်း သိရှိရပါသည်။ အိန္ဒိယအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ရေနံစိမ်းတန်ချိန် ၂၀၂ ဒသမ ၈ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်တွင် တန်ချိန် ၂၁၃ ဒသမ ၉ သန်း တို့ တင်သွင်းခဲ့ပြီး လက်ရှိ ဘဏ္ဍာနှစ် ပထမ ၁၀ လအတွင်း ရေနံစိမ်းတန်ချိန် ၁၈၄ ဒသမ ၄ သန်း တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့