Main menu

Background

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အိန္ဒိယက ကျွဲသားတန်ချိန် ၁၃ သိန်းခန့်တင်ပို့နိုင်ခဲ့ပြီး ဗီယက်နမ်၊ မလေးရှားနှင့် အီဂျစ်တို့သို့ အများဆုံးတင်ပို့ခဲ့

Wed, 05/16/2018 - 10:50 -- journal_editor

           အိန္ဒိယနိုင်ငံ၏ ကျွဲသားတင်ပို့မှု ပမာဏမှာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင်       နှစ်ရာခိုင်နှုန်းနီးပါးခန့်   တိုးလာခဲ့ပြီး တန်ချိန် ၁၃ ဒသမ ၄၈ သိန်းသို့ရောက် ရှိလာခဲ့ကြောင်း၊ သို့ရာတွင် တန်ဖိုးအား ဖြင့် ယင်းပို့ကုန်အတွက်  ရရှိငွေမှာ ရူပီး ၂၅၉၈၈ ကုဋေသို့အနည်းငယ်ကျဆင်း ခဲ့ကြောင်း စိုက်ပျိုးရေးပို့ကုန်မြှင့်တင်ရေး အဖွဲ့ဖြစ်သည့် APEDA၏ တရားဝင် ထုတ်ပြန်ထားသည့်အချက်အလက်များ အရ သိရှိရပါသည်။
ဗီယက်နမ်၊ မလေးရှားနှင့် အီဂျစ်  တို့မှာ အိန္ဒိယနိုင်ငံ၏ ကျွဲသားများအဓိက တင်ပို့ရာနိုင်ငံများဖြစ်ကြောင်း၊ အိန္ဒိယ နိုင်ငံ၏ကျွဲသားတင်ပို့မှုပမာဏမှာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ချိန် ၁၃၂၃၅၇၈ တန်ခန့်အတွက် ပို့ကုန်ရရှိငွေ ရူပီး ၂၆၁၆၁ကုဋေရရှိခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ချိန် ၁၃၄၈၂၂၅ တန်ခန့်အတွက် ရူပီး ၂၅၉၈၈ ကုဋေရရှိ ခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးထွက် ကုန်နှင့်  စားသောက်ကုန်တင်ပို့မှု စုစု ပေါင်းတန်ဖိုးအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်တွင် ရူပီး ၁၀၇၄၇၂ ကုဋေခန့်သာရှိခဲ့ ရာမှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရူပီး ၁၁၈၈၁၉ ကုဋေခန့်သို့  ၁၀ ဒသမ ၅ ရာခိုင်နှုန်းခန့်တိုးလာခဲ့ကြောင်း APEDA ၏အချက်အလက်များအရ သိရှိရပါ သည်။ဘာစမာတီဆန် တင်ပို့မှုအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် တန် ၃၉၈၅၂၁၀ မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၄၀၅၁၈၉၆ တန်သို့မြင့်တက်လာခဲ့ပြီး ၎င်းင်းအတွက် ပို့ကုန်ရရှိငွေ ရူပီး ၂၁၅၁၃ ကုဋေမှ ၂၆၈၄၁ ကုဋေသို့မြင့်တက်လာခဲ့ ကြောင်း၊အခြားဆန်တင်ပို့မှုပမာဏမှာ လည်း တန်ချိန် ၆၇၇၀၈၃၃ တန်မှ ၈၆၃၃၂၃၇ တန်သို့ မြင့်တက်ခဲ့ပြီး ယင်း အတွက် ပို့ကုန်ရရှိငွေ မှာ ရူပီး ၁၆၉၃၀ ကုဋေမှ ၂၂၉၂၇ ကုဋေ သို့သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၇-၁၈ ပို့ကုန်တင်ပို့ရရှိငွေ စုစုပေါင်းအနက် နှံစားသီးနှံတင်ပို့မှုမှ ရူပီး ၅၁၇၉၆ ကုဋေ၊ မွေးမြူရေးပို့ကုန်မှ ရူပီး ၂၉၇၁၂ ကုဋေ၊ သစ်သီးနှင့် ဟင်းသီး ဟင်းရွက်တင်ပို့မှုမှ ရူပီး ၉၇၄၄ကုဋေ၊တန်ဖိုးမြှင့်သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုမှ ရူပီး၇၄၅၆ ကုဋေနှင့် အခြား တန်ဖိုး မြှင့်စားသောက်ကုန် တင်ပို့မှုမှ ရူပီး ၁၈၉၃၉ ကုဋေရရှိခဲ့ကြောင်း သိရှိရသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့