
ဂျပန်နိုင်ငံရှိ JBICဘဏ် (Japan Bank for International Cooperation) သည် ထိုင်းအစိုးရ၏ အဓိကလေဆိပ်ကြီး သုံးခု ကိုချိတ် ဆက် မည့်အမြန်ရထားလမ်း စီမံကိန်းနှင့် ထိုင်းအစိုးရမှ ဦးစားပေး အကောင်အထည်ဖော်လျက်ရှိသည့် အရှေ့ပိုင်းစီးပွား ရေးစြင်္ကံ၌တည်ဆောက်မည့် အခြားသောအခြေခံအဆောက် အဦစီမံကိန်းများအတွက် အတိုးနှုန်းသက်သာသောချေးငွေ များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရှိရ သည်။ JBIC ဘဏ်၏ အမှုဆောင်အရာရှိချုပ် Mr.Tadashi Maeda သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ကျန်အိုကျာနှင့်ဒုတိယဝန်ကြီးချုပ် Mr.Somkid Jatusripitak တို့အား ၂၀၁၈ ခုနှစ် မေ ၃ ရက်တွင် တွေ့ဆုံခဲ့သည်။ ဂျပန် JBICဘဏ် သည်ထိုင်းနိုင်ငံ၏ အဓိကလေဆိပ်သုံးခုဖြစ်သော ဒွန်မောင်း၊ သုဝဏ္ဏ ဘူမိနှင့် ဥတပေါင်လေဆိပ်တို့ကို ချိတ်ဆက်ဖောက် လုပ်မည့် အမြန်ရထားလမ်းများ ဖွံ့ဖြိုးရေးအတွက် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်ရှိကြောင်း ဒုတိယဝန်ကြီးချုပ် Mr.Somkid ကပြောကြားခဲ့ပါ သည်။
လေဆိပ်သုံးခုကိုချိတ်ဆက် ဖောက်လုပ်မည့် အမြန်ရထား လမ်း စီမံကိန်းများအား အစိုးရ-ပုဂ္ဂလိကအကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် (Private Public Partnership - PPP)ဖြင့် အကောင်အထည်ဖော်မည်ဖြစ်သည်။ အဆိုပါရထားလမ်း များအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ဘတ် ၂၂၄ ဒသမ ၅၄ ဘီလီယံရှိပြီး BOTစနစ် ဖြင့် နှစ် ၅၀ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ် သည်။ ရထားလမ်းစီမံကိန်း လေလံအစီအစဉ်များကို ယခုလ အတွင်း စတင်ဆောင်ရွက် ၍ ပုဂ္ဂလိကကုမ္ပဏီများမှ တင်ပြလာ သည့် စီမံကိန်းအဆိုပြုချက်များအပေါ် ပဏာမစိစစ်ချက်ကို လေးလ အတွင်းဆောင် ရွက်မည် ဖြစ်သည်။ ထို့နောက် စီမံကိန်း လေလံအောင်မြင်သည့်ကုမ္ပဏီကို ယခုနှစ် နိုဝင်ဘာလတွင်ထုတ်ပြန် ရန်ရှိပါသည်။
ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့
