Main menu

Background

ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့မှ smart banking ကိုမြှင့်တင်ရန် ငွေချေးငှားခြင်းစည်းမျဉ်းစည်းကမ်း များအား ဖြေလျှော့

Thu, 05/24/2018 - 15:41 -- journal_editor

အွန်လိုင်းမှသော်လည်းကောင်း၊ မိုဘိုင်းဖုန်းမှသော်လည်းကောင်း personal loansလျှောက်ထားခြင်းကို ဝင် ငွေနှင့်လိပ်စာ အထောက်အထားပေးရန် မလိုအပ်ဘဲလက်ခံရန်  ဘဏ်များ အား ဟောင်ကောင်ငွေကြေး အာဏာပိုင် အဖွဲ့ မှခွင့်ပြုခဲ့သည်။ ထိုသို့ ဖြေလျှော့ရခြင်းမှာ ဒေသတွင်းဘဏ်များ ဘဏ္ဍာရေးနည်း ပညာအသုံးပြုမှု မြင့်တက်လာစေရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။ လက်ရှိအချိန်ထိ personal loansအားလုံး အတွက် ဝင်ငွေနှင့် နေရပ်လိပ်စာ အထောက်အထားတင်ပြရန်လိုအပ်ပြီး ယခု အခါတွင် ဆန်းသစ်တီထွင်မှု နည်းပညာဖြင့် ချေးငွေဆုံးရှုံးနိုင်မှုအန္တရာယ် စီမံခန့်ခွဲခြင်း နည်းပညာသစ်အား အစား ထိုး အသုံးပြုသွား မည်ဖြစ်သည်။

ညွှန်ကြားချက်အသစ်တွင် ဘဏ် များအနေဖြင့် ချေးငွေဆုံးရှုံးနိုင်မှုအန္တရာယ်အားအကဲဖြတ်ရန်သတင်းအချက်အလက်များစတင်စုဆောင်းနိုင်ကြောင်း၊သမားရိုးကျချေးငွေပမာဏထက်နည်းရန်လိုအပ်ကြောင်း၊ ချေးငွေပမာဏအား လက်ရှိဘဏ်များ၏ ချေးငွေအဆင့်ပေါ်မူတည်၍ ဘဏ်များနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း ငွေချေးယူသူတွင်ရှိသော ငွေအရင်းအနှီး ပမာဏ၏ ၁၀ရာခိုင်နှုန်းထက်ပို ၍ချေးငှားခွင့် မပြုကြောင်း  ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့မှ ပြောကြားခဲ့ပါသည်။

အစီအစဉ်သစ်အား တစ်ဦးချင်းအတွက်သာမက တည်ထောင်စလုပ်ငန်းများကိုလည်း ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သို့သော်လည်း အပေါင်စာချုပ်ဖြင့် ချေးငှားခြင်းအား ခွင့်ပြုမည်မဟုတ်ကြောင်း သိရှိရပါသည်။ အဆိုပါ အစီအစဉ်သစ် အား တရုတ်ဘဏ် (ဟောင်ကောင်)မှ ကြိုဆိုကြောင်း ဘဏ်များ၏ဝန်ဆောင်မှုအား မြှင့်တင်နိုင်၍ လျှောက်ထားချိန်ကာလမြန်ဆန် ပြီး  စာရွက်စာတမ်းလိုအပ်ချက် လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။     

    

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟောင်ကောင်မြို့