Main menu

Background

အမေရိကန်က အီရန်အပေါ် အရေးယူပိတ်ဆို့မည့်သတင်းထွက်ပေါ်ပြီးနောက် ဧပြီလအတွင်း အိန္ဒိယသည် အီရန်မှရေနံ တင်သွင်းမှု စံချိန်တင်မြင့်တက်

Thu, 05/31/2018 - 14:56 -- journal_editor

ဧပြီလတွင်   အိန္ဒိယအနေဖြင့် အီရန်မှရေနံတင်သွင်းမှုမှာ တစ်နေ့လျှင်   ရေနံစည်ပေါင်း ၆၄၀၀၀၀ ခန့်ထိ မြင့် တက်လာခဲ့ ကြောင်း၊ ယင်းကာလအတွင်း အိန္ဒိယအနေဖြင့် နေ့စဉ်ရေနံတင်သွင်းမှု ပမာဏမှာ စည်ပေါင်း ၄ ဒသမ ၅၁ သန်း ခန့်အထိရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလတွင် တင်သွင်းခဲ့သည့်ပမာဏထက်၂ဒသမ၅ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ ၂၀၁၆ခုနှစ်အောက်တိုဘာလမှလက်ရှိကာလအတွင်းအမြင့်ဆုံးပမာဏဖြစ်ကြောင်း၊ အီရန်အပေါ်အမေရိကန်၏ စီးပွားရေး အရေးယူပိတ်ဆို့မှု မချမှတ်မီရေနံချက် စက်ရုံက ကြိုတင်ဝယ်ယူမှုများရှိလာသည့် အတွက် ယခုကဲ့သို့ပမာဏသိသိ သာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း   သိရှိရ သည်။

အိန္ဒိယသည်   တရုတ်ပြီးနောက် အီရန်၏ဒုတိယအများဆုံး ရေနံစိမ်းဝယ် ယူသူဖြစ်ကြောင်း၊   သင်္ဘောတင်စရိတ် သိသိသာသာ   လျှော့ချရန် အီရန်က သဘောတူညီခဲ့ပြီးနောက်တွင် အိန္ဒိယမှ ရေနံသန့်စင် စက်ရုံများအနေဖြင့် တင်သွင်း မှုမြင့်တက်လာကြောင်း၊ ယခုအခါ အီရန်၏ နျူကလီးယားအစီအစဉ်အား ကန့်သတ်ရန်အတွက်  အမေရိကန်က အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ် ရန် အမေရိကန်သမ္မတက ဆုံးဖြတ်ခဲ့ရာ ယင်းဆုံးဖြတ် ချက်ကြောင့် အိန္ဒိယအပေါ် မည်သို့ထိခိုက်မှုရှိနိုင်မည်ကို ပြောဆိုရန် မသင့်သေးဟု အိန္ဒိယရေနံဝန်ကြီးက ပြောကြားထားကြောင်း၊ ပြီးခဲ့သည့်လ တွင် အီရန်နိုင်ငံသည်  အိန္ဒိယသို့ ရေနံ တင်ပို့ရောင်းချသည့်     နိုင်ငံများအနက် အီရတ်နှင့် ဆော်ဒီအာရေးဗျပြီးနောက် တတိယ အများဆုံးနိုင်ငံအဖြစ် ဆက် လက်ရပ်တည်ခဲ့ကြောင်း၊ ဗင်နီဇွဲလား နိုင်ငံသည် စတုတ္ထနေရာတွင် ရှိခဲ့ကြောင်း သိရှိရသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့