Main menu

Background

ဒစ်ဂျစ်တယ်ငွေကြေးဖြင့်ဝယ်ယူပါက ရေနံစိမ်းအား ၃၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ရောင်းချမည်ဟု ဗင်နီဇွဲလားကအိန္ဒိယ ထံကမ်းလှမ်း

Thu, 05/31/2018 - 15:00 -- journal_editor

တောင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗင်နီဇွဲလား နိုင်ငံသည် ကမ္ဘာ ပေါ်တွင် အရန်ရေနံပမာဏ အများဆုံးရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်ငွေကြေး ဖြင့် ဝယ်ယူမည်ဆိုပါက ၎င်းင်းတို့ အနေဖြင့် ရေနံစိမ်း ဈေးနှုန်းအား ၃၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ရောင်းချပေးမည်ဟု ဗင်နီဇွဲလားက ကမ်းလှမ်းထားကြောင်း သိရှိရပါသည်။

လက်ရှိတွင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၇၅ အမေရိကန်ဒေါ်လာအထိ စံချိန်တင်မြင့်တက်နေရာ အဆိုပါ ကမ်း လှမ်းချက်အား စိတ်ဝင်စားနိုင်ဖွယ်  ဟန်ရှိသော်လည်း ဒစ်ဂျစ်တယ်ငွေကြေး (cryptocurrency) အသုံးပြုခြင်းနှင့် ယင်း ငွေကြေးဖြင့် ကုန်သွယ်မှုပြုခြင်းကို စိတ်မဝင်စားသည့် အိန္ဒိယ နိုင်ငံအတွက် အကျပ်ရိုက်နိုင်ကြောင်း သိရှိရပါသည်။

ရိုက်တာ၏ သတင်းအချက်အလက်များအရ အိန္ဒိယက ဗင်နီဇွဲလားနိုင်ငံမှ ရေနံတင်သွင်းမှုပမာဏမှာ ဆယ်စုနှစ်ဝက် အတွင်း အနိမ့်ဆုံးသို့ ကျဆင်းလာခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် နိုဝင် ဘာမှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီအတွင်း အိန္ဒိယက ဗင်နီဇွဲလားမှ ရေနံတင်သွင်းမှု ပမာဏမှာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် စည်ပေါင်း သုံးသိန်းဝန်းကျင်သာရှိကြောင်း၊ ယင်းပမာဏသည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်း ခန့်ထိ ကျဆင်းခဲ့ပြီး ၂၀၁၂ ခုနှစ်မှ လက်ရှိကာလအတွင်း အနိမ့် ဆုံး သို့ကျဆင်းခဲ့ကြောင်း သိရှိရသည်။ 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့