Main menu

Background

ထိုင်းနိုင်ငံရှိ SaKaeo SEZ ၏ဖွံ့ဖြိုးရေးလုပ်ငန်းများကို 2018 ခုနှစ် ဒီဇင်ဘာလတွင်စတင်မည်

Thu, 06/07/2018 - 15:11 -- journal_editor

SaKaeo Industrial Estate သည် အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စတင် ဆောင်ရွက်မည်ဖြစ်ရာ  ထိုင်းအစိုးရ၏ဦးဆောင်မှုဖြင့် ဆောင်ရွက်မည့် အထူး စီးပွားရေးဇုန်စီမံကိန်းများအနက် အစော ဆုံးအကောင်အထည်ဖော်သည့် စီမံကိန်း တစ်ခုဖြစ်လာပါမည်။

Sa Kaeo SEZ(Sa Kaeo Special Economic Zone)အတွက် အစိုးရပိုင်မြေ Rai 660 (1 Acre = 0.395 Rai)ကို ၂၀၁၆ ဖေဖော်ဝါရီလကတည်းက ငှားရမ်းခဲ့ပြီး ဖြစ်သည်။ ှေ ုနေသ ှုညိကျအမငေူ နျအအေန သည်  ဗမညေပစေမအေ့နအ  ခရိုင်တွင်ရှိပြီး ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှ သုံးကီလို မီတာသာကွာဝေးပါသည်။Sa Kaeo Industrial Estateအတွင်း စက်မှုဇုန်အတွက်  မြေဧရိယာ Aranyaprathet  ၊ အခြေခံ အဆောက်အဦများ အတွက် မြေဧရိယာ ၁၆၃Rai နှင့် ပတ်            ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် မြေဧရိယာ ၆၄Rai ဟူ၍ ခွဲခြားသတ်မှတ် ထားသည်။

Sa Kaeo SEZ သည် သဘာဝပတ် ဝန်းကျင်ကိုမထိခိုက်သော စက်မှုမြို့တော် တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်မည့် စီမံကိန်းတစ်ခုဖြစ်သည်။ Sa Kaeo SEZ  ၌အကောင်အထည် ဖော်မည့်စက်မှုဇုန်တွင်မီဂါဝပ် ၅၀ လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊  ကုဗမီတာ ၅၀၀၀ ဆံ့ ရေကန်၊ ကုဗမီတာ ၄၀၀၀ ဆံ့ရေဆိုး သန့်စင်စက်ရုံ၊   မီတာ ၄၀ ကျယ်ဝန်း သည့်အဓိကလမ်းမကြီးတစ်ခု၊ မီတာ ၂၀ ကျယ်ဝန်းသည့်လမ်းမတစ်ခုနှင့်  စွန့်ပစ်  ပစ္စည်းမီးစက် စသည်တို့ကို ထည့်သွင်း တည်ဆောက်မည်ဖြစ်သည်။  Sa Kaeo SEZ၌သန့်ရှင်းသော ဓာတုပစ္စည်းထုတ် လုပ်ခြင်း (hygiene chemical prod- uction) ၊ အထည်ချုပ်လုပ်ငန်း  (garment manufacturing) နှင့် အထည်တင်သွင်း ခြင်း၊တင်ပို့ခြင်း   (import-export of garments)စသည့်လ ုပ်ငန်းသုံးမျိုးအတွက် လုပ်ငန်းရှင်များနှင့်  လက်မှတ်ရေးထိုး ထားပြီးဖြစ်သည်။ ကနေဒါ နိုင်ငံမှ ZIM Internationalကုမ္ပဏီသည် အထည် ချုပ်စက်ရုံ တည်ဆောက်ရန် အတွက် မြေ ဧရိယာ ၆ Raiကို တရားဝင် ငှားရမ်းထား ပြီး ယခုနှစ်အတွင်း လုပ်ငန်းစတင်ဆောင် ရွက်မည် ဖြစ်သည်။ ထို့အပြင် စတိုးဆိုင် များ (convenience store chain)၊ အလှ ကုန်ထုတ်လုပ်ခြင်း   (cosmetics maker)နှင့် သိုလှောင်ရုံ (warehouse provider) စသည့်လုပ်ငန်းသုံးမျိုးအတွက် သက်ဆိုင်ရာလုပ်ငန်းရှင် များနှင့်လည်း မကြာမီ ကာလတွင် လက်မှတ်ရေးထိုးမည်ဖြစ် ကြောင်း သိရှိရပါသည်။

IEAT (Industrial Estate Auth- ority of Thailand) အနေဖြင့် စက်မှုဇုန် များသို့ ဝင်ရောက်လုပ်ကိုင်မည့်လုပ်ငန်း ရှင်များအား ဦးရာလူစနစ်ဖြင့် လက်ခံ ဆောင်ရွက်ပေးလျက်ရှိပြီး  ပထမနှစ် အတွက်  အခမဲ့မြေငှားရမ်းခွင့်ရရှိမည့် အပြင် ဒုတိယနှစ်တွင် ၃၀ ရာခိုင်နှုန်းနှင့် တတိယနှစ်တွင် ၂၀ ရာခိုင်နှုန်း ကိုလျှော့ချပေးမည်ဖြစ်သည်။ ထို့နောက် မြေငှား စက်ရုံများအားလုံးသည် ပထမနှစ်အတွက် အခမဲ့ပြင်ဆင် ထိန်းသိမ်းခွင့် ရရှိမည်ဖြစ်သည်။

Sa Kaeo SEZ  တွင်   စက်မှုဇုန် အမျိုးအစားရှစ်မျိုးခွဲခြားထားပြီး မြေတစ် ျွငေ ငှားရမ်းခသည် တစ်နှစ်လျှင် ဘတ် ၁၆၆၀၀၀ မှ ဘတ် ၁၉၉၂၀၀ အထိနှုန်း ထားအမျိုးမျိုးရှိသည်။ထိုင်းနိုင်ငံရှိSEZ များ၌ ဝင်ရောက် ရင်းနှီးမြှုပ်နှံပါက ပို့ကုန် နှင့် သွင်းကုန်ခွန် (import-export tax)၊ ထပ်တိုးတန်ဖိုးခွန်f(value-added tax)နှင့် ယစ်မျိုးခွန်  (excise tax)စသည့်အခွန်များ ကို ကင်းလွတ်ခွင့်ပြုမည့်အပြင် အမြတ် ခွန်ကင်းလွတ်ခွင့် ရှစ်နှစ်၊ ပို့ဆောင်ရေးနှင့်ရေမီးကုန်ကျစရိတ်၏ နှစ်ဆအား ခုနှိမ်ခွင့် ပေးခြင်းနှင့် လုပ်ငန်းအတွက် လိုအပ်သော အခြေခံ အဆောက်အဦး တည်ဆောက်မှု စရိတ်၏ ၂၅ ရာခိုင်နှုန်းအား ခုနှိမ်ခွင့်ပေး ခြင်း စသည့်ခံစားခွင့်များကိုလည်း ရရှိမည် ဖြစ်ပါသည်။

ထိုင်းအစိုးရသည် Tak, Trat, Mukdahae, Sa Kaeo, Songkhla, Chiang Rai, NongKhai, Nokhon Phanom, Kanchanaburiနှင့် Narathiwat စသည့် ပြည်နယ် ၁၀ ခု၌ အထူးစီးပွားရေး ဇုန် ၁၀ ခုကိုတည်ထောင် ရန် ၂၀၁၅ ခုနှစ် တွင် ချမှတ်ခဲ့သည်။  Sa Kaeo SEZ တွင် စိုက်ပျိုးရေးနှင့် ငါးမွေးမြူရေး၊ အထည် အလိပ်နှင့် သားရေ၊ ပရိဘောဂ၊ ကျောက် မျက်ရတနာ၊ ဆေးပစ္စည်း၊ မော်တော်ကား နှင့်စက်ပစ္စည်း၊    အီလက်ထရောနစ်၊ ပလတ်စတစ်၊ ဆေးဝါးအမျိုးမျိုး၊ ထောက်ပံ့ ပို့ဆောင်ရေး၊ စက်မှုဇုန်နှင့်ခရီးသွားစသည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။

ကျော်သူရ၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဗန်ကောက်မြို့