Main menu

Background

အီလက်ထရောနစ် ထုတ်လုပ်သူများအတွက် ပို့ကုန်ဦးစားပေးအစီအစဉ်များကို ဇွန်လတွင် အိန္ဒိယအစိုးရ စတင်

Fri, 06/15/2018 - 14:38 -- journal_editor

အိန္ဒိယနိုင်ငံတွင် အမျိုးသားအီ လက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှုမူဝါဒ သစ် (New National Electronics Manufacturing) မထုတ်ပြန်မီ ပို့ကုန် ဦးစားပေး အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်မှုကို အားပေးမြှင့်တင်ရန် အတွက် အိန္ဒိယအစိုးရသည် အစီအစဉ် သစ်များကို  ဇွန်လမှစ၍   စတင်နိုင်ရန် ကြိုးစားနေကြောင်း သိရှိရပါသည်။

ယင်းအစီအစဉ်များအရ အိန္ဒိယ အစိုးရသည်   မိုဘိုင်းဖုန်းပို့ကုန်များကို သာမက ဆေးပစ္စည်းကိရိယာနှင့် မော် တော်ကားအီလက်ထရောနစ်ကဲ့သု့ိသော ပို့ကုန်ပစ္စည်းများ မြှင့်တင်ရေးကိုလည်း ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည် တွင်း၌ထုတ်လုပ်တင်ပို့ခဲ့သည့် လျှပ်စစ် ပစ္စည်းများအား ပြုပြင်ရန်၊ဝန်ဆောင်မှု ပေးရန်အတွက် သတ်မှတ်ထားသည့် ကာလနှင့်လုပ်ထုံးလုပ်နည်းများ ကျိုး ကြောင်းဆီလျော်ပြီး ပြေပြစ်သွက်လက်မှု ရှိစေရေး ဆွေးနွေးမှုများကိုလည်း ပြုလုပ် နေကြောင်း၊ အိန္ဒိယနိုင်ငံသည် လက်ရှိ တွင် ၃၅ ကုဋေခန့်သော မိုဘိုင်းဖုန်းဈေး ကွက်ကြီးတစ်ခုရှိပြီး နှစ်စဉ်ဖုန်းပေါင်း ၂၂ ဒသမ ၅ ကုဋေခန့်ကို ထုတ်လုပ်လျက်ရှိ ကြောင်း၊ အနာဂတ်တွင်ပြည်တွင်းသုံးစွဲမှု ထက်ပိုလျှံလာနိုင်သည့်အတွက် မိုဘိုင်း ဖုန်းပို့ကုန်များ ပြည်ပသို့ တင်ပို့နိုင်ရေး လမ်း ဖွင့်ပေးထားရန်လိုအပ်ကြောင်း၊ လက်ရှိ တွင် အိန္ဒိယနိုင်ငံ၏ အီလက်ထရောနစ် ပစ္စည်းပို့ကုန်ပမာဏမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ ရှိရာ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံထိ တိုးမြှင့်တင်ပို့နိုင်ရေးရည်မှန်း ထားကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့