Main menu

Background

အိမ်သုံးပစ္စည်းနှင့် အလှကုန်အပေါ် အကောက်ခွန် တရုတ်လျှော့ချ

Thu, 06/21/2018 - 14:14 -- journal_editor

ဇူလိုင်လ ၁ရက်မှစတင်၍ သွင်း ကုန်ပစ္စည်းအချို့အပေါ် အကောက်ခွန် လျှော့ချပေးမည်ဖြစ်ကြောင်း  တရုတ်နိုင်ငံတော် ကောင်စီက ထုတ်ပြန်ထားပါ သည်။ အဆိုပါ အကောက်ခွန်လျှော့ချ မည့်ပစ္စည်းများတွင်   အဝတ်အထည်၊ ဖိနပ်၊ ဦးထုပ်၊ မီးဖိုချောင်သုံးပစ္စည်းနှင့် အားကစားပစ္စည်းများအား ၁၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၇ ဒသမ ၁ ရာခိုင်နှုန်းသို့အသီးသီး လျှော့ချမည်ဖြစ်သည်။ အဝတ် လျှော်စက်နှင့် ရေခဲသေတ္တာကဲ့သို့အိမ် သုံးပစ္စည်းများတွင် ၁၂ ဒသမ ၅ ရာခိုင် နှုန်းမှ ၈ ဒသမ သုည ရာခိုင်နှုန်းသို့ လည်း ကောင်း၊ ရေထွက်ပစ္စည်းနှင့် ရေသန့်ကို ၁၅ ဒသမ ၂ ရာခိုင်နှုန်းမှ  ၆ ဒသမ ၉ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အလှကုန်        နှင့်  ကျန်းမာရေးသုံးပစ္စည်းများတွင် ၈ ဒသမ ၄ ရာခိုင်နှုန်းမှ ၂ ဒသမ ၉ ရာခိုင် နှုန်းသို့ လည်းကောင်း အသီးသီးလျှော့ချ မည်ဖြစ်သည်။

ထို့အပြင် နိုင်ငံခြားသားများရင်း နှီးမြှုပ်နှံရန်  ပတ်ဝန်းကျင်ကောင်းဖြစ် စေရန် ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ပြီး  အထူးသဖြင့်  မော်တော်ကား၊ သင်္ဘောနှင့်  လေယာဉ်ထုတ်လုပ်သည့် လုပ်ငန်းကြီးများ တွင်  ဈေးကွက်ဝင် ရောက်မှုပို၍လွယ်ကူစေရန်လည်း ပံ့ပိုး ပေးသွားမည်ဖြစ်သည်။ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်း များသည် တရုတ်နိုင်ငံ ၏ ပို့ကုန်တိုးမြှင့်တင်ပို့ရာတွင် အရေးပါ သည့်  အထောက်အပံ့ဖြစ်သည့်အပြင် တီထွင်ဖန်တီးမှုနှင့် ကော်ပိုရိတ်အုပ်ချုပ် မှုနည်းဗျူဟာ တိုးတက်မှုအတွက်လည်း အရေးပါသည့်   ကဏ္ဍတွင်  ပါဝင်နေ ကြောင်း တွေ့ရပါသည်။ ၂၀၁၇ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု  အမေရိကန် ဒေါ်လာ၁၃၆ ဒသမ ၇ ဘီလီယံဝင်ရောက် ခဲ့ပါသည်။ အဆိုပါ  Negative List ကို ဇူလိုင် ၁ရက်မတိုင်မီ ပြန်လည်ဆန်းစစ်ထုတ်ပြန် ပေးသွားမည်ဖြစ်သည်။

ထို့အပြင်   ပြည်နယ်အစိုးရများ အား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ တစ် ဘီလီယံနှင့်အောက်ပမာဏ ကို  ကိုင်တွယ်ဆောင်ရွက်ခွင့်ပေးမည် ဖြစ်သည်။  နိုင်ငံခြားသားပညာရှင်များ အတွက် အလုပ်အကိုင် ဗီဇာလျှောက်ထား မှုကို  နှစ်ရက်နှင့် ထုတ်ပေးမည်ဖြစ်ပြီး မြေအသုံးပြုမှုနှင့် ငွေကြေးအရင်းအနှီး အတွက် ဖြေလျှော့မှုများဆောင်ရွက်သွား မည်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော် အဆင့်စီးပွားရေးဇုန်များ ဖော်ထုတ်၍ ရင်းနှီးမြှုပ်နှံမှုကိုပို၍ ဆွဲဆောင်သွားမည် ဖြစ်ကြောင်းသိရပါသည်။ နိုင်ငံတကာမှ ပူပန်မှုဖြစ်နေသည့် အသိÓဏဆိုင်ရာမူ ပိုင်ခွင့်နှင့်ပတ်သက်၍  အဆင့်မြင့်နည်း ပညာဆိုင်ရာ   နိုင်ငံခြားကုမ္ပဏီများ အတွက် အပြည့်အ၀ အကာအကွယ်ပေး သွားမည်ဖြစ်ပြီး နည်းပညာလွှဲပြောင်းမှု အတွက် အတင်းအကျပ်ဆောင်ရွက်မည် မဟုတ်ကြောင်း ဖော်ပြထားပါသည်။

သန္တာခိုင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ပေကျင်းမြို့