Main menu

Background

မော်တော်ကားနှင့် အပိုပစ္စည်း တင်သွားမှု တရုတ်အကောက်ခွန်လျှော့ချ

Thu, 06/21/2018 - 14:20 -- journal_editor

မော်တော်ကားနှင့် အပိုပစ္စည်း တင်သွားမှု တရုတ်အကောက်ခွန်လျှော့ချ

ဇူလိုင် ၁ ရက်မှစတင်၍ တရုတ်သို့တင်သွင်းမည့် မော်တော်ကားနှင့် အပိုပစ္စည်းများအပေါ် အကောက်ခွန်လျှော့ချမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက မေ ၂၂ ရက်က ကြေညာထားပါသည်။ ယခုလက်ရှိ မော်တော် ယာဉ်တင်သွင်းမှုကို အကောက်ခွန် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအတွင်းရှိပြီး ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးမည်ဖြစ်သည်။ မော်တော်ကား အပိုပစ္စည်း များမှာ ယခုလက်ရှိ ရှစ်ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအကြား ရှိပြီး ခြောက်ရာခိုင် နှုန်းအထိလျှော့ချပေးမည်ဖြစ် ကြောင်း သိရပါသည်။

ယခုမူဝါဒအပြောင်းအလဲသည် တရုတ်ကုမ္ပဏီများ၏ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်မှုအတွက်အားပေးရာ ရာက်သည့် အပြင် နိုင်ငံတကာ မှ   မော်တော်ကားကုမ္ပဏီကြီးများအတွက်လည်း  ဈေးကွက်နှင့်ရောင်းအားပါ ပိုမို တိုးချဲ့နိုင် မည်ဖြစ်သည်။ ထို့အပြင် ပြည်တွင်းဝယ်ယူသုံးစွဲသူများအတွက်ပါ ကုန်ပစ္စည်းရွေးချယ်မှု အခွင့်အလမ်းများလာပြီး ဈေးနှုန်း သင့်လျော်စွာဖြင့် ဝယ်ယူ နိုင်မည်ဖြစ်ကြောင်း ပြည်ပမှနာမည်ကြီး ကားကုမ္ပဏီများက သုံးသပ်ထားပါ သည်။

Porsche ၊ Audi ၊ Fordစသည့် နာမည်ကြီးမော်တော်ကားကုမ္ပဏီများက အဆိုပါ အကောက်ခွန်နှုန်းပြောင်းလဲမှုနှင့် ပတ်သက်၍ ဈေးကွက်အကျိုးသက် ရောက်မှုများကို ပြန်လည်သုံးသပ်ဆောင်ရွက်နေပြီး  မော်တော်ကားနှင့် အပို ပစ္စည်းများ ဈေးနှုန်းပြောင်းလဲရန်အတွက် ကြိုတင်ဆောင်ရွက်နေကြပြီဖြစ်သည်။ တရုတ်ကားထုတ်လုပ်သူများနှင့်  နိုင်ငံတကာမှနာမည်ကြီး မော်တော်ကား ကုမ္ပဏီများအကြား အပြုသဘောဆောင်သည့် ယှဉ်ပြိုင်မှု တစ်ခုဖြစ်ပြီး ရေရှည် တွင် နည်းပညာတိုးတက်မှုအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါ သည်။

တရုတ်သို့ ၂၀၁၇ ခုနှစ်အတွင်း ပြည်ပမှ မော်တော်ကားအစီးရေ ၁ ဒသမ ၂၂ သန်းခန့်တင်သွင်းခဲ့ပြီး တစ်နိုင်ငံလုံး မော်တော်ကားရောင်းချမှု၏ ၄ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ဂျာမနီ၊ အမေရိကန်၊ ဂျပန်နှင့် ယူကေတို့မှ အဓိကတင် သွင်းခြင်းဖြစ်သည်။

သန္တာခိုင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ပေကျင်းမြို့