Main menu

Background

ထိုင်းနိုင်ငံ PTT စွမ်းအင်ကုမ္ပဏီသည် LNG ဓာတ်ငွေ့ရည်ကို အာရှနိုင်ငံများသို့ တင်ပို့ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိ

Thu, 06/21/2018 - 14:42 -- journal_editor

ထိုင်းနိုင်ငံရှိ  PTT  စွမ်းအင်ကုမ္ပဏီ သည် LNG  ဓာတ်ငွေ့ရည် (Liquefied Natural Gas))ကိုအာရှနိုင်ငံများသို့တင်ပို့ ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိရာအထူးသဖြင့် တရုတ်နိုင်ငံသို့ ဦးစားပေး တင်ပို့ ရောင်းချ မည်ဖြစ်ကြောင်း သိရှိရ သည်။

ဆယ်စုနှစ်ကာလအတွင်း ဂျပန် နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့၏ LNG  ဓာတ်ငွေ့ရည်ဝယ် လိုအားများ ကျဆင်းလာသော်လည်း တရုတ်နိုင်ငံ၊   ဗီယက်နမ်နိုင်ငံ၊ ကမ္ဘော ဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ LNG ဓာတ်ငွေ့ရည်တင်သွင်းမှုသည် မြင့်တက် လာကြောင်း၊ PTT  ၏  အဓိက LNG  သိုလှောင်ရုံကို မက်ထဖွတ်နှင့် နောင်ဖတ် ဒေသတွင်   အခြေပြုတည်ဆောက်၍ သိုလှောင်ထားသည့်  LNG ပမာဏ၏ထက်ဝက်ခန့် ကို LNG  စီးပွားရေးလုပ် ငန်းအတွက်   အသုံးပြုရန် လျာထား ကြောင်း၊ မက်ထဖွတ်ရှိ LNG သိုလှောင်ရုံ သည် တန်ချိန်စုစုပေါင်း ၁၁ ဒသမ ၅ သန်းကို သိုလှောင်နိုင်ပြီး ပထမသိုလှောင် ရုံသည် တန်ချိန် ငါးသန်းဝင်ဆံ့၍ ၂၀၁၁ ခုနှစ်ကတည်းက လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း၊    ကျန်ရှိသည့် LNG တန်ချိန် ၆ ဒသမ ၅ သန်း ဝင်ဆံ့သည့်  ဒုတိယသိုလှောင်ရုံ   တည်ဆောက်ရေး     လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ နောင်ဖတ်ဒေသရှိ  တတိယ  LNG  သို လှောင်ရုံသည်    တန်ချိန် ၇ ဒသမ ၅ သန်းကို သိုလှောင်နိုင်မည် ဖြစ်ကြောင်း၊ ယင်း  တတိယသိုလှောင်ရုံ၏   တည် ဆောက်ရေးကို ၂၀၂၀ ခုနှစ်တွင် စတင်၍ ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အရောက်တွင်PTT သည် LNG တန်ချိန်စုစုပေါင်း ၁၉ သန်းအထိသိုလှောင်ထား နိုင်မည်ဖြစ်ကြောင်း PTT  ၏ဥက္ကဋ္ဌ Mr. Tevin Vongvanich  က ပြောကြား ခဲ့သည်။

လာမည့် ဆယ်စုနှစ်အတွင်း  ထိုင်းပင်လယ်ကွေ့နှင့် မြန်မာနိုင်ငံတို့မှ သဘာဝဓာတ်ငွေ့ထွက်ရှိမှု ကျဆင်းမှုကို အစားထိုးနိုင်ရန်အတွက် LNG  တန်ချိန် စုစုပေါင်း၂၆ ဒသမ ၅ သန်းအထိ တိုးမြှင့် ရေးအတွက်ကနဦး လေ့လာမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ PTT သည်  LNG   စီးပွားရေးလုပ်ငန်းသို့ ၂၀၀၈ ခုနှစ် တွင် ဝင်ရောက်ခဲ့ပြီး  ၂၀၁၁ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ကြောင်း၊  PTT သည် ထိုင်းနိုင်ငံ၌  LNG  စီးပွားရေးလုပ်ငန်းကို တစ်ဦးတည်း လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊     ကမ်းလွန် သဘာဝဓာတ်ငွေ့   ရှာဖွေရေး လုပ်ငန်းကိုတိုးချဲ့ဆောင်ရွက်လျက်ရှိရာ မိုဇမ်ဘစ် နိုင်ငံတွင်  PTTEP (PTT Exploration and Production Plc) အနေ ဖြင့် ဝင်ရောက် လုပ်ကိုင်လျက်ရှိကြောင်း   ဥက္ကဋ္ဌ Mr. Tevin က ဆက်လက်ပြောကြားခဲ့သည်။

PTT သည်   စုစုပေါင်းငွေလုံးငွေ ရင်း အသုံးစရိတ်လျာထားချက် ဘတ် ၃၄၂ ဘီလီယံအနက် ၃ မှ ၆ ရာခိုင်နှုန်းကို ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍအတွက် သုံးစွဲ မည်ဖြစ်ကြောင်းနှင့်  နောက်ထပ်ဘတ် ၂၄၅ ဘီလီယံကို လည်း ငွေလုံးငွေရင်း အသုံးစရိတ်အတွက် လျာထားခဲ့ကြောင်း သိရှိရသည်။   အဆိုပါ   ငွေလုံးငွေရင်း အသုံးစရိတ် လျာထားချက် အများစုကို လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများအတွက် သုံးစွဲမည် ဖြစ်သကဲ့သို့   ပြန်ပြည့်မြဲစွမ်းအင် ကဏ္ဍအတွက်   အသုံးစရိတ်   လျာထားချက် အများစုကိုလည်း လျှပ်စစ်မော်တော်ကား များ၏  စွမ်းအင်ထိန်းသိမ်းရေး လုပ်ငန်း အတွက် အသုံးပြုမည်ဖြစ်သည်။

PTT  သည် တရုတ်နိုင်ငံတွင် စက် ချောဆီ  စီးပွားရေးလုပ်ငန်းကိုလည်း PTTOR China  ကုမ္ပဏီအနေဖြင့် လုပ်ကိုင်  ဆောင်ရွက်လျက်ရှိပါသည်။ တရုတ်နိုင်ငံ၏   စက်ချောဆီဝယ်လို အားသည်     နှစ်စဉ်လီတာ ၈ မှ  ၁၀ ဘီလီယံ ရှိပြီး ထိုင်းနိုင်ငံတွင် လီတာသန်း ၈၀၀ သာရှိပါသည်။ PTT သည် တရုတ် နိုင်ငံသို့စက်ချောဆီလီတာ ၃ မှ ၅ သန်း ကို နှစ်စဉ်တင်ပို့ရောင်းချနေပြီး ၂၀၁၉ ခုနှစ်တွင်  လီတာ ၁၀ သန်းနှင့် နောက် ဆယ်နှစ်အကြာတွင်   လီတာသန်း ၅၀ အထိတိုးမြှင့်တင်ပို့ရန်  မျှော်မှန်းထား ကြောင်း သိရှိရသည်။  PTT သည် တရုတ် နိုင်ငံတွင် စက်ချောဆီလုပ်ငန်းကိုတိုးချဲ့ ဆောင်ရွက်မည်ဖြစ်သည့်အပြင် ၎င်းင်း၏ စွမ်းအင်စီးပွားရေး လုပ်ငန်း မဟုတ်သော ကော်ဖီဆိုင်လုပ်ငန်း (Café Amazon) ကိုလည်း တရုတ်နိုင်ငံတွင် ဖွင့်လှစ်ရောင်း ချမည်ဖြစ်ကြောင်း PTTOR China   ၏ တာဝန်ခံပုဂ္ဂိုလ်ဖြစ်သော Mr. Buranin  ကပြောကြားခဲ့သည်။

ကျော်သူရ၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဗန်ကောက်မြို့