Main menu

Background

အမေရိကန်နှင့် ကုန်သွယ်ရေးပဋိပက္ခ ညှိနှိုင်းဖြေရှင်းလျက်ရှိ

Thu, 06/21/2018 - 14:46 -- journal_editor

တရုတ်နှင့် အမေရိကန်အကြား  ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ယခုလအတွင်းနှစ်နိုင်ငံ အဆင့်မြင့်အရာရှိ ကြီးများ တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ Joint Statement တစ်စောင် ထုတ်ပြန်၍ အကောက်ခွန်များ အပြန် အလှန် ဖြေလျှော့မှုများပေးရန် သဘောတူညီခဲ့ပါသည်။

သို့သော် မေ ၂၉ ရက်တွင် တရုတ်၌ အဓိကနည်းပညာလုပ်ငန်းများတွင်သုံးစွဲမည့် တန်ဖိုးအမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ကုန်စည်အပေါ်  အကောက် ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံရန် အမေရိကန်မှ ထပ်မံကြေညာခဲ့ရာ တရုတ်မှ နှစ်နိုင်ငံအကြား သဘော တူထားသည့် ကတိကဝတ်များကို လိုက်နာသင့်ကြောင်း၊ တရုတ်အနေဖြင့် မိမိနိုင်ငံ၏ အကျိုးစီးပွားအတွက် အကာအကွယ်ပေး ရန်အသင့်ရှိကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက ပြောကြားလိုက်ပါသည်။

အမေရိကန်၏ အဆင့်မြင့်နည်းပညာကို အားကိုးနေဆဲဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် ZTE  နှင့် Huaweiနည်းပညာကုမ္ပဏီ များအား အမေရိကန်၏ ကန့်သတ်လာမှုများသည် ရေတိုအနေဖြင့် အခက်အခဲများနှင့် ကြုံတွေ့ ရသော် လည်း ရေရှည်တွင် မိမိကိုယ် ပိုင်နည်းပညာဖွံ့ဖြိုးမှုအတွက် ကောင်းမွန်သည့် အချက်တစ်ခုဖြစ်ကြောင်း သုံးသပ်ရပါသည်။

သန္တာခိုင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ပေကျင်းမြို့