Main menu

Background

ဟောင်ကောင်အစိုးရမှ E-cigarettesများအပေါ် သမားရိုးကျစီးကရက်ကဲ့သို့ စည်းကမ်းဥပဒေချမှတ်တော့မည်ဟုဆို

Fri, 06/29/2018 - 11:01 -- journal_editor

ဟောင်ကောင်အစားအစာနှင့်ကျန်းမာရေးဌာနမ E-cigarettes နှင့် အခြားဆေးရွက်ကြီး ထုတ်ကုန်များအား သမားရိုးကျ  စီးကရက် အမျိုးအစား အုပ်စုအောက်တွင် ထည့်သွင်း၍  စည်းကမ်းဥပဒေ ချမှတ်  တော့မည့်အဆို ပြုချက်အား   ဥပဒေပြုလွှတ်တော်သို့  တင်ပြထား ကြောင်း၊ အဆိုပြုချက်တွင် E-cigarettes နှင့် ဆေးရွက် ကြီးနှင့်သက် ဆိုင်သည့် ထုတ်ကုန်များအား   အများပြည်သူကျန်းမာရေးဆိုင်ရာ (ဆေးလိပ်သောက်ခြင်း)  အမိန့်ပြန်တမ်းတွင်   ထည့်သွင်းထားပြီးဖြစ် ကြောင်း၊ သမားရိုးကျ စီးကရက်ကဲ့သို့ အရွယ်မရောက်သေးသူများ အားရောင်းချခြင်း ကြော်ငြာခြင်းမပြုလုပ်ရန်နှင့်  ထုပ်ပိုးရာတွင် ကျန်းမာ ရေးထိခိုက်နိုင်သည့် သတိပေးချက် ပုံများဖြင့်   ထုပ်ပိုးရမည်ဖြစ်ပြီး ဆေးဂျီးနှင့် နီကိုတင်းဓာတ်ကဲ့သို့အန္တရာယ်ရှိပစ္စည်းများ ပါဝင်ကြောင်းဖော်ပြရ မည်ဖြစ်ကြောင်း  အဆိုပြုတင်ပြထားသည်ကို သိရှိရပါသည်။

သမားရိုးကျ   စီးကရက်ကဲ့သို့ပင်  vending machine များမှ ရောင်းချခြင်း မပြုလုပ်ရန်နှင့်နေရာအတော်များများ တွင်ရောင်းချခြင်းအား တားမြစ်မည်ဖြစ်ကြောင်း၊ E-cigarettes မှာ    နီကိုတင်း အရည်အား ဘက်ထရီပါဝါသုံး ကိရိယာဖြင့် အငွေ့ထွက်စေခြင်းဖြင့် သမားရိုးကျ ဆေးလိပ်သောက်ခြင်းကဲ့သို့ဖြစ်စေရန်  အတုယူလုပ်ထားခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။   heat not burn နှင့် heatstick ထုတ်ကုန်များမှာE cigarettes  နှင့်ဆင်တူ သော်လည်း ၎င်းင်းတို့မှာ ဆေးရွက်ကြီးကို အသုံးပြုထားကြောင်း သိရှိရပါသည်။

E-cigarettes သောက်ခြင်းမှာ သမားရိုးကျ  စီးကရက်သောက် ခြင်း၏ လမ်းစဖြစ်မည်ကိုစိုးရိမ်ကြောင်း၊ အမေရိ ကန်မှ သုတေသန သုံးခု၏ဖော်ပြချက်အရ  E-cigarettes သောက်သည့် လူငယ်များမှာ သမားရိုးကျစီးကရက် သောက်သည်ကိုတွေ့ရှိရကြောင်း၊   အချို့သူ များမှ E-cigarettes မှာသမားရိုးကျ စီးကရက်ထက် ပိုမိုအန္တရာယ် ကင်းသည်ဟု စောဒကတက်ပြောကြားကြသော်လည်း  ဆေးဂျီးနှင့် နီကိုတင်းဓာတ်ကဲ့သို့ဘေးအန္တရာယ်ရှိ သည့်ပစ္စည်းများပါဝင်နေသေး ကြောင်း ဟောင်ကောင်အစားအစာနှင့်ကျန်းမာရေးဌာန အတွင်းဝန် Sophia Chan Sui-chee က ပြောကြားခဲ့ပါသည်။

ဟောင်ကောင်၏လူဦးရေ ၁၀ရာခိုင်နှုန်းခန့်မှာ   ဆေးလိပ် သောက်ကြသည့်အတွက်   ဆေးလိပ်သောက်သည့် လူဦးရေအား လျှော့ချလိုကြောင်း၊ E-cigarettes မှာ သမားရိုးကျ စီးကရက်ထက် ပိုမိုအန္တရာယ်ကင်းသည် ဆိုသည်မှာ သက်သေအထောက်အထားမရှိ ကြောင်း၊ E-cigarettes ကို သမားရိုးကျ စီးကရက်အပေါ်ကောက်ခံ သော အခွန်နှုန်းအတိုင်း ကောက်ခံမည်ဖြစ်ကြောင်း၊  လက်ရှိတွင် သမားရိုးကျ စီးကရက် အပေါ်ေ  ကာက်ခံ သောအခွန်နှုန်းမှာ စီးကရက် အလိပ်ပေါင်း ၁၀၀၀တွင် ဟောင်ကောင် ဒေါ်လာ ၁ယ၉၀၆ နှင့် အခြားဆေးရွက် ကြီးထုတ်ကုန်များအပေါ်တွင်     တစ်ကီလိုဂရမ်တွင် ဟောင်ကောင် ဒေါ်လာ ၂ယ၃၀၉ဒေါ်လာနှုန်း ကောက်ခံ ကြောင်း ပြောကြားခဲ့ပါသည်။

အချို့နိုင်ငံများတွင် ဆေးလိပ်မဖြတ်နိုင်သောသူများအတွက် E-cigarettes ကို ပြောင်းလဲသောက်ရန်တွန်းအားပေး သည့်မူဝါဒများ ချမှတ်ကျင့်သုံးနေချိန်တွင် ဟောင်ကောင်အနေဖြင့်  E-cigarettes အတွက် စည်းကမ်းဥပဒေ သတ်မှတ်ခြင်းအား လျှော့ပေါ့ စဉ်းစားသင့် ကြောင်း E-cigarettes ထုတ်လုပ်သူများဘက်မှလည်း ပြန်လည်ခုခံ ပြောကြားကြကြောင်းသိရှိရပါသည်။

ဖြူဖြူလှိုင်၊စီးပွားရေးသံမှုး

မြန်မာသံရုံး၊ ဟောင်ကောင်မြို့