Main menu

Background

ယခုနှစ် စက်တင်ဘာအတွင်း အိန္ဒိယနိုင်ငံ၏ ကျောက်မီးသွေးတင်သွင်းမှု တန်ချိန် ၂၁ သန်းထိ ရှိလာခဲ့

Mon, 10/29/2018 - 15:47 -- journal_editor

     အိန္ဒိယနိုင်ငံ၏ ကျောက်မီးသွေး တင်သွင်းမှုမှာ ယခုနှစ် စက်တင်ဘာ လတွင် တန်ချိန် ၂၁ ဒသမ ၁ သန်းထိ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလ ပမာဏတန်ချိန် ၁၅ ဒသမ ၆၁ သန်း ထက် ၃၅ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ ကြောင်း၊ ထိုသို့တိုးမြင့်လာရခြင်းမှာ နိုင်ငံအတွင်းရှိ လျှပ်စစ်စက်ရုံများမှာ ကျောက်မီးသွေးပြတ်လပ်မှုနှင့်ရင်ဆိုင် နေရခြင်းကြောင့်ဖြစ်ပြီး အဓိကအား ဖြင့် non - coking coal  တင်သွင်းမှုမြင့် မားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ oking coal  တင်သွင်းမှုမှာမူ ယခင်နှစ်အလား တူကာလနှင့်နှိုင်းယှဉ်ပါက အနည်းငယ် လျော့နည်းခဲ့ကြောင်း သိရှိရပါသည်။လက်ရှိဘဏ္ဍာနှစ် ပထမခြောက် လအတွင်း ကျောက်မီးသွေး တင် သွင်းမှု  အနေဖြင့်မူ စုစုပေါင်းတန်ချိန် ၁၁၉ ဒသမ ၄၂ သန်းခန့်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလအတွင်း တင်သွင်းခဲ့ သည့်ပမာဏတန်ချိန် ၁၀၄ ဒသမ ၈၁ သန်းထက် ၁၃ ဒသမ ၉ ရာခိုင်နှုန်းတိုး လာခဲ့ကြောင်း၊ ထိုသို့ တိုးမြင့် ခဲ့ ရ သည့် အဓိက အကြောင်းအရင်းများမှာ စွမ်း အင်ကဏ္ဍတွင် ကျောက်မီးသွေး ပြတ် လပ်နေခြင်းကြောင့် ဝယ်လိုအား မြင့်မား နေ ချိန်တွင် ကမ္ဘာ့ဈေးကွက်၌Thermal Coal ဈေးနှုန်းများ ပုံမှန်ဖြစ်လာခြင်းတို့ ကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။
    Thermal Coal တင်သွင်းမှုအနေ ဖြင့် လက်ရှိဘဏ္ဍာနှစ် ပထမခြောက်လ အတွင်း တန်ချိန် ၈၂ ဒသမ ၅ သန်းခန့် ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလတွင် တင်သွင်းခဲ့သည့် တန်ချိန် ၇၀ ဒသမ ၂၁ သန်းထက် ၁၇ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်နှစ် များအတွင်း ကျောက်မီးသွေးတင်သွင်း မှုအနေဖြင့် ၂၀၁၄-၁၅ တွင် တန်ချိန် ၂၁၇ ဒသမ ၇ သန်းခန့်ရှိခဲ့ရာမှ ၂၀၁၆-၁၇ တွင် တန်ချိန် ၁၉၀ ဒသမ ၉ သန်း သို့ လျော့ကျခဲ့ကြောင်း၊ သို့ရာတွင် ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်တွင်မူ ဝယ်လိုအား ပြန် လည်မြင့်တက်လာသည့်အတွက် တန်ချိန် ၂၀၈ ဒသမ ၂၇ သန်းသို့ တိုးမြင့်လာခဲ့ သည်ဟု အစိုးရက ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့။