Main menu

Background

ပေကျင်းအစိုးရမှ တရုတ်ပြည်မကြီးတွင် နေထိုင်သည့် ဟောင်ကောင်သားများအတွက် ဝင်ငွေခွန် ဥပဒေပြင်ဆင်သတ်မှတ်

Fri, 11/23/2018 - 14:20 -- journal_editor

     တရုတ်ဗဟိုအစိုးရမှ တရုတ်ပြည်မ ကြီးအတွင်း ရက်ပေါင်း ၁၈ ၃ ရက်နှင့် အထက် နေထိုင်သူများအနေဖြင့် တရုတ် နိုင်ငံတွင်းဖြစ်စေ ပြည်ပ၌  ဖြစ်စေရရှိ သော ဝင်ငွေအားကြေညာတင်ပြရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်ထုတ်ပြန်ခဲ့သည်။ အဆိုပါ တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ ကွန်ဂရက်ကော်မတီမှ ထုတ်ပြန်ခဲ့သည့် မူဝါဒအသစ်မှာလာ မည့်ဇန်နဝါရီလ ၁ ရက်တွင် စတင် အကျုံးဝင်မည်ဖြစ်ပြီး တရုတ်ပြည်မကြီး အတွင်းရက်ပေါင်း ၁၈၃ ရက်နှင့် အထက်နေထိုင်သည့် မကာအိုနှင့် ဟောင်ကောင်သားများ အနေဖြင့် ဟောင်ကောင်ဒေသနှင့် တရုတ် ပြည်မကြီးအတွင်း နှစ်နေရာလုံးမှ ရရှိ သည့် ဝင်ငွေအား ကြေညာတင်ပြရမည် ဖြစ်ကြောင်း သိရှိရပါသည်။
    ဥပဒေသစ် မပြင်ဆင်မီက တရုတ် ပြည်မကြီးအတွင်း (၁)နှစ်နှင့် အထက် နေထိုင်ပြီး တရုတ်ပြည်မကြီးအတွင်း ဝင်ငွေရရှိသူများသာ အခြား ပြည်ပ နိုင်ငံများတွင်ရရှိသည့် ဝင်ငွေအား တင်ပြ ရန်လိုအပ်ပြီး တရုတ်ပြည်မကြီး တွင် အိမ်ပိုင်ဆိုင်ခြင်းမရှိဘဲ တစ်နှစ်ပြည့် သည်အထိ နေထိုင်ခြင်းမရှိသည့်သူများ အနေဖြင့် တရုတ်ပြည်မကြီးတွင် ရရှိ သော ဝင်ငွေသာတင်ပြရန်လိုအပ်ကြောင်း သိရှိရပါသည်။ယခုပြင်ဆင်သည့် ဥပဒေသစ် တွင်တရုတ်ပြည် မကြီး တွင် ကြာရှည်စွာ နေထိုင်သည် ဖြစ်စေ၊ မနေထိုင်သည် ဖြစ်စေ၊ ၁၈၃ ရက်နှင့်အထက် နေထိုင် သည့်သူများအနေဖြင့် ပြည်ပနိုင်ငံများ တွင်ရှိသည့် အပ်နှံငွေအပေါ်တွင် ရရှိ သည့်အတိုး၊ အမြတ်ဝေစု၊ အိမ်ခြံမြေ ရောင်း ချခြင်း ၊ ငှားရမ်းခြင်းမှရရှိသည့် ဝင်ငွေအပါအဝင် ရရှိသည့်ဝင်ငွေအား လုံးအားတင်ပြရန် လိုအပ်ကြောင်း၊ တရုတ်ပြည်မကြီးတွင် တစ်ဦးချင်း ဝင်ငွေ ခွန်အား ၃ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်း အတွင်း ခုနှစ်မျိုးခွဲခြားထားကြောင်း၊ ဟောင်ကောင်၏ လစာအခွန်နှုန်းမှာ ၂ ရာခိုင်နှုန်းနှင့်  ၁၇ ရာ ခိုင်နှုန်းကြားတွင် ရှိကြောင်း သိရှိရပါသည်။
အခွန်နှစ်ကြိမ်ပေးဆောင်ခြင်းမှ ရှောင်ရှားနိုင်ရန် ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးမှ အာဏာပိုင်များ အကြားသဘောတူညီချက်ဖြင့် အခွန် ပြဿနာကိုဖြေရှင်းနိုင်မည် ဖြစ်ကြောင်း၊ တရုတ်ပြည်မကြီးတွင် အလုပ်လုပ်ကိုင် ပြီး ဟောင်ကောင်တွင် အခြေချနေထိုင် သည့်သူများအနေဖြင့် ဟောင်ကောင် တွင်သာ ဝင်ငွေခွန်ပေးဆောင်ရန်လျှောက် ထားနိုင်ပြီး တရုတ်ပြည်မကြီးတွင် ပေး ဆောင်ရန်မလိုအပ်ကြောင်း၊ သို့သော် လည်း တရုတ်ပြည်မကြီးတွင် တိုက်ခန်း ဝယ်ယူသည့်သူများအတွက် အခွန်ကင်း လွတ်ခွင့်ရရှိမည် မဟုတ်သကဲ့သို့ အငြိမ်း စားယူပြီးချိန်တွင် တရုတ်ပြည်မကြီးသို့ ပြောင်းရွှေ့ နေထိုင်သူများအနေဖြင့် ဟောင်ကောင်ရှိ အိမ်ခြံမြေများ ငှားရမ်းမှု မှ ရရှိသည့် ဝင်ငွေအပေါ်တွင်လည်း ကင်း လွတ်ခွင့် ရရှိမည်မဟုတ်ကြောင်း သိရှိ ရပါသည်။ 

 

 

  ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဟောင်ကောင်မြို့။