Main menu

Background

နိုင်ငံခြားသား အလုပ်သမားများအပေါ် အခွန်ကောက်ခံမှု အစီအစဉ်တင်းကြပ်ရန် တောင်ကိုရီးယား စီစဉ်လျက်ရ

Fri, 11/23/2018 - 14:28 -- journal_editor

        တောင်ကိုရီးယားနိုင်ငံNational Tax Service က နိုင်ငံခြားသား အလုပ် သမားများ အပေါ် အခွန်ကောက်ခံမှု အစီအစဉ်ကို ပိုမိုတင်းကြပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အောက်တိုဘာ လအတွင်း ထုတ်ပြန်ကြေညာခဲ့ သည်။ အဆိုပါကိစ္စသည်  အဓိကအတိုက်ခံ ပါတီဖြစ်သော National Tax Service  ၏ ကိုယ်စားလှယ်ဖြစ်သူ Choo Kyung-ho က ၂၁၇၈ ဦးသော နိုင်ငံခြားသား အလုပ်သမားများသည် အခွန်ငွေ ၁၅  ဘီလီယံဝမ် ၁၃ ဒသမ ၂ မီလီယံ ဒေါ်လာ အားပေးဆောင်ရန် ပျက်ကွက်လျက်ရှိ ကြောင်း၊ National Tax Serviceအနေ ဖြင့် ကိုရီးယား အလုပ်သမားများအစား ဝင်ရောက်လာသော နိုင်ငံခြားသားများ ထံမှ ထိရောက်သော အခွန်ငွေ ကောက်ခံ ခြင်းမရှိေ ကြာင်း၊ လက်ရှိအသုံးပြုနေ သည့်စနစ်နှင့် ရနိုင်သော သတင်းအချက် အလက်များအရ နိုင်ငံခြားသား မည်မျှ သည် အခွန်ပေးဆောင်သင့်ကြောင်းကို ခြေရာခံရန် ခက်ခဲကြောင်းနှင့် အခွန် ပေးဆောင်ရန် ပျက်ကွက်ပါကလည်း ၎င်းတို့ကို ပြစ်ဒဏ်ပေးရန် ခက်ခဲကြောင်း စသည်ဖြင့် နိုင်ငံခြားသား လုပ်သားများ အပေါ် အခွန်ကောက်ခံခြင်း ကိစ္စရပ် နှင့် စပ်လျဉ်း၍ ပြောကြားပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
     ဥပဒေအရ နိုင်ငံခြားသားများ တောင်ကိုရီးယားနိုင်ငံမှ ထွက်ခွာသည့် အခါ ၎င်းတို့အနေဖြင့် အခွန်ဆောင် သည့် စာရွက်စာတမ်းများအား လူဝင်မှု ကြီးကြပ်ရေးရုံးများတွင် ဖြည့် စွက်ရ သော်လည်း  တရားရေးဝန်ကြီး ဌာနက   အဆိုပါကိစ္စအား တင်းတင်းကြပ်ကြပ် ဆောင်ရွက်ခြင်းမရှိခြင်းကြောင့် ကိုရီး ယားမှ နှစ်စဉ် ထွက်ခွာလျက်ရှိသော ၁၃ မီလီယံရှိသော နိုင်ငံခြားသားများ (ခရီးသွားများနှင့် အခြား ဧည့်သည် များအပါအဝင်)တို့အပေါ် ဥပဒေသက် ရောက်မှုရှိစေရေးအတွက် အခက်အခဲ များစွာ ဖြစ်ပေါ်စေလျက် ရှိခြင်းကြောင့် ယခုကဲ့သို့ ပိုမိုတင်းကြပ်ဆောင်ရွက် သွားရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရှိရ သည်။ တောင်ကိုရီးယားNational Tax Service မှ အချက်အလက်များအရ နိုင်ငံခြားသား အလုပ်သမားများ၏ တရားဝင် ဝင်ငွေသည် ၂၀၁၂ ခုနှစ်တွင် ဝမ် ၅ ဒသမ ၉ ထရီလီယံရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ဝမ် ၉ ဒသ မ၅ ထရီလီယံခန့် ရှိကာ များစွာ တိုးတက်ခဲ့ကြောင်း သိရှိ ရသည်။       
     ခင်မျိုးသော်၊ စီးပွားရေးသံမှူး