Main menu

Background

တရုတ်မှ နို့ထွက်ပစ္စည်းများ တင်သွင်းခြင်းအပေါ် တားမြစ်မိန့်အား အိန္ဒိယအစိုးရက လေးလသက်တမ်းတိုးမြှင့်

Thu, 01/17/2019 - 15:43 -- journal_editor

    အိန္ဒိယအစိုးရသည်    ချောက လက်များအပါအဝင် တရုတ်နိုင်ငံထုတ် နို့နှင့် နို့ထွက်ပစ္စည်းများ တင်သွင်းမှု အပေါ် တားမြစ်မိန့်ကို  လာမည့်နှစ် ဧပြီလ ၂၃ ရက်ထိ ၄ လသက်တမ်း ထပ်မံတိုးမြှင့်လိုက်သည်ဟု   ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးက ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄  ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌  ဖော်ပြထားကြောင်း သိရှိရပါသည်။
အိန္ဒိယအစိုးရသည်   အဆိုပါ တားမြစ်မိန့်ကို    ၂၀ဝ၈ ခုနှစ်၊ စက် တင်ဘာလ၌ စတင်ထုတ်ပြန်သတ်မှတ် ခဲ့ကာ  နောက်ပိုင်းတွင် မကြာခဏ သက်တမ်းတိုးခဲ့ကြောင်း၊ နောက်ဆုံး ထုတ်ပြန်ထားသည့် တားမြစ်မိန့်သည် ၂၀၁၈ ခုနှစ်  ဒီဇင်ဘာ ၂၃  ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ကြောင်း၊ တားမြစ် မိန့်ထုတ်ပြန်ခဲ့ရခြင်း၏     အဓိက အကြောင်းအရင်းမှာ တရုတ်နိုင်ငံမှ တင်ပို့သည့်   နို့ထွက်ပစ္စည်းအချို့၌ မယ်လမင်းဓာတ်ပါရမှုကို   စစ်ဆေး တွေ့ရှိခဲ့ခြင်းကြောင့်    ဖြစ်ကြောင်း၊ အိန္ဒိယသည် တရုတ်မှ နို့နှင့် နို့ထွက် ပစ္စည်းများကို တင်သွင်းခြင်းမရှိသော် လည်း ကြိုတင်ကာကွယ်သည့်အနေ ဖြင့်  အဆိုပါတားမြစ်မိန့်အား ထုတ်ပြန် ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အိန္ဒိယသည် ကမ္ဘာပေါ်တွင် နို့ အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ် သည့်အပြင် နို့အများဆုံး သုံးစွဲသည့် နိုင်ငံလည်းဖြစ်ကာ နှစ်စဉ်နို့တန်ချိန် သန်း ၁၅၀ ဝန်းကျင် ထုတ်လုပ်ကြောင်း၊ Uttar Pradesh    ပြည်နယ်သည် အိန္ဒိယ ၌ နို့အများဆုံးထုတ်လုပ်သည့် ပြည် နယ်ဖြစ်ပြီး Rajasthan  နှင Gujarat  တို့သည် ဒုတိယနှင့် တတိယအများဆုံး ထုတ်လုပ်သည့်   ပြည်နယ်များဖြစ် ကြောင်းသိရှိရပါသည်။
ယဉ်ယဉ်နွယ်(စီးပွားရေးသံမှူး)