Main menu

Background

ဘူတန်ဝန်ကြီးချုပ်၏ ခရီးစဉ်မတိုင်မီ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား ကုန်သွယ်မှုစည်းမျဉ်းများကို အိန္ဒိယဖြေလျော့

Thu, 01/17/2019 - 15:44 -- journal_editor

     ၂၀၁၆ ခုနှစ်တွင် အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့သည့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားကုန်သွယ်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များသည် ဘူတန်မှ အိန္ဒိယ သို့ လျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချမှုအပေါ် ဆိုးရွားစွာ သက်ရောက်စေ ခဲ့ကြောင်း၊ ယခုနောက်ဆုံးထုတ်ပြန်လိုက်သည့် ပြင်ဆင်ချက်သည် ဘူတန် နိုင်ငံအား အဓိက သက်သာရစေခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယအစိုးရသည် ဘူတန်ဝန်ကြီးချုပ်၏  နယူးဒေလီခရီးစဉ်မတိုင်မီ ရက်အနည်းငယ်အလိုတွင် ゞင်း၏ နှစ်နှစ်သက်တမ်းရှိ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား ကုန်သွယ်မှုစည်းမျဉ်းစည်းကမ်းကို ပြင်ဆင်ကြောင်း ထုတ် ပြန်ခဲ့ပါသည်။
ယခင်စည်းမျဉ်းများသည် အိန္ဒိယသို့ ဓာတ်အားတင်ပို့ရောင်းချနေသည့် ဘူတန်နှင့် နီပေါအား အခက်အခဲဖြစ်စေခဲ့သည့်အတွက်  ယင်းသတ်မှတ်ချက် များအား ပြင်ဆင်ပေးရန် အဆိုပါနိုင်ငံများက အိန္ဒိယထံ  တောင်းဆိုထား ကြောင်း၊ သို့ဖြစ်၍ နီပေါနှင့် ဘူတန်တို့၏ အဆိုပြုချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ကြည့်ရှုပေးရန် အိန္ဒိယအစိုးရက ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ယခင်ပြဋ္ဌာန်းချက်တွင်   အစိုးရပိုင်(သို့မဟုတ်) အိန္ဒိယကုမ္ပဏီက ရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ကုမ္ပဏီများသည်သာ အိန္ဒိယအစိုးရခန့် အပ်ထားသည့် အဖွဲ့အစည်း၏ ခွင့်ပြုချက်ရယူ၌ အိန္ဒိယဈေးကွက်သို့ လျှပ်စစ် ဓာတ်အား တင်ပို့ရောင်းချနိုင်သည်ဟု ဖော်ပြပါရှိကြောင်း သိရှိရပါသည်။
ယခု ပြန်လည်ပြင်ဆင်ထားသည့် ပြဋ္ဌာန်းချက်တွင်မူ အိန္ဒိယအစိုးရ ခန့် အပ်ထားသည့် အဖွဲ့အစည်း၏ ခွင့်ပြုချက်ရယူ၍  မည်သည့်ကုမ္ပဏီကမဆို အိန္ဒိယနှင့်   လျှပ်စစ်ဓာတ်အား တင်ပို့/တင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး၊ အစိုးရအချင်းချင်း သဘောတူစာချုပ်များနှင့် ပါဝင်ပတ်သက်နေသည့် ကိစ္စ ရပ်များ၌ အိန္ဒိယအစိုးရခန့်အပ်ထားသည့် အဖွဲ့အစည်း၏ ခွင့်ပြုချက်ရယူရန် မလိုအပ်ဟု ဖော်ပြပါရှိကြောင်း သိရှိရပါသည်။
                ယဉ်ယဉ်နွယ်(စီးပွားရေးသံမှူး)