Main menu

Background

မြန်မာနိုင်ငံမှ ထွက်ရှိသည့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံအမျိုးအစားများအား အိန္ဒိယသို့ ဘဏ္ဍာနှစ်စသည်နှင့် တင်သွင်းနိုင်ရေးဆောင်ရွက်လျက်ရှိ

Mon, 04/08/2019 - 15:16 -- journal_editor

        အိန္ဒိယနိုင်ငံသည်  ကမ္ဘာပေါ် တွင် ပဲအများဆုံးထုတ်လုပ်၊ တင်ပို့သည့် နိုင်ငံဖြစ်ပြီး ပဲအများဆုံး စားသုံးသည့် နိုင်ငံလည်းဖြစ်သည့်အတွက် ပြည်ပမှ တင်သွင်းရန်လိုအပ်ချက်လည်းရှိနေ သေးရာ လက်ရှိကာလအထိ ပြည်ပမှ ပဲအမျိုးအစားအချို့ကို တင်သွင်းနေပြီး  ကမ္ဘာ့ပဲအများဆုံးတင်သွင်းသည့် နိုင်ငံ အဖြစ် ဆက်လက် ရပ်တည်လျက်ရှိပါ သည်။ သို့ရာတွင် ၂၀၁၇-၁၈ သီးနှံ ရာသီမှစ၍ ပြည်တွင်းထုတ်လုပ်မှု မြင့် မားလာပြီးနောက် အိန္ဒိယအစိုးရသည် ဈေးနှုန်းကိုသာမက လိုအပ်သည့် ပမာဏ အား ထိန်းညှိတင်သွင်းနိုင်သည့် အနေ အထားမျိုးဖြစ်ပေါ်စေရန် ယခင်က လွတ် လပ်စွာ တင်သွင်းခွင့်ပြုထားသည့် ပဲ အမျိုးအစားများဖြစ်သည့် ပဲစင်းငုံ (Tur/ Pigeon Peas ၊ မတ်ပဲ Urad/Matpe ၊ ပဲတီစိမ်း (Green Mung/ Moong) နှင့် ပဲလုံး (Peas) သည်  ပဲအမျိုးအစား လေးမျိုးအား ကန့်သတ် ကုန်စည်ခေါင်း စဉ်အောက်သို့ အသီးသီး ပြောင်းလဲ ထည့်သွင်းခဲ့ပါသည်။ မတ်လ ၂၉ ရက်တွင် အိန္ဒိယအစိုးရ သည် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ယင်းပဲအမျိုးအစား လေးမျိုး အား တင်သွင်းခွင့်ပြုမည့် ပမာဏကို အစိုးရပြန်တမ်းအမှတ် No 1314/REGD. No.DL-33004/99 ဖြင့် ထုတ်ပြန် ကြေညာပေးခဲ့ပါသည်။
          အိန္ဒိယအစိုးရသည် ကန့်သတ် ကုန်စည်ပဲအမျိုးအစား တစ်ခုချင်းစီ အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း တင်သွင်းခွင့်ပြုမည့် ကန့်သတ် ပမာဏများအား အထက်ဖော်ပြပါ ပြန် တမ်းအောက်တွင် Statutory Order (S.O) တစ်ခုချင်းစီဖြင့် သီးသန့်စီခွဲ၍ သတ်မှတ်ထုတ်ပြန်ပေးခဲ့ပါသည်။ သို့ဖြစ်၍ အိန္ဒိယအစိုးရက လာ မည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တစ်နှစ် စာ ခွဲတမ်းအဖြစ် တင်သွင်းခွင့်ပြုမည့် ကန့်သတ်ကုန်စည်ပဲအမျိုးအစားများ ၏ ပမာဏများမှာ S.O 1478 (E) ဖြင့် ပဲတီစိမ်း (Moong)တန်ချိန် ၁ ဒသမ ၅ သိန်းခန့်ကိုလည်းကောင်း၊ S.O.1480 (E) ဖြင့် မတ်ပဲ (Urad) တန် ချိန် ၁ ဒသမ ၅   သိန်းခန့်ကိုလည်းကောင်း၊ S.O.1481(E) ဖြင့် ပဲစင်းငုံ တန်ချိန်နှစ် သိန်းခန့်တို့ကို အသီးသီးသတ်မှတ်ခွင့် ပြုထားပါသည်။ အိန္ဒိယအစိုးရက သတ်မှတ်ထားသည့် ကန့်သတ်ကုန်စည် ပဲအမျိုးအစားလေးခုအနက် အထက် ဖော်ပြပါ ပဲအမျိုးအစားသုံးခုမှာဘဏ္ဍာ နှစ်အလိုက် သတ်မှတ်ခွင့်ပြုထားခြင်း ဖြစ်သော်လည်း ယခင်နှစ်ကမူ လုပ်ထုံး လုပ်နည်းများ (Procedures) ထုတ်ပြန် ချိန်တွင် မေလကုန်မှ သြဂုတ်လကုန် အတွင်းအပြီး တင်သွင်းရန် သတ်မှတ်ချက် ထည့်သွင်းဖော်ပြခဲ့ပါသည်။ သို့ဖြစ်၍ ယခုနှစ်တွင်လည်း ဏမသခနိကမနျ ထုတ်ပြန် ချိန်၌ တင်သွင်းခွင့် ကာလကန့်သတ် ချက် ထပ်မံထည့် သွင်းခြင်းရှိ/မရှိကို စောင့်ကြည့်ရမည်ဖြစ်ကာ ယင်းနှင့် စပ် လျဉ်း၍ သီးခြား ဖော်ပြထားခြင်း မရှိပါ က ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုသည့် ခွဲတမ်း ပမာဏဖြစ်သည့်အတွက် တစ်နှစ်ပတ် လုံး တင်သွင်းနိုင်မည်ဟု မှတ်ယူနိုင်မည် ဖြစ်ပါသည်။
ကျန်အမျိုးအစားတစ်ခုဖြစ်သည့် ပဲလုံး (Peas) တင်သွင်းခွင့်ကန့်သတ် ချက်အနေဖြင့် ယခင်ကသုံးလတစ်ကြိမ် သာ ထုတ်ပြန်ခဲ့သော်လည်း ယခုတစ် ကြိမ်တွင်မူ ကန့်သတ်ကာလအား ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၀ ခုနှစ် မတ် ၃၁ ရက်အထိ သတ်မှတ်ခဲ့ပြီး ယင်း ကာလအတွင်း တင်သွင်းခွင့်ပြုသည့် ခွဲတမ်းပမာဏအဖြစ် တန်ချိန် ၁ ဒသမ ၅ သိန်းခန့်သတ်မှတ်ခဲ့ကြောင်း သိရှိရ ပါသည်။ ယခုထုတ်ပြန်သည့် ပြန်တမ်းပါ ကြေညာချက်များအရ လာမည့်ဘဏ္ဍာ နှစ်တွင် ကန့်သတ်ပဲအမျိုးအစားများ အတွက် တင်သွင်းခွင့်ပမာဏကိုသာ ဖော်ပြထားသော်လည်း ယင်းနှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများအား DGFTက ထုတ်ပြန်ကြေညာမည်ဟု ဖော်ပြထားပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံမှ ထွက်ရှိ သည့် မတ်ပဲ၊ ပဲတီစိမ်းနှင့်ပဲစင်းငုံအမျိုး အစားများအား အိန္ဒိယသို့ဘဏ္ဍာနှစ် စသည်နှင့်တင်သွင်းနိုင်ရေးအတွက် အထက်ဖော်ပြပါ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ကြေညာပေးနိုင်မည့် အချိန်/ အခြေအနေများအား အိန္ဒိယကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းလုပ်ထုံးလုပ်နည်းများအား မကြာမီ ရက်များအတွင်း DGFTက ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့။