Main menu

Background

ဟောင်ကောင်အစိုးရမှ အိုနာစာရန်ပုံငွေထည့်ဝင်မှု မြင့်မားလာစေရန် အခွန်လျှော့ချပေးသည့်ဥပဒေထုတ်ပြန်ခဲ့

Tue, 04/09/2019 - 11:12 -- journal_editor

           မဖြစ်မနေထည့်ဝင်ရသည့် အိုနာစာရန်ပုံငွေသို့ ထည့်ဝင် သော အလုပ်သမားများအနေဖြင့်  ၎င်းတို့အငြိမ်းစားယူချိန်တွင် လိုအပ်သည့်ငွေပမာဏ လုံလောက်မှုရှိစေရန်အတွက် ၎င်းတို့ကိုယ် တိုင်လိုလိုလားလား ထပ်တိုး ထည့်ဝင်လာစေရေးအစိုးရမှ အခွန် ဆိုင်ရာမက်လုံးများ ပေးသင့်ကြောင်း ပညာရှင်များမှ တိုက်တွန်းခဲ့ ကြပြီးနောက်  ဟောင်ကောင်အစိုးရမှရန်ပုံငွေတွင် ထည့်ဝင်မည့် ပမာဏမြင့်မားလာစေရေးအတွက် ဝင်ငွေခွန်ပေးဆောင် ရမည့် လစာမှ နုတ်ပယ်ခွင့်ပြုသည့် ပမာဏအား  တိုးမြှင့်သတ်မှတ်ပေး ထားသည့် ဥပဒေသစ်တစ်ရပ်အား ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေ သစ်မှာ ဧပြီ ၁ ရက်တွင် စတင်အကျုံးဝင်ခဲ့ကြောင်း သိရှိရပါသည်။
        လက်ရှိတွင် အလုပ်သမားများနှင့်  ဝန်ထမ်းများအနေဖြင့် အိုနာစာရန်ပုံငွေသို့မဖြစ်မနေထည့်ဝင်ရသည့် အနိမ့်ဆုံးပမာဏသာလျှင် ထည့်ဝင်ကြသည့်အတွက် အလုပ်သမားများအနေဖြင့် အငြိမ်းစားယူချိန်တွင် လုံလောက် သည့်ငွေကြေးစုဆောင်းမှုရှိစေရန် အခြား ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် လိုအပ်နေသေးကြောင်း သိရှိရပါသည်။ လက်ရှိတွင် အိုနာစာရန်ပုံငွေသို့ အလုပ်ရှင်ဘက်မှ အလုပ်သမားများ လစဉ်ဝင်ငွေ၏ ငါးရာခိုင်နှုန်းနှင့် အလုပ်သမား များဘက်မှ ၅ ရာခိုင် နှုန်းအသီးသီး ထည့်ဝင်ရပြီး အဆိုပါရန်ပုံငွေထည့်ဝင်ငွေ များအား တိုးပွားလာစေရန် စတော့ရှယ်ယာများနှင့် အခြားအာမခံလုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံထားရှိကာ အသက်(၆၅)နှစ်ပြည့်၍ ပင်စင်ယူ ချိန်တွင်  မိမိနှင့် အလုပ်ရှင်တို့မှ ထည့်ဝင်ထားသောပမာဏနှင့် ရင်းနှီးမြှုပ်နှံ၍ ရရှိလာသော အကျိုးအမြတ်များပါ တစ်လုံးတစ်ခဲ တည်းပြန်လည်ထုတ်ယူနိုင်ကြောင်း သိရှိရပါသည်။
           ဥပဒေသစ်တွင် အလုပ်သမား၊ ဝန်ထမ်းများအနေဖြင့် လာမည့်ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်ပေးဆောင်ရမည့် ဝင်ငွေစုစုပေါင်းပမာဏမှ တစ်နှစ်လျှင် ဟောင်ကောင်ဒေါ်လာ ၆၀၀၀၀ ထိ နုတ်ပယ်ခွင့်ရှိသည့်အတွက် ဟော င်ကောင်ေ ဒါ်လာ ၁၀၂၀၀( ၆၀၀၀၀ ထ ၁၇ရာခိုင်နှုန်း) သက်သာကြောင်း၊ တစ်ဦးချင်းဝင်ငွေအပေါ်မူတည်၍  ဟောင် ကောင်ဒေါ်လာ ၁၈၀ မှ ၁၀၂၀၀ ထိ အခွန်သက်သာခွင့် ရရှိကြမည် ဖြစ်ကြောင်း၊ ယခင်ဥပဒေတွင် ဝင်ငွေ ၏ ၁၇ ရာခိုင်နှုန်းအား ဝင်ငွေ ခွန်အဖြစ်  ပေးဆောင်ရပြီး  အိုနာစာရန်ပုံငွေသို့  ထည့်ဝင်သည့် အမြင့်ဆုံးကန့်သတ်ချက်ဖြစ်သော  တစ်နှစ်လျှင် ဟောင်ကောင် ဒေါ်လာ ၃၆၀၀၀ သာ ဝင်ငွေမှ နုတ်ပယ်ခွင့်ပြုခဲ့သည့်အတွက် ယခု ဥပဒေသစ်တွင် ယခင်ထက် တစ်နှစ်လျှင် ဟောင်ကောင်ဒေါ်လာ ၄၀၈၀ ((၆၀၀၀၀-၃၆၀၀၀)ထ ၁၇ ရာခိုင်နှုန်း)ခန့် အခွန်ကင်းလွတ်ခွင့် ရရှိ ကာဇနီးမောင်နှံနှစ်ဦးအတွက် စုစုပေါင်းဟောင်ကောင်ဒေါ်လာ ၈၁၆၀ ခန့် ပိုမိုစုေ ဆာင်းနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
         အစိုးရအနေဖြင့် အခွန်နုတ်ပယ်ခွင့်အား အမြင့်ဆုံးဟောင် ကောင် ဒေါ်လာ ၁၀၀၀၀၀ထိ တိုးမြှင့်သတ် မှတ်ရန် ပြန်လည်သုံးသပ် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟောင်ကောင်၏ အိုနာစာ ရန်ပုံငွေကို  တိုးပွား၍ အမြတ်ရရှိစေရန် ရင်းနှီးမြှုပ်နှံပေးသော အဓိကလုပ်ငန်းများမှာ HS BC ၊ Manu-life ၊ AIA ၊ Prudential Principal Trust Co (Asia)၊  MassMutual Asia နှင့် Sun Life Hong Kong  တို့ဖြစ်ကြောင်းနှင့် ဟောင်ကောင်မှာ သက် ကြီးရွယ်အိုလူဦးရေ အချိုးပိုမိုများပြားသော်လည်း ရန်ပုံငွေတွင် ထည့်ဝင်သည့်ပမာဏ မှာလျော့နည်းနေသေးသည့်အတွက် အိုနာစာရန်ပုံငွေပမာဏမှာ ကမ္ဘာတွင် တတိယမြောက် အနိမ့်ဆုံးအဆင့်တွင် ရှိနေကြောင်း သိရှိရပါ သည်။ 

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟောင်ကောင်မြို့။