Main menu

Background

ရေချိုနှင့် ရေငန်ရေထွက်ကုန် အစားအသောက်များကို ပိုမိုတင်သွင်းနေသည့် ဟူနန်ပြည်နယ်

Fri, 05/03/2019 - 13:35 -- journal_editor

        တရုတ်နိုင်ငံတောင်ပိုင်းရှိ ပြည် နယ်တစ်ခုဖြစ်သော  ဟူနန်ပြည်နယ် သည် ၂၀၁၉ ခုနှစ်  ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း  ရေချိုနှင့် ရေငန် အစားအသောက် တန်ချိန် ၃၂၇၇ ဒသမ ၆ တန် တင်သွင်းခဲ့ပြီး ပြီးခဲ့ေ သာနှစ် အလားတူကာလကထက် ၁၆၀ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့ခြင်းဖြစ် ပါသည်။ တင်သွင်းမှု တန်ဖိုးအားဖြင့် ယွမ် ၂၃၀ သန်းဖိုး တင်သွင်းခဲ့ပြီး ၉၂၀ ရာခိုင်နှုန်း   တိုးတက်လာခြင်းဖြစ်ပါ သည်။ ပျမ်းမျှ  သွင်းကုန်ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၆၈ ဒသမ ၇ ယွမ် ရှိခဲ့ကာ ၃၀၀ ရာခိုင်နှုန်း  တိုးလာခဲ့ပါ သည်။
       ဟူနန်ပြည်နယ်သို့ ရေချိုနှင့် ရေငန်အစားအသောက်များ တင်သွင်းမှုမှာ ၂၀၁၈ ခုနှစ်မှစတင်၍  အတက် ဘက်သို့ ဦးတည်လာခဲ့ပါသည်။ ၂၀၁၈ ခုနှစ် သြဂုတ်လမှစ၍ လစဉ်တင်သွင်းမှု ပမာဏနှစ်ဆ ဖြစ်လာခဲ့ပြီး  ၂၀၁၉ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ များတွင် သွင်းကုန်ပမာဏ ၇ ဒသမ ၅ ဆနှင့် ၁၁ ဒသမ ၁ ဆ အသီးသီး တိုး တက်လာပါသည်။ ထိုကာလများအတွင်း  ဟူနန် ပြည်နယ်သည် ဗီယက်နမ်မှ ရေထွက်ကုန်ပစ္စည်းများကို   ပမာ ဏအားဖြင့် အများဆုံး တင်သွင်းခဲ့ခြင်းဖြစ်ကာ စုစုပေါင်း   ရေထွက်ကုန်တင်သွင်းမှု၏ ၄၂ ဒသမ ၆ ရာခိုင်နှုန်းခန့်ကို တင်သွင်း ခဲ့သည်ကို တွေ့ရပါသည်။ တန်ဖိုးအား ဖြင့် အများဆုံးတင်သွင်းခဲ့သည့် နိုင်ငံ မှာ ကနေဒါနိုင်ငံမှဖြစ်ပြီး  စုစုပေါင်း တန်ဖိုး၏ ၆၉ ဒသမ ၆ရာခိုင်နှုန်းခန့်ကို တင်သွင်းခဲ့ကြောင်း  တွေ့ရပါသည်။အဓိကတင်သွင်းသည့် ရေထွက်ကုန် စည်များမှာ ပုစွန်တုတ်ကြီးနှင့်  အေးခဲ ကင်းမွန်များဖြစ်ကြပါသည်။
ရေထွက်ကုန်များကို  တင်သွင်း ရာတွင် လေကြောင်းလိုင်းဖြင့် အဓိက သယ်ယူပို့ဆောင်ပါသည်။ ၂၀၁၉ ခုနှစ် ပထမနှစ်လအတွင်း ဟူနန်ပြည်နယ် သည် လေကြောင်းဖြင့်  ရေထွက်ကုန် ပစ္စည်း ၂၀၇၁ ဒသမ ၇ တန်ကို တင် သွင်းခဲ့ပြီး ၂၅ ဒသမ ၂ ဆ တိုးတက်လာ ကာ စုစုပေါင်းတင်သွင်းမှု၏ ၆၃ ဒသမ ၂ရာခိုင်နှုန်း ရှိခဲ့ပါသည်။ လေကြောင်း ဖြင့် တင်သွင်းခဲ့သည့် သွင်းကုန်တန်ဖိုး မှာ  ယွမ်သန်း ၂၀၀ဖြစ်ပြီး ၄၀ ဒသမ ၆ဆ တိုးတက်လာကာ ရာခိုင်နှုန်းအား ဖြင့် ၈၇ ရာခိုင်နှုန်း ရှိခဲ့ပါသည်။
         ယမန်နှစ်မှစ၍ ဟူနန်ပြည်နယ် တွင် ကုန်စည်အပြည့်တင်ဆောင်လာသည့်  လေယာဉ်များကို ဖွင့်ပေးခဲ့ပါ သည်။ သွင်းကုန်အားဖြင့် ကုန်တင် လေယာဉ်အများစုတို့မှာ ရေချိုနှင့် ရေငန်အစားအစာများကို သယ်ဆောင် လာကြပါသည်။ ပို့ကုန်အားဖြင့် ကုန် တင်လေယာဉ်အများစုတို့သည် ဟူနန် နှင့် အခြားတရုတ်ဒေသများမှ  ထွက် ရှိသည့် ကုန်စည်အမျိုးမျိုးတို့ကို သယ် ဆောင်ကြပါသည်။ ထိုကဲ့သို့ လေယာဉ် ဖြင့် ကုန်သွယ်သည့်လမ်းကြောင်း ဖွင့် လှစ်ပေးခဲ့သည့်အတွက် ဟူနန်ပြည်နယ်မှ တင်သွင်းသည့် ရေချိုနှင့် ရေငန်ကုန်စည်များ၏ ပမာဏနှင့် တန်ဖိုးမှာ လျင်မြန်စွာတိုးတက်လာခြင်း ဖြစ်ပါသည်။

 

ဒေါက်တာရွှေစင်ကို စီးပွားရေးသံမှူး၊ နန်နင်းမြို့။