Main menu

Background

ဟောင်ကောင်တွင်ဈေးကွက်ရရှိရန် ကွမ်ရှီးပြည်နယ်၏ အရည်အသွေးမြင့် စီးပွားရေးလုပ်ငန်း ၂၉ ခုကို " ကျန့်" ပုံနှိပ်ပေး၍ အသိအမှတ်ပြုခံရ

Thu, 05/30/2019 - 11:29 -- journal_editor

         မကြာသေးမီက ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ စီးပွားရေးလုပ်ငန်းဌာနသည် ဟောင်ကောင်တွင် ခင်းကျင်းပြသရောင်းချသည့် စီးပွားရေးလုပ်ငန်းပေါင်း ၂၉ ခုတို့မှ ထုတ်လုပ်သော ကွမ်ရှီးအထူးပြုကုန် စည်များ၏ နိုင်ငံရပ်ခြား ဈေးကွက် အတွက် "ကျန့်"ပုံနှိပ်ပေးကာ ၎င်းတို့ကို အသိအမှတ်ပြုခဲ့သည်။ ၎င်းအထူးပြုကုန်စည်များမှာ လက်ဖက်၊ ဆန်၊ ဆန် ခေါက်ဆွဲနှင့် သစ်သီးဝလံများဖြစ်ကြပြီး ဟောင်ကောင်မှတစ်ဆင့် နိုင်ငံြ ခားဈေး ကွက်ဆီသို့ တင်ပို့ရေးအတွက် အလွန်အရေးကြီးသည့်ကုန်ပစ္စည်းများဖြစ် ကြသည်။
       ယခုနှစ်တွင် ကွမ်ရှီးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် ၎င်း၏အထူး ပြုကုန်စည်များကို ဈေးကွက်ရှာဖွေရေးအတွက် အမျိုးသားအဆင့် အဆင့်မြှင့် တင်ဆောင်ရွက်မှုကိုလည်း ပြုလုပ်သွား မည်ဖြစ်ကာ ၎င်းကို ''Guizihao" ကုန် အမှတ်တံဆိပ်တွဲ စီမံကိန်းဟုခေါ် သည်။ ၎င်းစီမံကိန်းမှာ"Guicha (ကွမ်ရှီးလက်ဖက်)"၊ "Guiguo (ကွမ်ရှီးသစ် သီးဝလံ)"၊ "Guijiu (ကွမ်ရှီးအရက်)"၊ "ကွမ်ရှီးဆန်ခေါက်ဆွဲ" များနှင့် အခြား ကုန်စည်များအပေါ် အလေးထား သွားမည်ဖြစ်ကာ နှစ်ကာလကြာရှည်စွာ တစ်သမတ်တည်း  ထုတ်လုပ်လာသည့် (Time-honored) အမှတ်တံဆိပ်များ နှင့် ဓွကငဖင့သေဒဒ ကုန်အမှတ်တံဆိပ်တွဲ အုပ်စုဖြစ်သော  အွန်လိုင်းမှ ရောင်းချသည့်  ကုန်စည်များနှင့် "မြို့တစ်မြို့ အတွက် ကုန်စည်တစ်မျိုး" လက်ဆောင်အမှတ်တံဆိပ်များကို မြှင့်တင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
        လက်ရှိအချိန်တွင်  "ကွေ့ကျိုးင့် "ကွမ်ရှီး" ဆန်ခေါက်ဆွဲများအတွက် အရောင်းမြှင့်တင်မှုများကို ပြုလုပ်ပေးထားရာ အပြုသဘောဆောင်သည့် ရလဒ်များ ရရှိထားပြီးဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ဒေသထွက် အများပြည်သူ ပိုင် အမှတ်တံဆိပ်အခု ၅၀၊ ကုန်ပစ္စည်း အမှတ်တံဆိပ်အခု ၁၀၀ နှင့် ကော်ပိုရိတ်အမှတ်တံဆိပ်များကို တည်ဆောက်သွားရန် ကွမ်ရှီးက စီစဉ်ထားသည်။ ထိုသို့စီစဉ်ထားရှိမှုမှာ ဇောင်းလူမျိုး၏ ဘဝ-အကျိုးပြုသော၊ လှပသော၊ လတ်ဆတ်သော၊ ရနံ့ကောင်းသောကုန်စည်များကို ပြည်နယ်နှင့် ကမ္ဘာသို့ ပြသရန်အတွက် အမှတ်တံဆိပ်ရှိပြီး အရည်အသွေးမြင့်မားကာ စံနှုန်းပြုထားပြီးဖြစ်သည့် အထူးပြုထုတ်လုပ်သော ကုန်စည်များ ဖွံ့ဖြိုးတိုး တက်လာမှု ကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

 

ရင်းမြစ်။ Nanning Daily  
ဒေါက်တာရွှေစင်ကို
စီးပွားရေးသံမှူး (နန်နင်းမြို့)