Main menu

Background

မြန်မာ့သစ်သီးဝလံများ တရုတ်နိုင်ငံတောင်ပိုင်းသို့ ခြေဆန့်နိုင်မည့် အခွင့်အလမ်း

Thu, 06/20/2019 - 10:52 -- journal_editor

      ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ စီးပွားရေးသံမှူး ဒေါက်တာ ရွှေစင်ကိုထံသို့ မြန်မာနိုင်ငံမှ သစ်သီးဝလံများကို တရုတ်နိုင်ငံသို့ ဈေးနှုန်းမှန်ဖြင့် ချိတ်ဆက်တ င်ပို့နိုင်ရေးအတွက် စုံစမ်းမေးမြန်းမှုများ ရှိလာသည်။ ၎င်းစုံစမ်းမေးမြန်းမှု၏ အဓိကကျသည့်အချက်မှာ မိမိတို့မြန်မာနိုင်ငံ၏ နယ်စပ်ဒေသမှတစ်ဆင့် အများဆုံးတင်ပို့နေ သော သရက်သီး၊ သခွားမွှေး၊ ဖရဲသီးတို့မှာ တရုတ်နို င်ငံ၏ အကောက် ခွန်စာရင်းတွင် တရားဝင်ထည့်သွင်းပြီးဖြစ်သည့်အတွက် လက်ရှိတင်ပို့နေသည့် ယူနန်ပြည်နယ်ကို ကျော်လွန်၍ တရုတ်နိုင်ငံတောင် ပိုင်းရှိ ဈေးကွက်အတွင်းသို့ ဈေးနှုန်းမှန်ကန်စွာဖြင့် တင်ပို့ခွင့်အခွင့်အလမ်း များရရှိရေးဖြစ်သည်။
        တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် အဓိက လိုအပ်ချက်များမှာ တရုတ်ကုမ္ပဏီတစ်ရပ်သည် မြန်မာနိုင်ငံမှ သစ်သီး ဝလံများကို စတင်တင်သွင်းတော့မည်ဆိုလျှင် ၎င်းသစ်သီးဝလံသည် တရုတ်နိုင်ငံ၏ အကောက်ခွန်စာရင်းတွင် တရားဝင်ထည့်သွင်းထား ပြီးဖြစ်ရပါမည်။ တရုတ်ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှကုမ္ပဏီ/(စိုက်ပျိုး သူ)တင်ပို့သူတို့ကြား လက်မှတ်ရေးထိုးထားသည့်စာချုပ်၊ စိုက်ပျိုး သည့် ဥယျာဉ်ခြံ မြေမှ အမှန်တကယ် ထွက်ရှိသည့် လက်မှတ်၊ ပိုးသတ်ဆေး ပါဝင်မှုနှင့် ပိုးမွှားကင်းစင်ကြောင်းလက်မှတ်စသည့် လိုအပ်သည့် အထောက်အထားများကို တင်သွင်းမည့် တရုတ်ကုမ္ပဏီ၏ပြည်နယ်ရှိ အကောက်ခွန်ဌာန၊ ထိုမှတစ်ဆင့် ဘေဂျင်းရှိ အကောက် ခွန်ဌာနသို့ ခွင့်ပြုချက်တင်ကာ၊ ဘေဂျင်းမှ ခွင့်ပြုချက်ကို မိမိပြည်နယ် ရှိ အကောက်ခွန်ဌာနသို့ပေးပို့ပါက တင်သွင်းခွင့်ရရှိပြီဖြစ်သည်။ သစ်သီးဝလံ တင်သွင်းမှုပမာဏကို ကန့်သတ်ထားရှိခြင်းမရှိဘဲ  တစ်နှစ်လျှင် တစ်ကြိမ်သာ ခွင့်ပြုချက်ယူရပါမည်။ ခွင့်ပြုချက်လျှောက် ထားမှုကို အွန်လိုင်းမှ လျှောက်ထားရသည်ဖြစ်ရာ တစ်ရက်ခန့်သာ ကြာမြင့်ပါမည်။
         တရုတ်နိုင်ငံတွင် ရှန်းကျန့်ဖက်၌ အွန်လိုင်းမှ သစ်သီးဝလံ ရောင်းချသည့် အုပ်စုရှိပြီး အလီဘာဘာအပါအဝင် အွန်လိုင်းဖြင့် ရောင်းချသည့် နေရာများမှ လက်လီလက်ကားရောင်းချကြသည်။  သစ်သီးဝလံ၏ သဘော သဘာဝမှာ အလွယ်တကူ ပျက်စီးတတ်သဖြင့် တရုတ်ကုမ္ပဏီများသည် မိမိတို့ ဝယ်ယူထားသော သစ်သီးများကို အအေးခန်းတွင် ပစ္စည်းသိုလှောင်ကာ၊ ဝယ်ယူသူက မှာယူသည့်အခါ နာရီ ၂၀ အတွင်း အရောက်ပေးပို့နိုင်ရန် ပို့ဆောင်ရေးကုမ္ပဏီများဖြင့် ချိတ်ဆက်ထားကြသည်။ တရုတ်နိုင်ငံတွင် အဓိကအားဖြင့် ဟိုင်နန်နှင့် ကွမ်ကျိုး ပြည် နယ်များနေ ပြည်သူများမှာ ဝင်ငွေကောင်းကြပြီး သစ်သီးဝလံဝယ်လို အား အလွန်မြင့်သဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးထုတ်လုပ်သူများအနေ ဖြင့် ၎င်းဒေသများရှိ ဈေးကွက်များသို့ ဦးတည်၍ ရောင်းချသင့်ကြ သည်။ တရုတ်ကုမ္ပဏီဘက်က စုံစမ်းလာမှုအရ နန်နင်းမြို့ရှိ စီးပွား ရေးသံမှူးရုံး၏ ချိတ်ဆက်ပေးမှုဖြင့် မြန်မာ့သစ်သီးဝလံများ ကို တင်သွင်းရောင်းချခွင့်ရရှိပါက မိမိတို့ လုပ်ငန်းအနေဖြင့် ဂုဏ်သတင်းပုံရိပ် ပိုမိုတက်လာကာ ဈေးကွက်ထဲသို့ မိမိတို့ ပြန်လည်ဖြန့်ချိမည့် သစ်သီး ဝလံများကိုဝယ်ယူသူများ၏ ယုံကြည်မှုကိုလည်း ပိုမိုရရှိမည်ဖြစ်ရာ အတူတ ကွပူးပေါင်း ဆောင်ရွက်သွားရန် စိတ်အားထက်သန်လျက် ရှိသည်။ မြန်မာ့သစ်သီးဝလံများကို တရုတ်နိုင်ငံတွင် ရောင်းချ၍ မရ နိုင်ဖြစ်မည်ကို စိုးရိမ်ပူပန်မှုများမရှိသင့်ကြောင်း၊ မြန်မာစီးပွားရေး သံမှူးရုံးမှ မြှင့်တင်ရေးဆောင် ရွက်ပေးနေစဉ်တွင် မိမိတို့က တင် သွင်း ဖြန့်ချိရောင်းချရေး ဆောင်ရွက်ပေးသွားနိုင်ပါကြောင်း တရုတ် ကုမ္ပဏီက အလေးအနက် ပြောကြားခဲ့သည်။
           အကယ်၍ မြန်မာဘက်က ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် ညှိနှိုင်းသည့်အခါ သင်္ဘောဖြင့် တင်ပို့မည်ဟု ညှိနှိုင်း နိုင်ပါက အဓိက ဈေးကွက်ကြီးများရှိရာ ကွမ်ကျိုး၊ ချင်းကျိုးမြို့ များရှိ ဆိပ်ကမ်းများသို့ တိုက်ရိုက်တင်ပို့ သွားရန် စီစဉ်နိုင်ပြီး၊ ၎င်းင်းမြို့များမှ မြန်မာနိုင်ငံသို့ ကုန်စည်များကို ပြန်လည်တင်ပို့ပေးရန် စီစဉ်ပေးခြင်းဖြင့် သင်္ဘော ခရီး  နှစ်ကြောင်းလုံးတွင် ကုန်စည်အပြည့်တင်ဆောင်နိုင်ရန် ဆောင် ရွက်ပေးနိုင်မည်ဖြစ်သည်။ သစ်သီး ဝလံများ ဖြစ်သဖြင့် လမ်းခရီးတွင် မပုပ်သိုးအောင်မည်သို့ သယ်ဆောင်ရမည်ကိုမူ အဓိကထား တိုင်ပင် စီစဉ်သင့်သည်။ ယခုအခါ စီးပွားရေးသံမှူး (နန်နင်းမြို့)က မြန်မာနိုင်ငံဘက်က သစ်သီးဝလံထုတ်လုပ် တင်ပို့ရောင်းချနေ သူများ၊ အသင်းအဖွဲ့များနှင့် ချိတ်ဆက်သွားနိုင်ရေးအတွက် မြန်မာနိုင်ငံ ရှိ အထူးပြုအသင်းအဖွဲ့ များနှင့် ဆက်သွယ်ထားသည်။ ယခုရာသီမှာ သရက်သီးအများအပြား ထွက်ရှိပြီးဖြစ်၍ ယခုနှစ်အတွင်း ချိတ်ဆက်တင်ပို့သွားရန် အချိန် မမီခဲ့လျှင်လည်း လာမည့်နှစ်များအတွက် ကြိုတင်ချိတ်ဆက်၍ အစီ အမံများ ပြုလုပ်ထားနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ဖရဲသီးနှင့် သခွား မွှေး ထွက်ရှိမည့်ရာသီများအတွက် ချိတ်ဆက်တင်ပို့ရောင်းချနိုင်ရေး အတွက်လည်း ကြိုတင်ပြင်ဆင်ထားနိုင်ကြမည်ဖြစ်သည်။
        မြန်မာနိုင်ငံမှ သစ်သီးတင်ပို့ရေးနှင့် ပတ်သက်၍ စိုက်ပျိုးထုတ် လုပ်သူများ သတိထားရမည့် အချက်များမှာ ဈေးနှုန်းကို ဈေးကွက် အမှန်ပေါက်ဈေးဖြင့် ရောင်းဝယ်သွားရေး၊  စာချုပ်ချုပ်ဆိုမည့်ပမာဏ အတိုင်း ပြည့်မီေ အာင် တင်ပို့သွားနိုင်ရေး၊ စာချုပ်ချုပ်ဆိုမည့် သစ်သီး ၏ အရည်အသွေးပြည့်မီအောင် တင်ပို့သွားရေးတို့ ဖြစ်ကြသည်။ စီးပွားရေးသံမှူး (နန်နင်းမြို့)အနေဖြင့် မြန်မာနိုင်ငံမှ ပဲအမျိုး မျိုးနှင့် ပင်လယ်စာများ တရုတ်နိုင်ငံတော င်ပိုင်းဈေးကွက်တွင် ထိုး ဖောက်ဝင်ရောက်နိုင်ရေးအတွက်လည်း ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။ အကယ်၍ တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဈေးကွက်များအတွင်း သို့ သရက်သီး၊ ဖရဲသီး၊ သခွားမွှေး၊ ပဲအမျိုးမျိုး၊ ပင်လယ်စာတို့ကို တင်ပို့ရန် စိတ်ပါဝင်စားသူများသည် မိမိတို့တွင် အမှန်တကယ် ရောင်းချ နိုင်မည့်ပမာဏ မည်မျှရှိသည် (မည်သည့်လတွင် မည်မျှတင်ပို့နိုင် မည်)၊ အရည်အသွေးပိုင်းတွင် မည်မျှ အာမခံနိုင်သည်၊ မည်သို့ အချိန်မီ ချိတ်ဆက်မိမိ ပို့ဆောင်ပေးသွားနိုင်မည်၊ ငွေပေးငွေယူစနစ် ကို မည်သို့ပြုလုပ်မည်ဟူသည့် အချက်များကို စီးပွားရေးသံမှူး (နန်နင်း မြို့) အီးမေးလ် economicattachenanning@gmail.com သို့ ဆက် သွယ်ပေးပို့နိုင်ကြပါသည်။

 

ဒေါက်တာရွှေစင်ကို
စီးပွားရေးသံမှူး (နန်နင်းမြို့)