Main menu

Background

ပြည်ပဈေးကွက်များတွင် တရုတ်ကုမ္ပဏီများအတွက် အရည်အသွေးက အဓိကဖြစ်လာ

Wed, 07/03/2019 - 14:27 -- journal_editor

    ယခုအခါ တရုတ်ကုမ္ပဏီအများ အပြားမှာ ကမ္ဘာအနှံ့တွင် လုပ်ငန်းများ ပိုမိုတိုးချဲ့လာကြရာ "ဈေးပေါသည်"ဟူ သည့် စကားရပ်အစား 'အရည်အသွေး' ဟူသော စကားရပ်က အစားထိုးနေရာ ယူလာကြောင်း မကြာသေးမီက ထုတ် ပြန်ခဲ့သော ကမ္ဘာတစ်ဝန်းမှ လုပ်သား များဦးစားပေးထားသည့် လူမှုကွန်ရက် Linkedin ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ၎င်းအစီရင်ခံစာမှာ တရုတ်ကုမ္ပဏီများမှ ဈေးကွက်ရှာဖွေသည့်တာဝန်ရှိ ပုဂ္ဂိုလ် ၆၀၀ ကျော်နှင့် နိုင်ငံပေါင်း ၁၈ နိုင်ငံရှိ စီးပွားရေးလုပ်ငန်းအချင်းချင်း ပူးပေါင်း လုပ်ကိုင်ရန် ဆုံးဖြတ်ချက် ချမှတ်သူ ၂၀၀၀ ကျော်တို့ထံမှ စစ်တမ်း ကောက်ခံချက်အပေါ် အခြေခံထား ခြင်းဖြစ်သည်။
     စစ်တမ်းကောက်ယူခဲ့သော ဆုံး ဖြတ်ချက်ချမှတ်သူများ၏ ၈၁ ရာခိုင် နှုန်းက တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားမှုကို ပြသခဲ့ပြီး ၄၀ ရာခိုင်နှုန်းက တရုတ်ကုမ္ပဏီ များနှင့် အလုပ်အတူတကွ လုပ် ကိုင်ဖူးသည့် အတွေ့အကြုံ ရှိကြသည်။ သို့ရာတွင် ၅ ရာခိုင်နှုန်းကသာ တရုတ်ကုမ္ပဏီများနှင့် ရေရှည်မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်နေကြသည်။ Linkedin Greater China ၏ ဈေးကွက်အဖြေရှာသည့် အထွေထွေ မန်နေဂျာ VianneCai က "နိုင်ငံရပ်ခြား မှ ဆုံးဖြတ်ချက် ချမှတ်သူများသည် လွန်ခဲ့သော ငါးနှစ်အတွင်း တရုတ် အမှတ်တံဆိပ်များ၏ အရည်အသွေးကို စတင်အသိအမှတ်ပြုလာခဲ့ကြကြောင်း၊ သို့ရာတွင် တရုတ်ကုမ္ပဏီများမှာ ပြည်ပ ဈေး ကွက်တွင် ၎င်းတို့၏ ရောင်းချပြီး နောက်ပေးသည့် ဝန်ဆောင်မှုများကို တိုးတက်ဆောင်ရွက်ထားခြင်း မပြုရသေးဘဲ ဒေသခံဝန်ဆောင်မှုပေးသည့် အဖွဲ့များကိုလည်း တည်ထောင်ထားခြင်း မရှိသေးကြောင်း" မှတ်ချက်ပြုခဲ့ သည်။ ဆီလီကွန်တောင်ကြားတွင် အခြေ ပြုသည့် နည်းပညာလုပ်ငန်းဖြစ်သည့် Linkedin အနေဖြင့် ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ တရားဝင် ဝင်ရောက် လာကတည်းက  ၎င်း၏ဝန်ဆောင်မှုကို အသုံးပြုသည့် တရုတ်လူမျိုး များမှာ ၁၀ ဆတိုးကာ ၄၇ သန်းအထိ ရှိလာကြောင်း တွေ့ရှိထားသည်။

 

Source : Xinhua

ဒေါက်တာရွှေစင်ကို
စီးပွားရေးသံမှူး (နန်နင်းမြို့)