Main menu

Background

မြန်မာ့သစ်သီးဝလံနှင့် စားသောက်ကုန်များတင်ပို့ရေးအတွက် ကွမ်ရှီးအစိုးရနှင့် ဆွေးနွေးညှိနှိုင်းခဲ့

Thu, 07/25/2019 - 14:38 -- journal_editor

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်  အုပ်ချုပ်ခွင့်ရ ဒေသ၊ နန်နင်းမြို့မှ စီးပွားရေးသံမှူး ဒေါက်တာ ရွှေစင်ကိုသည် ဇူလိုင် ၁၂ ရက်တွင် နန်နင်းမြို့ စည်ပင်သာယာ ပြည်သူ့အစိုးရ၏ ဒုတိယအထွေထွေ အတွ င်းရေးမှူးချုပ် Mr. Luo Jingwen  ဦးဆောင်သောအစိုးရဌာနများမှ တာဝန် ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံမှ သစ်သီးဝလံများနှင့် စားသောက်ကုန်ထုတ်ပစ္စည်း များ တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်ရှီး ပြည်နယ်နှင့်အနီးတစ်ဝိုက်ရှိ ပြည်နယ်များ၏ ဈေးကွက်အတွင်း ထိုးဖောက် ဝင်ရောက်နိုင်ရေးအတွက် ချိတ်ဆက် ဆွေးနွေးခဲ့သည်။ အဓိကအားဖြင့်  မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ဖြတ်သန်းလျက် လတ်ဆတ်သစ်သီးဝလံများကို ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ တင်သွင်းရာတွင်  အကောက်ခွန်နှင့် အပင်ပိုးမွှားပါဝင်မှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်းသို့ စိုက်ပျိုးရေး အခြေ ခံ တန်ဖိုးမြှင့် စားသောက်ကုန်များအပါအဝင် စားသောက်ကုန်များ တင်ပို့ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့အတွက် လိုအပ်ချက်များကို အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။

     ယခုသွားရောက်ဆွေးနွေးခဲ့မှုတွင် မြန်မာ-ကွမ်ရှီး ကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်ရာ၌ ကွမ်ရှီးပြည်နယ်၏ အစိုးရဌာနပိုင်းမှလည်း ပံ့ပိုးကူညီပေးနိုင်မည့်ဆန္ဒနှင့် အခြေအနေရှိကြောင်း တွေ့ရှိခဲ့သည်။ အနာဂတ်တွင် မြန်မာ စီးပွားရေးသံမှူးရုံးသည် နန်နင်း မြို့အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီနှင့် နန်နင်းမြို့စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဗျူရိုတို့နှင့်ပူးပေါင်း၍ နှစ်နိုင်ငံကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်သွားမည် ဖြစ်သည်။

      ယခုနှစ် စက်တင်ဘာလအတွင်း ကျင်းပမည့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲမတိုင်မီ စီးပွားရေးသံမှူး (နန်နင်းမြို့)၌ မြန်မာ-တရုတ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကောင်းများအကြောင်း မိတ် ဆက် ဟောပြောပွဲကို ဇူလိုင် ၂၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ ဟောပြောပွဲတွင် မြန်မာနိုင်ငံနှင့် ချိတ်ဆက်ဆောင်ရွက်မှုပြုလုပ်ရန် စိတ်ပါဝင်စားသူ တရုတ်လုပ်ငန်းရှင်များ ဆက်သွယ်လာပါက မိမိဝန်ကြီးဌာနမှ တစ် ဆင့် သက်ဆိုင်ရာ အသင်းအဖွဲ့များသို့ ဆက်သွယ်ပေးခြင်း၊  (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ကျင်းပ ဉ်ကာလအတွင်း မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနိုင်စေရန် စီစဉ်ပေးခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် သဘော တူညီချက်များအတွက် ပံ့ပိုးကူညီပေးခြင်းတို့ဖြင့် မြန်မာ-တရုတ် (မြန်မာ-ကွမ်ရှီး) ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက်လည်းကောင်း၊ မြန်မာ့ထွက်ကုန်များ တရုတ်နိုင်ငံတောင်ပိုင်း ဈေးကွက်သို့ ထိုးေ ဖာက်ဝင်ရောက် နိုင်ရေးအတွက်လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရေးသားဖော်ပြအပ်ပါသည်။

 

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး (နန်နင်းမြို့)