Main menu

Background

တရုတ်နိုင်ငံသို့ အိန္ဒိယပို့ကုန်များ တိုးမြှင့်နိုင်မည့် အလားအလာရှိ

Thu, 07/25/2019 - 14:52 -- journal_editor

        တရုတ်နိုင်ငံသည်တန်ဖိုးအားဖြင့် ဒေါ်လာ ၂၀ ဒသမ ၄ ဘီလီယံခန့်ရှိ သည့် အမေရိကန်နိုင်ငံ၏ ပို့ကုန်အမျိုးအမည် စုစုပေါင်း ၇၇၄ ခုအပေါ် အခွန်တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ရာ ဤအခြေအနေတွင် အိန္ဒိယနိုင်ငံ အေ နဖြင့် ဈေးနှုန်းအရ အားသာချက်ကိုရယူ၍ အမေရိကန်ကုန်စည်များ၏ တရုတ်နိုင်ငံဈေးကွက်ဝေစုနေရာသို့ အစားထိုးဝင်ရောက်နိုင်ရေး လုပ်ဆောင်လာဖွယ်ရာရှိသည်။ လက်ရှိကာလ၌ အိန္ဒိယနိုင်ငံသည် အလားတူ ကုန်စည်များ ကို ကမ္ဘာတစ်ဝန်းသို့ တင်ပို့ လျက်ရှိရာ တန်ဖိုးအားဖြင့် ဒေါ်လာ ၃၂ ဒသမ ၈ ဘီလီယံခန့် ရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ခန့်ရှိသည်။

     ဌာနတွင်း သုတေသနပြု လေ့လာတင်ပြသည့် အစီရင်ခံစာတစ်စောင် အရ အိန္ဒိယကုန်စည်အမယ်ပေါင်း ၁၅၁ ခုသည် အမေရိကန်၏ တရုတ်နိုင်ငံ သို့ တင်ပို့နေသည့် ကုန်စည်များနေရာတွင် ဈေးကွက် ဝင် ရောက်နိုင်သည့် အလားအလာများရှိကြောင်း အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ဖော် ပြောဆို သည်။ တရုတ်နိုင်ငံသို့ တင်ပို့သည့် အမေရိကန်နိုင်ငံထုတ် ဓာတုပစ္စည်းများမှာ အခွန် ငါးရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း အထိ စည်းကြပ်မှုခံ နေရချိန်တွင် အိန္ဒိယ၏ အလားတူပို့ကုန်များမှာ နှစ်ရာခိုင်နှုန်း မှခုနစ်ရာ ခိုင် နှုန်းခန့်သာ အခွန်ပေးဆောင်ရမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၌ သွင်း ကုန်တန်ဖိုးဒေါ်လာ ၇၀ ဒသမ ၃၂ ဘီလီယံခန့်ရှိပြီး ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၆ ဒသမ ၇၅ ဘီလီယံခန့်သာရှိရာ ကုန်သွယ်မှု လိုငွေပြလျက်ရှိသည်။ အိန္ဒိယ၏ တရုတ်နိုင်ငံသို့ အဓိကပို့ကုန်များမှာ O-Xylene P-Xylene ကဲ့သို့ သော အောဂဲနစ် ဓာတုပစ္စည်းများ၊ တွင်းထွက်လောင်စာပစ္စည်းများ၊ သံနှင့် ကြေးနီကဲ့သို့သော ဓာတ်သတ္တများ၊ ဝါဂွမ်းနှင့် ပလတ်စတစ်ပစ္စည်းများ ဖြစ် ကြသည်။ သို့ဖြစ်ရာ အိန္ဒိယအစိုးရအနေဖြင့် ရရှိလာသည့် အခွင့်အရေးကို လက် လွတ်မခံဘဲ မိမိနိုင်ငံထွက် လက်ရှိဈေးကွက်ရရှိပြီး ကုန်စည်အမယ်များအပြင် အခြား သော စက်မှုထုတ်ကုန်များနှင့် ဆေးဝါးပစ္စည်းများကို တရုတ်နိုင်ငံသို့ တိုးမြှင့် တင်ပို့နိုင်ရေး မဟာဗျူဟာများ ချမှတ်ဆောင်ရွက်သွား ဖွယ် ရှိနေသည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့။